စစ်ရေး

​ပုဂံမှာ စစ်ကော်မရှင်တပ်ကင်းလှည့်ကားတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး

Border News Agencyမန္တလေး၊ ဖေဖော်ဝါရီ ၂၈။ ​မန္တလေးတိုင်း၊ ပုဂံ - ညောင်ဦးနဲ့ ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ ဝါးခင်းကြီးချောင်းအနီးမှာ စစ်ကော်မရှင်တပ် ရဲ့ ကင်းလှည့်ကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့...

Read more

အမေရိကန်ပဉ္စမရေတပ်ဌာနချုပ်ကို အီရန်ဒုံးကျည်တွေနဲ့ဒုတိယလှိုင်းအဖြစ် ဗုံးကြဲတိုက်ခိုက်

Border News Agencyအမေရိကန်၊ ဖေဖော်ဝါရီ ၂၈။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံဟာ ဘာရိန်း (Bahrain) နိုင်ငံမှာရှိတဲ့ အမေရိကန်ပဉ္စမမြောက်ရေတပ်ဖွဲ့ဌာနချုပ် (U.S. 5th Fleet) တည်ရှိရာ အယ်လ် -...

Read more

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်မှ အရပ်သားခုနှစ်ဦးကိုဖမ်းဆီးသတ်ဖြတ်

Border News Agencyကစယ်ဒို၊ ဖေဖော်ဝါရီလ ၂၈။ ‎စကယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်မှ အရပ်သားခုနှစ်ဦးကို ဖမ်ဆီးသတ်ဖြတ်ခဲ့တယ်လို့ မြိတ်ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေးမှ ဖေဖော်ဝါရီလ ၂၈ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီကစယ်ဒိုမြို့နယ်၊ စုံစင်ဖျားကျေးရွာကို ဖေဖော်ဝါရီလ ၂၇...

Read more

​အီရန်ရေတပ်နဲ့ ဒုံးကျည်စက်ရုံတွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ သမ္မတထရမ့် ကြေညာ

Border News Agencyအမေရိကန်၊ ဖေဖော်ဝါရီ ၂၈။ ​အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ ရေတပ်အင်အားစုတွေနဲ့ ဒုံးကျည်ထုတ်လုပ်ရေး လုပ်ငန်းစုအားလုံးကို အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ အရေးပေါ် ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ​အမေရိကန်နဲ့ အစ္စရေးပူးပေါင်းတပ်ဖွဲ့တွေဟာ အီရန်မြို့တော်တီဟီရန်အပါအဝင် အရေးပါတဲ့စစ်ရေးပစ်မှတ်တွေကို အကြီးစားစစ်ဆင်ရေးအဖြစ်တိုက်ခိုက်နေပြီး မြို့တော်အတွင်းမှာလည်း...

Read more

အမေရိကန်နဲ့အစ္စရေးတို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်

Border News Agencyအီရန်၊ ဖေဖော်ဝါရီ ၂၈။ ​အီရန်နိုင်ငံကို အစ္စရေးနဲ့အတူပူးပေါင်းတိုက်ခိုက်နေကြောင်း အမေရိကန်အရာရှိတဦးက အတည်ပြုလိုက်ပြီး လက်ရှိ မြို့တော်တီဟီရန်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ​အီရန်သတင်းဌာန (Mehr News) ရဲ့ ဖော်ပြချက်အရ တီဟီရန်မြို့ရှိနေရာအချို့မှာ ဖုန်းလိုင်းတွေပြတ်တောက်နေပြီး...

Read more

NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုရေး သဘောတူ

Border News Agencyမကွေး၊ ဖေဖော်ဝါရီ ၂၈။ ​အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ဟာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ...

Read more

ကလေးမြို့မှာ “အလံမလိပ်အသံမတိတ်” လူထုလှုပ်ရှားမှုပြုလုပ်

Border News Agency စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၇။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ကျဆုံးရေးအတွက် အလံမလိပ်အသံမတိတ် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့မနက်က ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ KPSSC က ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီဟာ ဒေသခံမိဘပြည်သူတွေနဲ့အတူပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုတွေကိုငြိမ်ခံမနေဘဲ တော်လှန်ရေးစိတ်ဓာတ် နိုးကြားနေစေဖို့ရည်ရွယ်ပြီး အခုလိုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ "စစ်အာဏာရှင်စနစ်ကို ကျေးလက်ကပုန်ကန်၊ မြို့ပြကဖီဆန်" ကြဖို့နဲ့ တော်လှန်ရေးမီးစာကို အရှိန်အဟုန်မြှင့်တင်ကာ မိမိတို့ရရာကဏ္ဍ၊ နည်းလမ်းအသီးသီးက ပါဝင်တိုက်ပွဲဝင်ကြဖို့ကိုလည်း KPSSC က တိုက်တွန်းနှိုးဆော်ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ တင်းကျပ်တဲ့လုံခြုံရေးနဲ့ ဖိနှိပ်မှုတွေကြားက ကလေးမြို့ဒေသခံတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လမ်းပေါ်ထွက်ကာ လူထုအားမာန်ကိုပြသခဲ့တာပါ။

Read more

​ရွာငံတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဗိုလ်တဦးအပါအဝင် ဆယ်ဦးသေဆုံး

Border News Agency  ရွာငံ၊ ဖေဖော်ဝါရီ ၂၇။ ​ရွာငံမြို့နယ်၊ ကျောက်ငှက် - အုတ်တွင်းလမ်းပိုင်းမှာကင်းလှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တဦးအပါအဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ဓနုဒေသအခြေစိုက် ၁၀၀၃ တပ်ရင်းက ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။  အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က လက်နက်ငါးလက်နဲ့ ကျည်အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ မျှားကလေးရွာဘက်ကို ​ဖေဖော်ဝါရီလ ၈ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ၁၀၀၃ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်နှစ်လက်ထပ်ပြီးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၁၀၀၃ တပ်ရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ရွာငံမြို့အဝင်ဂိတ်နဲ့ စီးပွားရေးဘဏ်တို့ကိုပါ တိုက်ခိုက်ခဲ့တဲ့ စစ်ရေးမှတ်တမ်းတွေရှိပြီး စုစုပေါင်းရဲမှူးတဦးအပါအဝင် ၉ ဦးထက်သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ ​စစ်ရေးဖော်ဆောင်မှုတွေမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က တိုက်ပွဲဇုန်ထဲ ပြည်သူ့ကားတစီးဖြတ်ဝင်လာတာကြောင့် ပြည်သူထိခိုက်မှာစိုးလို့ ပစ်ခတ်မှုရပ်တန့်ခဲ့ရပြီး စစ်သား ၅ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ဆိုပါတယ်။  ​၁၀၀၃ တပ်ရင်းအနေနဲ့ စစ်ရေးရည်မှန်းချက်တွေ ထိရောက်ဖို့အတွက်ခြေသံလုံလုံနဲ့ လှုပ်ရှားနေတာကြောင့် ပြည်သူတွေအနေနဲ့ တိုက်ပွဲဇုန်တွေနဲ့ ဝေးဝေးနေကြဖို့၊ သေနတ်သံကြားရင် ဘေးလွတ်ရာပုန်းရှောင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Read more

အာရက္ခအစိုးရသတိထားကိုင်တွယ်ရမယ့်ဆိုက်ဝါးလက်မည်းကြီးတွေ

ရီရီလှိုင်(ကစ္ဆပမြီ)ရေးပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သတင်းအခြေခံသင်တန်းကို လေ့လာသူအဖြစ်တက်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီသင်တန်းမှာ သတင်းစကားတွေရဲ့ ပြောင်းလဲပျံ့နှံ့နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ကစားနည်း(Game)နဲ့ လက်တွေ့ပြသတာကို ကြုံခဲ့ဖူးပါတယ်။ အဲဒီကစားနည်းကို ကစားဖို့အတွက် သင်တန်းသူ၊ သင်တန်းသားတွေအားလုံး ရှေ့နောက်တန်းစီပြီး မတ်တပ်ရပ်လိုက်ကြပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ သင်တန်းဆရာက နောက်ဆုံးမှာ မတ်တပ်ရပ်နေတဲ့သင်သားတန်းသားတဦးအနားကိုကပ်ပြီးတော့ သတင်းတပုဒ်ကို တိုးတိုးကလေးပြောပြလိုက်ပါတယ်။ အဲဒီသင်တန်းဆရာပြောပြတဲ့သတင်းကို ပထမဦးဆုံးရရှိသွားသူက သူရရှိခဲ့တဲ့သတင်းကို သူ့ရှေ့ကနောက်ထပ်သင် တန်းသားဆီသို့ တိုးတိုးကလေးကပ်ပြီး ထပ်ဆင့် ဖြန့်ဝေလိုက်ပါတယ်။  အဲဒီလိုနဲ့တဦးပြီးတဦး ထပ်ဆင့်ဖြန့်ဝေလာလိုက်တာ အတန်းရဲ့ရှေ့ဆုံးကလူဆီကိုရောက်တာနဲ့“ မူရင်းသတင်း”ရဲ့ ပုံ သဏ္ဍာန်ရော အဓိပ္ပါယ်ပါပြောင်းလဲသွားတာကို အံ့သြဖွယ်မြင်တွေ့ရပါတော့တယ်။ ဥပမာ မူရင်းသတင်းက “မြိုင်ကြီးမှာ မိုးကြီးပြီး မြေပြိုနေတဲ့အတွက် ကားလမ်းပြတ်တောက်နေတယ်။”ဆိုတဲ့ သတင်းဆိုပါတော့။ အဲဒီသတင်းကို ပထမဦးဆုံးရရှိလိုက်တဲ့သင်တန်းသားက သူကြားလိုက်ရတဲ့ သတင်းစကားရဲ့အစီအစဉ်နဲ့ အဓိပ္ပါယ်ကို အတတ်နိုင်ဆုံး စဉ်းစားပြီးတော့ပြန် လည်ဖြန့်ဝေလိုက်တဲ့အခါမှာ“မြိုင်ကြီးမှာမိုးကြီးမြေပြိုလို့ ကားလမ်းပြတ်နေတယ်။”လို့ ဖြစ်သွားပါတယ်။ နောက်ထပ်တယောက်ကို ထပ်ဆင့်ဖြန့်ဝေလိုက်တဲ့အခါမှာတော့ သတင်းက “မြိုင်ကြီးမှာ မိုးကြီး မြေမြိုလို့ ကားလမ်းဖြတ်ထားတယ်။”လို့ ဖြစ်သွားပါတယ်။ အဲဒီလိုနဲ့ တယောက်ပြီးတယောက် ထပ် ဆင့်ဖြန်ဝေလာပြီးတဲ့အခါမှာတော့ နောက်ဆုံးတယောက်ဆီမှာသတင်းက“ မြိုင်ကြီးမှာမျိုးကြီးတယောက် မြေမြို့လို့ ခြေထောက်ဖြတ်တောက်ခံလိုက် ရတယ်။”ဆိုပြီး ဖြစ်သွားပါတော့တယ်။  အဲဒါဟာ သတင်းစကားရဲ့ပျံ့နှံ့ ပြောင်းလဲသွားနိုင်ခြေကို တက်ရောက်လေ့ လာခဲ့တဲ့ သတင်တန်းမှာကြုံဖူးခဲ့တာပဲ ဖြစ်ပါတယ်။ ပါးစပ်နဲ့ဖြန့်ဝေတဲ့ သတင်းစကားဟာ သတင်းလက်ခံပြီး ဖြန့်ဝေသူတွေရဲ့ နား လည်နိုင်စွမ်း၊ဆင်ခြင်သုံးသပ်နိုင်မှု၊ ရိုး သားမှုနဲ့တာဝန်ယူ၊တာဝန်ခံနိုင်မှုအပေါ်မှာမူတည်ပြီးတော့ ဆင့်ကဲပြောင်းလဲသွားနိုင် စေပါတယ်။  မူရင်းသတင်းရဲ့ဆိုလိုရင်း ပျောက်ပြီးတော့ အဆိုးဖက်ကို ပြောင်းလဲသွားစေနိုင်သလို အကောင်းဖက်ကိုလည်း ဦးတ ည်ပြီးလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။  မူရင်းဖြန့်ဝေနေသူတွေကိုယ်တိုင်ကိုက အဆိုးဖက်ကို ဦးတည်ထုတ်လွှင့်ဖြန့်ဝေတဲ့သတင်းမျိုးဆိုရင်တော့ ပြောဖွယ်ပင်မရှိတော့ပါဘူး။ပြီးတော့ သတင်းရဲ့ ပျံ့နှံ့နိုင်ခြေဟာလည်း တစက္ကန့်၊ တမိနစ်အတွင်းမှာတင် လူပေါင်းများစွာထံသို့ ပျံ့နှံ့သွားစေနိုင်ပါတယ်။  သတင်းကို လူတယောက်ကလူတယောက်ချင်းစီကိုပဲ ဖြန့်ဝေတယ်ဆိုရင်တောင် နာရီပိုင်းအတွင်းမှာတင် ကြီးမားကျ ယ်ပျံ့သွားနိုင်တာ အမှန်ပါပဲ။လူစည်ကားရာနေရာမျိုးတွေမှာ သတင်းကို ဖြန့်ဝေတယ်ဆိုရင်တော့ ပြောဖွယ်ပင် မရှိတော့ပါဘူး။ ဒီနေ့ ကမ္ဘာကြီးဟာ သတင်းနဲ့ နည်းပညာ(IT)ခေတ်ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ စက္ကန့်နဲ့အမျှပြောင်းလဲ ဖြစ်ပေါ်နေတဲ့ သတင်းနဲ့ နည်းပညာနောက်ကို အမှီလိုက်နေရပါတယ်။နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကမ္ဘာကြီးအတွာက် အကောင်းဖက်ကို ဦးတည်တာတွေရှိသလို ကမ္ဘာကြီးကို နည်းပညာစစ်ပွဲတွေထဲ တဝဲလည်လည် ခြိမ်းခြောက်ခံနေရစေပါတယ်။  အဲဒီလိုပဲ သတင်းရယူနိုင်တဲ့နေရာတွေ၊ ဖြန့်ဖြူးတဲ့နေရာတွေပေါများလာတာကလည်း ကမ္ဘာကြီးအတွက် ဆိုးမွေ ကောင်းမွေတွေ ဒွန်တွဲရှိနေတာပါပဲ။ ဒီခေတ်မှာ သတင်းအယောင်ဆောင်ပြီး ဝါဒဖြန့်ချိနေကြတဲ့ ဆိုက်ဝါး(Psy War) တွေကလည်း အလွန်ပေါများနေပါတယ်။  ဆိုက်ဝါး(Psy War)ဆိုတာက ပြိုင်ဘ က်တွေကို စိတ်ဓာတ်စစ်ဆင်ရေးအရ တိုက်ခိုက်ဖို့ရည်ရွယ်ပြီး ထုတ်လွှင့်ကြတဲ့ ဝါဒဖြန့်တာတွေဖြစ်ပါတယ်။ ဆိုက်ဝါးတွေကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနဲ့တချို့နိုင်ငံတော်အစိုးရတွေရဲ့ အာဘော်တွေထိတွေ့ရတတ်ပါတယ်။ ...

Read more

မြန်မာနဲ့ရုရှား အာကာသဂြိုဟ်တုလွှင့်တင်ရေးပူးပေါင်းမယ်

​အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံRoscosmos ကော်ပိုရေးရှင်းရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံပြီး ဂြိုဟ်တုလွှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ​အဲဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ဂြိုဟ်တုလွှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် ရုရှား Roscosmos နဲ့ မြန်မာအာကာသအေဂျင်စီတို့ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။ ​အဲဒီ ဆွေးနွေးမှုအတွင်း အဓိကအားဖြင့် ဂြိုဟ်တုဆက်သွယ်ရေး နည်းပညာတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အာကာသနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ဖို့ ပါဝင်ပါတယ်။ ​အဲဒီအပြင် ရန်ကုန်မှာရှိတဲ့ အာကာသပြတိုက်ကို အဆင့်မြှင့်တင်ဖို့နဲ့ လူငယ်တွေ အာကာသနည်းပညာ ဗဟုသုတ ရရှိစေဖို့အတွက် ပူးပေါင်းလုပ်ဆောင်မယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ ​အာကာသနည်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကို ပညာတော်သင် သင်တန်းသားတွေ စေလွှတ်မယ့် ကိစ္စရပ်တွေကိုလည်း နှစ်ဖက် သဘောတူ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Read more
Page 86 of 209 1 85 86 87 209

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here