အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် အာရက္ခတပ်တော်အပြည့်အဝမထိန်းချုပ်နိုင်သေးတာမို့ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ မကြာခဏဖြစ်နေကြတယ်လို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။ အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေ နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတာဟာ အာရက္ခတပ်တော်က အာရက္ခ-ဘင်္ဂလာနယ်စပ်ကို အပြည့်အဝမထိန်းချုပ်နိုင်သေးတာကို သက်သေပြနေတာလို့ ရခိုင်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။ "မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်နယ်စပ်တဆုံးတောတောင်တွေမှာက...
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ ဧပြီလ ၆ ရက်နေ့၊ နေ့လည်က မြေမြုပ်မိုင်းနင်းမိလို့ အမျိုးသားတဦးဒဏ်ရာရသွားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေက ဆိုကြပါတယ်။ အဲဒီတောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာက အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ကိုဟိန်းမင်းစိုးမှာ ညာဖက်လက်ညိုးပြတ်ထွက်သွားသလို လည်ပင်းမှာလည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ သူဟာ ဒီနေ့၊နေ့လည်...
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေ ရေရှားပါးမှုကြုံနေကြရပြီ သောက်ရေတွေကအစအခက်အခဲရှိနေတာမို့ အရေပြားရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်သူတွေလည်းရှိနေတယ်လို့ ကူညီရေးအဖွဲ့တွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။ စစ်ကောင်စီထိန်းချုပ်ဆဲ စစ်တွေမြို့နယ်အပါအဝင် ဒေသစုံမှစစ်ဘေးရှောင်တွေခိုလှုံနေကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်တော်မြို့နယ်၊ရသေ့တောင်မြို့နယ်နဲ့မောင်တောမြို့နယ်မှာ ရေရှားပါးမှုနဲ့ ကြုံနေကြရတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ကတော့ ရေရှားမှုဒဏ်အဆိုးဆုံးခံရတဲ့ဒေသဖြစ်တယ်လို့ ဆိုကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်မှာ...
Read moreမာန်အောင်မြို့နယ်၊ နဂါးရွာအနီးမှာ ရွံ့မီးတောင်ပေါက်ကွဲခဲ့တယ်လို့ ဧပြီလ ၆ ရက်၊ ဒီနေ့ မာန်အောင်ဒေသခံတဦးက သူရဲ့လူမှုကွန်ရက်ပေါ်ဖော်ပြထားပါတယ်။ ဘယ်နေ့ကပေါက်ကွဲခဲ့တယ်ဆိုတာကို ရက်အတိအကျမဖော်ပြထားပေမယ့် မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနော က် ရွံ့မီးတောင်ပေါက်ကွဲတာလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား...
Read moreကလော၊ ဧပြီ ၆။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ရှမ်းပြည်၊ ကလောမြို့နယ်၊ ပိန္နဲပင် ပလောင်ရွာလည်း ပျက်စီးသွားခဲ့ပါတယ်။ အဲဲဒီရွာဟာ ပြီးခဲ့တဲ့မိုးရာသီတုန်းကလည်း ရေကြီးဒဏ်ကိုခံခဲ့ရသလို ခုလည်းငလျင်ဒဏ်ကို...
Read moreအာရက္ခတပ်တော်(AA) ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့ကစတင်ပြီးတဖက်သတ်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေပူးပေါင်းကာအာရက္ခတပ်တော်ကို တိုက်ခိုက်နေတယ်လို့ ဧပြီလ ၅ ရက်နေ့ထုတ်ပြန်ပါတယ်။ ကျောက်ဖြူမြို့နယ်ရှိ သပြုတောင်၊ပြားတဲ၊ပြင်ရှည်ကျေးရွာအနီးကို ဧပြီလ ၂ ရက်နေ့ လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ရဲ့သစ်ပုတ်တောင်ရေတပ်စခန်း၊...
Read moreပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီလ ၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော်(AA) က ဧပြီလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီညောင်ကျိုးဗျူဟာစခန်းကုန်းကို မတ်လ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၆ ရက်ကြာအောင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါတယ်။...
Read moreအာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမှာ ဧပြီလ ၅ ရက်၊ဒီနေ့ နေ့လည်က စစ်ကျန်ဗုံးပေါက်ကွဲလို့ အရပ် သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ မြောက်ဦးဒေသခံတွေက ဆိုကြပါတယ်။ အဲဒီမြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်က အသက်သုံးဆယ်သုံးနှစ်အရွယ်ဦးစိုးချေ၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ်ကိုထွန်းလင်းချေ ဒဏ်ရာရသွားတာလို့ ဒေသခံတွေကဆိုကြပါတယ်။ အဲဒီဗုံးသီးပေါက်ကွဲမှုကြောင့် သူတို့နှစ်ဦးမှာ ခန္ဓာကိုယ်အနှံ့...
Read moreဘန်ကောက်၊ ဧပြီ ၅ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာရှစ်သိန်းထဲက တစ်သိန်းရှစ်သောင်းကို မြန်မာကပြန်လည်လက်ခံရေးအတွက် အတည်ပြုထားပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအကြောင်းကြားထားပါတယ်။ အဲဒီစာရင်းဟာ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ကာလတွေမှာ မြန်မာနိုင်ငံကို အကြောင်းကြားစီစစ်စေခဲ့တာဖြစ်ပါတယ်။ နောက်ထပ်ခုနှစ်သောင်းအတွက် နောက်ဆုံးအတည်ပြုချက်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ...
Read moreမန္တလေး၊ ဧပြီ ၅။ ငလျင်ဒဏ်ကို ခံနေကြရတဲ့မန္တလေးမြိုမှာ ဧပြီလ ၅ ရက်၊ ဒီနေ့ မိုးရွာနေတာမိုပြည်သူတွေ နေရာစအခက်အခဲတွေဖြစ်နေကြပြီလို ဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့ကအင်အား ၇ ဒသမ ၇ အဆင့်ရှိ...
Read moreHey! Don't Copy my content.