သတင်း

ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းတွေမှာ လူသားဒိုင်းအဖြစ်အသုံးချနေ

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ ​စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မစုဆောင်းခံထားရတဲ့ ပြည်သူ့စစ်လူငယ်တွေကို ရှေ့တန်းစစ်မျက်နှာမှာ လူသားဒိုင်းအဖြစ်အသုံးချသွားမယ်လို့ စစ်ကော်မရှင်တပ်အရာရှိတွေက တပ်တွင်းမှာပွင့်လင်းစွာ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ ​အာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ စစ်ကော်မရှင်တပ်အရာရှိတွေဟာ "မင်းတို့ပစနှစ်ဆယ့်ခြောက်ယောက်သေရင်တောင်ငါတို့ဘက်က တပ်သားတစ်ယောက်နဲ့မလဲနိုင်ဘူး၊ မင်းတို့ ပစတွေက နောက်ထပ်အပတ်စဉ်တွေ အများကြီးရှိသေးတယ်၊ ကြိုက်သလောက်သေ။" ဆိုပြီး တပ်တွင်းမှာခွဲခြားဆက်ဆံ ပြောဆိုနေတာ ဖြစ်ပါတယ်။ အဲဒီအပြင် တိုက်ပွဲတွေမှာစစ်မှုထမ်းလူငယ်တွေကိုသာ ရှေ့ဆုံးကတက်ခိုင်းမှာဖြစ်ကြောင်းနဲ့ အလုပ်ကြမ်းတွေကိုလည်း  စစ်ကော်မရှင်တပ်သားဟောင်းတွေကမလုပ်ဘဲ ပြည်သူ့စစ်လူငယ်တွေကိုသာ ဖိအားပေးခိုင်းစေနေတယ်လို့ ဆိုပါတယ်။ ​နောက်ပြီး သင်တန်းကာလအတွင်းမှာလည်း ထွက်ပြေးဖို့ကြိုးပမ်းသူတွေကို မတ်တပ်မရပ်နိုင်အောင် ရိုက်နှက်တာ၊ လက်ထိပ်ခတ်ပြီး သစ်ပင်မှာတနေကုန်ချည်နှောင်ထားတာမျိုးတွေ ပြုလုပ်ပြီး "ပြေးရဲရင် ပြေးကြည့်၊ ဒီထက်ပိုပြီး လုပ်ပြမယ်" လို့ တခြားလူငယ်တွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ​အဲဒီအပြင် ရခိုင်လူမျိုးစစ်မှုထမ်းလူငယ်တွေကိုလည်း "မင်းတို့ရခိုင်တွေဆို ရှေ့တန်းမှာစီနီယာတွေရှိတယ်၊ တိုက်မှာလား" ဆိုပြီးအတင်းအဓမ္မမေးမြန်းကာ တိုက်ပွဲဝင်ဖို့ဝါဒဖြန့်ဖိအားပေးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ​အဲဒီလို အရာရှိတွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူသားဒိုင်းအဖြစ်အသုံးချခံရမယ့် အခြေအနေတွေကြောင့် စစ်မှုထမ်းလူငယ်တွေဟာ ရှေ့တန်းမရောက်ခင်ကတည်းက စိတ်ဓာတ်ကျဆင်းနေကြပြီး အခွင့်အရေးရရင်ထွက်ပြေးဖို့အတွက်သာ အချင်းချင်းတီးတိုးဆွေးနွေးနေကြတယ်လို့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။

Read more

​စစ်ကော်မရှင်တပ်ရင်းတွေမှာ WY စိတ်ကြွဆေးပြားတွေကိုအရာရှိတွေကိုယ်တိုင် ဖြန့်ဖြူးရောင်းချနေ

​Border News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၅။ ​စစ်ကော်မရှင်တပ်ရင်းတွေအတွင်းမှာ WY စိတ်ကြွရူးသွပ်ဆေးပြားတွေကို အရာရှိတွေကိုယ်တိုင် စစ်မှုထမ်းလူငယ်တွေကို ပြန်လည်ဖြန့်ဖြူးရောင်းချနေတယ်လို့ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်က ဆိုပါတယ်။ ​အဲဒီစစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၇၄ မိခင်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်ရောက်စဉ်အတွင်း တပ်ရင်းရှိအရာရှိကြီးတွေကိုယ်တိုင် မူးယစ်ဆေးဝါးသုံးစွဲနေကြသလို သင်တန်းသားတွေကိုလည်း ပြန်လည်ရောင်းချနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ​"ကျွန်တော်တို့ သင်တန်းသားတွေက အပြင်ထွက်လို့မရဘူး။ ဒီဆေးတွေက ဘယ်ကလာလဲဆိုတာစဉ်းစားစရာပဲ။ ညနေပိုင်းဆို အိမ်သာတွေမှာမူးယစ်ဆေးနံ့တွေ မတရားနံနေတယ်။" လို့ တပ်သားနိုင်ခန့်ကျော်က တပ်တွင်းအခြေအနေကို ပြောပြပါတယ်။ ​အဲဒီအပြင် မြေလတ်ဒရုန်းတပ်ဖွဲ့သို့ ရောက်ရှိချိန်မှာလည်း တပ်တွင်းရှိဗိုလ်ကြီးတွေက စစ်မှုထမ်း​ပြည်သူ့စစ်လူငယ်တွေကို WY ဆေးပြားတွေအတင်းအဓမ္မရောင်းချခဲ့ပြီး "ဒီဆေးကရှေ့တန်းစစ်မျက်နှာမှာ ကောင်းတယ်။ မဖြစ်မနေဆောင်ထားရမယ်ဆိုပြီး" တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ​အဲဒီ မူးယစ်ဆေးဝါးတွေကို ပဒါန်းမြို့ကနေတပ်ကြပ်ကြီးတဦးက ဆိုင်ကယ်နဲ့လာရောက်ပို့ဆောင်ပေးတာဖြစ်ပြီး  မြေလတ်ရှိဗိုလ်ကြီးတွေကတစ်ဆင့် တပ်မ ၁၀၁ က အရာရှိတွေကိုပါ ပြန်ပြီးရောင်းချနေတာလို့ ဆိုပါတယ်။ အဲဒီတပ်ရင်းတွေအတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေဟာ အလွန်အမင်းကျယ်ပြန့်နေတာကြောင့် စစ်တပ်နဲ့မတူဘဲ မူးယစ်ဆေးဝါးအရောင်းအဝယ်စင်တာတခုလိုဖြစ်နေသလို ဆေးသုံးစွဲမှုလွန်ကဲပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်သတ်သွားတဲ့ တပ်ကြပ်တဦးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Read more

ရန်ကုန်သွားတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကငွေယူပြီးရောင်းစား

​Border News Agency အမ်း၊ ဖေဖော်ဝါရီ ၅။ အာရက္ခဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲနေချိန်မှာ ရန်ကုန်သို့ဆေးကုသဖို့နဲ့ ကျောင်းတက်ဖို့သွားရောက်ကြတဲ့ ရခိုင်လူငယ်ဆယ့်သုံးဦးကို ပွဲစားကစစ်ကော်မရှင်တပ်နဲ့ပူးပေါင်းပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပါတယ်။ အဲဒီအာရက္ခတပ်တော် (AA) ဆီ အလင်းဝင်လာတဲ့ စကခ ၁၇၊ ခမရ ၅၇၄ မှ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ရခိုင်မှရန်ကုန်သို့ခိုးထွက်ခဲ့ကြတဲ့ အမျိုးသားကိုးဦးနဲ့ အမျိုးသမီးလေးဦး၊ စုစုပေါင်းလူငယ်ဆယ့်သုံးဦးဟာ ပွဲစားရဲ့လိမ်လည်မှုကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီလူငယ်တဦးကို ငွေကျပ်ဆယ့်ခုနှစ်သိန်းစီပေးခဲ့ရပြီး ပွဲစားဖြစ်သူကလမ်းခရီးမှာ ဘာမှမဖြစ်စေရဘူးလို့အာမခံခဲ့သလို ရန်ကုန်သွားမယ့်ဂိတ်တွေမှာပြသဖို့အတွက်ဆိုကာ လူငယ်တွေရဲ့ဓာတ်ပုံတွေကို တဦးချင်းစီရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။ ​ဒါပေမယ့် အဲဒီလူငယ်တွေဟာ မင်္ဂလာဦးရွာကနေ ဆီရွာကိုရောက်ရှိချိန်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာကို ခံခဲ့ရပြီး ကန်ဘားမြို့ရှိစစ်ကော်မရှင်ရဲ့ စုဆောင်းရေးစခန်းသို့ အတင်းအဓမ္မအပို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ​အဲဒီဖမ်းဆီးခံရသူတွေထဲက အမျိုးသားငါးဦးကို စစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်ဆိုပြီး သီးသန့်ဖယ်ထုတ်ကာ စုဆောင်းရေးစခန်းမှာ တလကြာပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစခန်းမှာ လူငယ်တွေရဲ့ဖုန်းတွေနဲ့ ငွေကြေးတွေကိုပါသိမ်းဆည်းခဲ့ပြီး ထွက်ပြေးရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်ကာ  လေဝင်ပေါက်တောင်မရှိတဲ့ အချုပ်ခန်းပုံစံအခန်းတွေမှာ ထားထားခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီအထူးသဖြင့် တပ်သားနိုင်ခန့်ကျော်ဟာ ကျောက်ကပ်ဝေဒနာရှင်ဖြစ်ပြီး ဆေးစစ်မှုမအောင်ပေမယ့် စစ်ကော်မရှင် အရာရှိတွေက ဆရာဝန်တွေကိုလာဘ်ပေးကာ ဆေးအောင်ကြောင်း လက်မှတ်အတုပြုလုပ်ပြီး စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ လက်ရှိမှာရှေ့တန်းစစ်မျက်နှာသို့ အပို့ခံရစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အာရက္ခတပ်တော်ဆီသို့ အလံဖြူထောင်အလင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Read more

ထိုင်းမှာပစ္စည်းအတုပေါင်းနှစ်သိန်းကျော်နဲ့ မြန်မာအမျိုးသမီးတဦး ဖမ်းဆီးခံရ

​ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ်ရှိဂိုဒေါင်တခုမှာ ပစွည်းအတုပေါင်းနှစ်သိန်းကျော်နဲ့မြန်မာအမျိုးသမီးတဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေကဖေဖော်ဝါရီလ ၄ ရက်၊မနေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီအမျိုးသမီးဆီက ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေးအပါအဝင်အလှကုန်ပစ္စည်းအတုပေါင်းနှစ်သိန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒါကြောင့် စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က အရာရှိတွေဟာ ရှာဖွေဝရမ်းနဲ့အတူဘန်ကော့ (Ban Koh) ကျေးရွာရှိ ဂိုဒေါင်တခုနဲ့ နဒီ (Na Di) ရပ်ကွက်ရှိ လူနေအိမ်တလုံးကို မနေ့​ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။ ​အဲဒီစီးနင်းမှုအတွင်း "ဆန့်" (Sank) အမည်ရှိ မြန်မာအမျိုးသမီးတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သူမဟာ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေကို အတုပြုလုပ်ကာ အွန်လိုင်းကနေတဆင့် ပြန်လည်ရောင်းချနေတာဖြစ်ပါတယ်။ ​အဲဒီပစ္စည်းအတုတွေကို အွန်လိုင်းပလပ်ဖောင်းတွေမှာ ပုံမှန်ပေါက်ဈေးထက် အလွန်အမင်းလျှော့ဈေး (Aggressive discount) တွေနဲ့ စားသုံးသူတွေကို ဆွဲဆောင်ရောင်းချခဲ့တာလို့ ဆိုပါတယ်။ ​သက်ဆိုင်ရာအာဏာပိုင်တွေကတော့ ဒီလိုပစ္စည်းအတုတွေကို အသုံးပြုမိရင် ပြင်းထန်တဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။ ​အဲဒိဖမ်းဆီးခံရသူ မြန်မာအမျိုးသမီးရဲ့ ဝန်ခံချက်အရ သူမဟာ စီမံခန့်ခွဲသူအဖြစ် တာဝန်ယူပြီး သူမရဲ့ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသားနဲ့အတူ ဒီလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ ​အဲဒီအမျိုးသမီးကို ECD ဌာနခွဲ ၁ ဆီ လွှဲပြောင်းပေးထားပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့သူမရဲ့ခင်ပွန်းတရုတ်နိုင်ငံသားကို ဖမ်းဆီးရမိဖို့အတွက် ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

Read more

​အိန္ဒိယမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားနှစ်ဆယ့်ခုနှစ်ဦးကို နေရပ်ပြန်ပို့

​အိန္ဒိယနိုင်ငံမှာအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက်ပြန်လည်လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား နှစ်ဆယ့်ခုနှစ်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ​အဲဒီပြန်ပို့ပေးလိုက်တဲ့သူတွေဟာ မဏိပူရ်ပြည်နယ်ရှိနိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသားနှစ်ဆယ့်လေးဦးနဲ့ အမျိုးသမီးသုံးဦး၊စုစုပေါင်းနှစ်ဆယ့်ခုနှစ်ဦး ပါဝင်ပါတယ်။ ​သူတို့ကို အိန္ဒိယအစိုးရရဲ့ အစီအစဉ်နဲ့ မဏိပူရ်ပြည်နယ်၊ အင်ဖာမြို့ကနေတဆင့် နယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေမှတဆင့် တမူးမြို့က အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ဂိတ်မှာ မြန်မာဘက်က တာဝန်ရှိသူတွေဆီလွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ​ဒီလို နေရပ်ပြန်နိုင်ဖို့အတွက် မြန်မာသံရုံးကနေ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနဲ့ မဏိပူရ်ပြည်နယ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အားလုံးကို နေရပ်အသီးသီးဆီ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီလို့ဆိုပါတယ်။

Read more

သမ္မတဟောင်းမာဒူရိုကို ပြန်လွှတ်ပေးဖို့ ဗင်နီဇွဲလားပြည်သူထောင်ချီလမ်းပေါ်ထွက်ဆန္ဒပြ

​အမေရိကန်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ဗင်နီဇွဲလား သမ္မတဟောင်း နီကိုးလပ်စ် မာဒူရို (Nicolás Maduro) နဲ့ ဇနီးဖြစ်သူတို့ကိုခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို မြို့တော် ကာရာကတ်စ် (Caracas) မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ ပြုလုပ်နေတယ်လို့ ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာန (MINCI) က ထုတ်ပြန်ပါတယ်။ အဲဒီဆန္ဒပြပွဲကို မြို့တော်ရှိအဓိကလမ်းမကြီးတွေနဲ့သမ္မတနန်းတော်အနီးမှာ "နီကိုးလပ်စ်ကို လွတ်မြောက်စေရမည်" (Free Nicolas) ဆိုတဲ့ကမ်ပိန်းနဲ့အတူ ပြည်သူထောင်ပေါင်းများစွာက စုဝေးဖော်ထုတ်ခဲ့ကြတာလို့ သိရပါတယ်။ ​အမေရိကန်အထူးတပ်ဖွဲ့တွေရဲ့ လျှို့ဝှက်စစ်ဆင်ရေးကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကသမ္မတဟောင်း မာဒူရိုနဲ့ ဇနီးဖြစ်သူဆီလီယာ ဖလောရက်စ် (Cilia Flores) တို့ဟာ ဗင်နီဇွဲလားနိုင်ငံပြင်ပသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ​သူတို့ဇနီးမောင်နှံကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ဖက်ဒရယ်တရားရုံးမှာ မူးယစ်ဆေးဝါးမှောင်ခိုမှု(Narco-terrorism)၊ ငွေကြေးခဝါချမှုနဲ့ လက်နက်မှောင်ခိုမှုပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ ​အဲဒီဆန္ဒပြပွဲမှာ မာဒူရိုရဲ့ "ချာဗစ္စတာ" (Chavista) လှုပ်ရှားမှုအဖွဲ့ဝင်တွေ၊အစိုးရဝန်ထမ်းတွေနဲ့ ထောက်ခံသူတွေက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ကာ မာဒူရိုရဲ့ ပုံတူကားချပ်တွေကို ကိုင်ဆောင်ပြီး "ဗင်နီဇွဲလားက နီကိုးလပ်စ်ကို လိုအပ်တယ်" လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အမေရိကန်ရဲ့ ဒီလုပ်ရပ်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက စွပ်စွဲပြောဆိုထားပါတယ်။ ​မာဒူရိုကို ဖမ်းဆီးထားတာကြောင့် လက်တင်အမေရိကအတွင်းရှိ မဟာမိတ်နိုင်ငံတွေကြား တင်းမာမှုတွေမြင့်တက်နေပြီး အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း တကျော့ပြန် အားကောင်းလာနေတယ်လို့ သိရပါတယ်။ 

Read more

အဓမ္မစစ်မှုထမ်းခိုင်းမှုကြောင့် လူငယ်တွေအလုံးအရင်းထွက်ခွာနေရတယ်လို့ ဦးကျော်မိုးထွန်းပြော

​မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာ၊ လုပ်ခလစာမတိုးတာနဲ့အထူးသဖြင့် လူငယ်တွေကို ပစ်မှတ်ထားတဲ့အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းမှုတွေကြောင့် လူငယ်တွေ ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွာနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုပါတယ်။ ​အဲဒါဟာမြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲမှုလျှော့ချရေး အလားအလာတွေကို စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂ (UNDP) အစည်းအဝေးမှာထောက်ပြခဲ့တာပါ။ ​အဲဲဒါကြောင့် လက်ရှိမြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုသတ်မှတ်ချက်အောက်ရောက်နေပြီး လူလတ်တန်းစားတွေလည်းပျောက်ကွယ်လုနီးပါး ဖြစ်နေသလို မြို့ပြဆင်းရဲမှုဟာလည်း သိသိသာသာ မြင့်တက်လာတယ်လို့ဆိုပါတယ်။ ​အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့ တရားစီရင်ရေးစနစ်ကိုလည်း ဖြိုချဖျက်ဆီးထားတယ်လို့ ဆိုပါတယ်။ အဲဒီအပြင်တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မလုံခြုံမှုတွေက ပြည်သူတွေအကြား စိုးရိမ်ကြောက်ရွံ့မှုတွေကို ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့ဆိုပါတယ်။ ​မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်အာဏာသိမ်းငါးနှစ်တာအတွင်းမှာ သူတို့ရဲ့အနာဂတ်နဲ့ နှစ်ပေါင်းများစွာကို အကျိုးမဲ့ ဆုံးရှုံးခဲ့ရပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

Read more

​ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဟာ အာဏာရှင်စနစ်ကိုသက်ဆိုးရှည်စေဖို့အတွက်သာဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြဋ္ဌာန်းလိုက်တဲ့ "ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ" ဟာ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမှာဖြစ်ပြီး အချုပ်အခြာအာဏာကို စစ်အုပ်စုထံ အပြီးတိုင်အပ်နှင်းလိုက်တဲ့ အစီအမံသာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) ကဖေဖော်ဝါရီလ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ ​အဲဒီဥပဒေကို စစ်ခေါင်းဆောင်က ဥပဒေပြုလွှတ်တော်မစတင်မီဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ကိုယ်တိုင်လက်မှတ်ထိုး ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဒါဟာတိုင်းရင်းသားအားလုံးရဲ့ အချုပ်အခြာအာဏာကို စစ်အုပ်ချုပ်ရေးအောက်ရောက်သွားစေကာ ဖက်ဒရယ်ဒီမိုကရေစီ ရှင်သန်မှုကို ဟန့်တားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ​စစ်ခေါင်းဆောင် ပြဋ္ဌာန်းလိုက်တဲ့ဥပဒေအရ အတိုင်ပင်ခံကောင်စီဟာနိုင်ငံတော်ရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ငြိမ်းချမ်းရေးနဲ့ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတာနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ​မြန်မာနိုင်ငံရှေ့နေများကောင်စီကတော့ အဲဒီလို "ညှိနှိုင်းဆောင်ရွက်ခြင်း" ဆိုတဲ့ စကားရပ်ဟာနိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေမှာ အတိုင်းအဆမရှိ ဝင်ရောက်စွက်ဖက်တာဖြစ်သလို စစ်အုပ်စုအာဏာရှင်စနစ်ကြီးစိုးရေးအတွက်သာ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ ​အဲဒီအပြင် အနာဂတ်ရွေးကောက်ပွဲတွေကနေ ပေါ်ပေါက်လာမယ့် လွှတ်တော်၊ အစိုးရနဲ့ တရားစီရင်ရေး အဖွဲ့အစည်းအားလုံးအပေါ် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီက ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးချုပ်ကိုင်ခွင့် ရယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေအရ လာမယ့်အစိုးရသစ်မှာ တက်လာမယ့် သမ္မတဟာအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌကို တာဝန်ပေးခန့်အပ်ရမှာဖြစ်ပြီး အဲဒီဥက္ကဋ္ဌကနိုင်ငံတော်ရဲ့ အရေးကြီးကိစ္စတွေကို စီမံခန့်ခွဲရာမှာ အဓိကပါဝင်ပတ်သက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်ရာထူးကို မစွန့်လွှတ်ဘဲ နိုင်ငံတော်အာဏာကို ဘက်ပေါင်းစုံကနေ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။

Read more

​မြိုင်မြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရ

​မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းရှိ မြောက်ဆည်ကျေးရွာကို ဖေဖော်ဝါရီလ ၄ ရက်၊ညနေ ၅ နာရီ ၄၆ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးဒဏ်ရာရသွားတယ်လို့အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။  အဲဒီ မြောက်ဆည်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့သလို စက်လက်နက်တွေနဲ့လည်းနှစ်ကြိမ်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတဦးဒဏ်ရာရသွားခဲ့သလို  တောင်သူတွေမွေးမြူထားတဲ့ ဆိတ်နဲ့ နွားတွေလည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ ​မြိုင်မြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးနိုင်တာမရှိတာမို့ မြောက်ပိုင်း၊အနောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုအဓိကအားထား လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ​အဲဒီမြိုင်မြို့နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်းကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလ ၃ ရက်နေ့ကတည်းကနေ ဒီနေ့ထိမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရင်ကတိုက်ခိုက်ခံခဲ့ရတဲ့ နေရာဟောင်းတွေကိုပါထပ်ပြီးပစ်မှတ်ထားနေတာကြောင့် မြိုင်မြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကိုအထူးသတိထားကြဖို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ကအသိပေးထားပါတယ်။

Read more

ARSA ထိပ်တန်းတပ်မှူး ဇာဟိဒ်ဟူဆိန်းကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကဖမ်းဆီး

​ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင် ကုတုပါလောင်ဒုက္ခသည်စခန်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်၊မနေ့​ကဖမ်းဆီးလိုက်ပါတယ်။ အဲဒီ​အသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးဇာဟိဒ်ဟူဆိန်းလာလူကို ဒုက္ခသည်စခန်းအမှတ် ၁ မှာ ဝင်ရောက်စီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ့်သတင်းဌာနတွေမှာဖော်ပြပါတယ်။ သူ့ကို ဖမ်းဆီးစဉ်အတွင်း နိုင်ငံခြားဖြစ် ပစ္စတိုတစ်လက်နဲ့ကျည်ဆန်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ARSA ထိပ်သီးခေါင်းဆောင် အဘူအမ္မာဂျူနူနီရဲ့ အနီးကပ်လူယုံတော်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာရက္ခဒေသတွင်းမှာအကြမ်းဖက်မှုတွေ ကျူးလွန်ရာမှာ အဓိကတာဝန်ရှိသူတဦး ဖြစ်ပါတယ်။ ​အဲဒီအကြမ်းဖက်သမားဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်အတွင်းက မူဆလင်ခေါင်းဆောင် မာစတာမူဟီဘူလာကို သတ်ဖြတ်မှု၊ကျောင်းဆရာနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တဲ့ မက်ဒရဆာကျောင်းအကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူလို့ ဆိုပါတယ်။ အဲဒီ ARSA တပ်မှူးကို အုခီယာရဲစခန်းဆီ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Read more
Page 75 of 283 1 74 75 76 283

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here