Border News Agency
ဆိပ်ဖြူ၊ မေ ၉။
မကွေးတိုင်း၊ ပေါက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်စစ်သည်အင်အားထပ်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့အခြေစိုက်၊ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်မှတပ်ဖွဲ့ဝင်အင်အားငါးရာခန့်ကို ကျောက်ပန်းတောင်း-ညောင်ဦး-ဆိပ်ဖြူလမ်းအတိုင်းဖြည့်တင်းနေတာပါ။
အဲဒီအင်အားငါးရာခန့်ဟာ စစ်ကားကြီးတဆယ့်ငါးစီးနဲ့ မေလ ၈ ရက်မနက်ကစတင်ထွက်လာကြတာဖြစ်ပြီး ပေါက်မြို့ နယ်ကိုအင်အားဖြည့်တာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလ ၂၉ ရက်နေ့ကလည်း စစ်သည်အင်အားငါးရာခန့်ပါစစ်ကြော င်းဟာ ပေါက်မြို့နယ်ကို ရောက်ရှိအင်အားဖြည့်ထားပါတယ်။
အဲဒီစစ်သည်အင်အားတထောင်ခန့်ဟာ မကွေးတိုင်းရှိတော်လှန်ရေးတပ်တွေစိုးမိုးနယ်မြေတွေကို ထိုးစစ်ဆင်တိုက်ခို က်လာနိုင်သလို ချင်းလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ချင်းပြည်ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေခန့်မှန်းနေကြပါတယ်။
အဲဒီစစ်အင်အားဖြည့်တင်းနေတဲ့နေရာတွေအပါအဝင် ယောဒေသနဲ့ချင်းပြည်နေရာတချို့ကို အာဏာသိမ်းစစ်လေ ကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပါတယ်။
အဲဒီနေရာတွေကို အာဏာသိမ်းစစ်တပ်စိုးမိုးထိန်းချုပ်နိုင်သွားရင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ဖို့ကြိုးစားလာနိုင်တယ်လို့ ဆိုကြပါတယ်။






