Border News Agency
မောင်တော၊ မေ ၉။
အာရက္ခတပ်တော်ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဆယ့်လေးဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီပြန်လွှဲပေးလိုက်ပါတယ်။
အဲဒီထဲကဆယ်ဦးဟာ ငါးဖမ်းနေစဉ်မှာ စက်လှေစက်ပျက်သွားခဲ့လို့ အာရက္ခရေပိုင်နက်ကို မျောလာသူတွေ ဖြစ်ပါတယ်။
အဲဒီကျန်လေးဦးဟာအာရက္ခပြည်ကို ကုန်ပစ္စည်းလာပို့စဉ်မှာ အာဏာသိမ်းစစ်တပ်ဖမ်းတာခံရပြီး ပြန်လွတ်လာသူတွေဖြစ်ပါတယ်။
အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဆယ့်လေးဦးကို မေလ ၃ ရက်နေ့က နတ်မြစ်နှစ်နိုင်ငံနယ်ခြားမျဉ်မှာ အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကို စနစ်တကျ လွှဲခဲ့တာဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆက်ဆံရေးအတွက် အာရက္ခတပ်တော်လွှဲပေးခဲ့တာပါ။










