Border News Agency
မကွေး၊မေ ၉။
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အမှတ် ၂ ၄ ကာကွယ်ရေးပစ္စည်းစက်ရုံမှ အင်အားနှစ်ရာကျော်ပါစစ်ကြောင်းဟာမေလ ၉ ရက်၊ ဒီနေ့ နေ့လည် ၁ နာရီအချိန်မှာ ရေဖြူရွာကိုရောက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့မနက် ၁၁ နာ ရီကျော်အချိန်က ထွက်လာခဲ့တာပါ။
အဲဒီရေဖြူရွာဟာ ပုံတောင်ခြေရင်းလ မ်းဆုံပေါ်မှာရှိပြီး ရွာအနောက်ဘက်ကို တက်သွားရင် ထီးလင်းမြို့နယ်၊ကျင်းရွာကိုရောက်သလို နောက်တဖက်ကသွားရင် ပေါက်မြို့ကို ရောက်နိုင်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ရေဖြူရွာမှ ဘယ် ကိုဆက်သွားမလဲဆိုတာသတိထားစောင့်ကြည့်ပြီး သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေ အသိပေးထားပါတယ်။
အဲဒီပေါက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းလှုပ်ရှားမှုတွေရှိနေတာမို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ကြိုတင်ပြင်ဆင်ထားဖို့လည်းသ တိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်မြို့နယ်နဲ့ဆောမြို့နယ်ကို စစ်အင်အားဖြည့်တင်းနေသလို စစ်ကြောင်းထွက်စစ်ရေးလှုပ်ရှာမှုတွေများနေတာမို့ တော်လှန် ရေးတပ်တွေကို အင်အားသုံးထိုးစစ်ဆင်တာတွေဖြစ်လာနိုင်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။






