အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံRoscosmos ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ဂြိုဟ်တုလွှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ရုရှား Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ အဲဒီ ဆွေးနွေးမှုအတွင်း အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။ အဲဒီအပြင် ရန်ကုန်မှာရှိတဲ့ အာကာသပြတိုက်ကို အဆင့်မြှင့်တင်ဖို့နဲ့ လူငယ်တွေ အာကာသနည်းပညာ ဗဟုသုတ ရရှိစေဖို့အတွက် ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ အာကာသနည်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်မယ့် ကိစ္စရပ်တွေကိုလည်း နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
Read moreထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်ရှိ ဟတ်ယောင်းကမ်းခြေမှာ ပြုလုပ်နေတဲ့ ကော်ဘရာဂိုး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်း၊အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကို အပီအပြင် လေ့ကျင့်ခဲ့ကြတာပါ။ စစ်ဆင်ရေးအတွင်း စစ်သင်္ဘောတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ရန်သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်ပြီး ကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့ ပုံစံမျိုးကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းစစ်ဆင်ရေး အစီအစဉ်တွေ ရေးဆွဲတာ၊ ကုန်းတွင်းပိုင်းကို စနစ်တကျ ချဉ်းကပ်တာနဲ့ ဆက်သွယ်ရေး စနစ်တွေကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။ အဲဒီကမ်းတက်စစ်ဆင်ရေးဟာ မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရအပြန်အလှန် ယုံကြည်မှုနဲ့ အရေးပေါ်အခြေအနေတွေမှာ အတူတကွ တုံ့ပြန်နိုင်စွမ်းကို ပြသဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကော်ဘရာဂိုးဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။
Read moreမြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ရှမ်းပြည်ကထိခိုက်မှုအများဆုံး ဒေသဖြစ်တယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး ဒီပမာဏဟာ တကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေတာပါ။ အဲဒီ ထိခိုက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပြီး အများစုဟာ ခရီးသွားလာရင်း၊တောတောင်ထဲ အလုပ်လုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း မိုင်းဒဏ်ကို ခံကြရတာ ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ ထိခိုက်နစ်နာသူ အများစုဟာ အမျိုးသားတွေဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ ပိုပြီး ပါဝင်လာတာကို တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံကမြို့နယ်ပေါင်း ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး ရှမ်းပြည်ဟာ ထိခိုက်မှု စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty) မှာ အခုထိပါဝင်လက်မှတ်ရေးထိုးထားတာမရှိသေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ အာဆီယံမှာ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ကော်ဘရာဂိုး ၂၀၂၆" ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာလည်း အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီနေ့မှာတော့ ထိုင်း၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူတပ်ဖွဲ့တွေစုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်မှုတွေကို လက်တွေ့ကျကျ ဖော်ဆောင်ခဲ့ကြပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်းမှာ စစ်သင်္ဘောကြီးတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ပြီး ရန်သူ့ဘက်ကခုခံမှုကို အပြတ်အသတ်ဖြိုခွင်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ကမ်းခြေဒေသတွေကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာတွေကိုအသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ USS ASHLAND သင်္ဘောကြီးအပါအဝင် နိုင်ငံစုံကခေတ်မီစစ်လက်နက်ပစ္စည်းတွေ အစုံအလင်နဲ့အင်အားပြင်းပြင်းထန်ထန် လေ့ကျင့်နေတာကို တွေ့ရပါတယ်။
Read moreBorder News Agency မန္တလေး၊ ဖေဖော်ဝါရီ ၂၆။ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး အထူးလှုပ်ရှားတပ်မ ရဲ့ ၅ နှစ်ပြည့် တပ်မွေးနေ့ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ တပ်မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးခရီးကြမ်းမှာ ကျဆုံးသွားခဲ့ကြတဲ့ စစ်သည်ရဲဘော်အပေါင်းကိုရည်စူးပြီး ဆွမ်းကပ်အမျှဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်ပြည်သူတွေထံသွားရောက်ပြီး စားနပ်ရိက္ခာတွေဝေမျှထောက်ပံ့တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ခဲ့ကြတာပါ။ အခမ်းအနားမှာတော့ တပ်ရင်းနဲ့ဌာနအလိုက် ရဲဘော်တွေစုပေါင်းတန်းစီအလေးပြုကြပြီး တပ်မွေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ပျော်ရွှင်စရာ အစီအစဉ်တွေအနေနဲ့ အမှတ်တရမွေးနေ့ကိတ်ခွဲတာ၊ ရဲဘော်တွေကြားစည်းလုံးမှုကိုဖော်ဆောင်တဲ့ အားကစားပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ အခုလို ၅ နှစ်ပြည့် တပ်မွေးနေ့အခမ်းအနားဟာ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးသလို တော်လှန်ရေးအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
Read moreBorder News Agency နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha တို့ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးကိစ္စတွေအပြင် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ လေတပ်အချင်းချင်း အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်တွေ သွားရောက်ဖို့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဆွေးနွေးမှုအတွင်း စစ်ခေါင်းဆောင်ဘက်က သူတို့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအခြေအနေတွေနဲ့ မကြာခင်မှာ လွှတ်တော်ကျင်းပသွားမယ့် အစီအစဉ်တွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ လေ့ကျင့်ရေးလုပ်ငန်းတွေကို ဆက်လက်တိုးမြှင့်သွားဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေဖို့အတွက်လည်း ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲကို စစ်ခေါင်းဆောင်ဘက်က ရဲဝင်းဦး၊ ထွန်းအောင်တို့နဲ့အတူ ထိုင်းစစ်သံမှူးတို့လည်း တက်ရောက်ခဲ့ကြတာပါ။
Read moreBorder News Agency ထိုင်း၊ ဖေဖော်ဝါရီ ၂၆။ Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်း၊ ဂျပန်နဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်မက်ဖြစ်ပွားရာ နယ်မြေတွေထဲကနေ အရပ်သားတွေကို ဘေးကင်းအောင် စနစ်တကျ ကယ်ထုတ်နိုင်ဖို့ (NEO) လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ ထိုင်းကြည်းတပ်ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေက လေတပ်၊ ရေတပ်တွေနဲ့ ပူးပေါင်းပြီး လူစုလူဝေးကို ထိန်းချုပ်တာ၊ စိစစ်တာနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးပို့ဆောင်ပေးတာတွေကို ဆက်တိုက်လေ့ကျင့်ခဲ့တာပါ။ ဒါဟာ လူတွေကိုရွှေ့ပြောင်းပေးရုံတင်မဟုတ်ဘဲ အလွန်ဖိအားများတဲ့ အခြေအနေတွေအောက်မှာ မိတ်ဖက်နိုင်ငံတွေအချင်းချင်း ဘယ်လောက်အချိတ်အဆက်မိမိနဲ့ တိတိကျကျပူးပေါင်းဆောင်ရွက်နိုင်သလဲဆိုတာကို စမ်းသပ်တာလည်း ဖြစ်ပါတယ်။ အဲဒီ အစီအစဉ်အတိုင်း ဇာတ်တိုက်လေ့ကျင့်မှုတွေလုပ်ခဲ့ကြပြီး မနက်ဖြန်မှာတော့ရယောင်းခရိုင်က အမှတ် ၂၀၁ စစ်ဘက်လေဆိပ်မှာ အမေရိကန်နဲ့ ဂျပန် သံအမတ်ကြီးတွေရှေ့မှာ လက်တွေ့စစ်ရေးပြသသွားမှာပါ။ အခုလို ကြိုတင်ပြင်ဆင်လေ့ကျင့်တာဟာ ဘယ်လိုအရေးပေါ်အခြေအနေမျိုးမှာမဆို ပြည်သူတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်ပေးနိုင်ဖို့နဲ့ ဒေသတွင်းစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုခိုင်မာစေဖို့ ဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။
Read moreပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနကနေ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုအားကောင်းလာစေဖို့အတွက် တပ်ရင်းသစ် ၃ရင်းကို တပ်ရင်းစံပြုတည်မြဲအမိန့်နဲ့အညီ ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအသစ်တိုးချဲ့အတည်ပြုလိုက်တဲ့ တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၈၀၀၂ တပ်ရင်း - KANBAUK DEFENCE FORCE၊ အမှတ် ၈၀၀၃ တပ်ရင်းနဲ့ အမှတ် ၉၉၂၅ တပ်ရင်း - RANGOON WARRIORS PDF တို့ဖြစ်ပြီး တော်လှန်ရေးအရှိန်ကို မြှင့်တင်ဖို့ ပြင်ဆင်လိုက်တာပါ။ အထူးတိုင်းစစ်ဌာန ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်နဲ့ အမှတ် ၁ စစ်ဆင်ရေးမှူးရဲ့ လမ်းညွှန်ချက်အတိုင်း PDF ရဲ့ ကွပ်ကဲမှုအောက်မှာ COC နှစ်ရပ်နဲ့အညီ စနစ်တကျ စုဖွဲ့လေ့ကျင့်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အရင်ကလည်း ရန်ကုန်၊ပဲခူးနဲ့ မွန် ပကဖ အဖွဲ့တွေကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်း ဖွဲ့စည်းခဲ့သလို၊အမှတ် ၈၀၀၁ တပ်ရင်းနဲ့ အမှတ် ၁၈၁၉ ဒရုန်းတပ်ဖွဲ့ကိုလည်း တရားဝင် ကွပ်ကဲမှုအောက်မှာ ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒီ အထူးတိုင်းစစ်ဌာန အောက်မှာနည်းဗျူဟာ ၅ခု၊တိုက်ခိုက်ရေးတပ်ရင်း ၁၁ ရင်းနဲ့ဒရုန်းလက်ရုံးတပ်ဖွဲ့ ၅ ဖွဲ့ ရှိနေပြီဖြစ်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။
Read moreခလယ်လွီထူခရိုင်ထဲက မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေ၊ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ဒဏ်ရာရပြီးနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက ဖေဖော်ဝါရီလ ၂၅ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။ အဲဒီမူးမြို့နယ် ငနွားဆိပ်ကျေးရွာထဲကိုဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ နှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီအပြင် လယ်ဒိုမြို့နယ်ဘက်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကညင်ကျွန်းရွာက အမျိုးသမီး ၃ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့သလို၊ သမိန်အင်းကုန်းကျေးရွာက နေအိမ် ၄ လုံးလည်းပျက်စီးခဲ့ရပါတယ်။ နောက်ပြီးကျောက်တံခါးဘက်ကနေ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံး၂ လုံးနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဖျံတလင်းကျေးရွာက နေအိမ်တလုံးလည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ အခုလို စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသခံတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေရတဲ့အပြင် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ဆိုပါတယ်။
Read moreအာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြိုနယ်၊ယိုးငူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုရမှုမှာ သေဆုံးသူကလေးတွေအပါအဝင် အရပ်သားပြည်သူ ၂၀ ဦးထိရှိလာနေပါတယ်။ အဲဒီ ယိုးငူကျေးရွာကို ဖေဖော်ဝါရီလ ၂၄ ရက်၊နေ့လည် ၂ နာရီကျော်အချိန်က စစ်ကော်မရှင်တပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၈ ဦး သေဆုံးခဲ့ပြီး ခု ၂၀ ဦးထိတိုးလာနေတာဖြစ်ပါတယ်။ အဲဒီ ဒဏ်ရာရသူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ အဲဒီယိုးငူကျေးရွာရှိ အရပ်သားပြည်သူတွေဈေးရောင်း၊ ဈေးဝယ်နေကြတဲ့နေရာကို တမင်တကာရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံး၊ဒဏ်ရာရသွားခဲ့ကြသလို လူနေအိမ်၊ ဈေးဆိုင်ခန်းအချို့မှာလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။ လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိ ရေကြောင်း၊ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖိုအသိပေးထားပါတယ်။
Read moreHey! Don't Copy my content.