ဓာတ်ပုံသတင်း

မောင်တောမှာဟိန္ဒူဘာသာဝင်တရာကျော်အစုလိုက်အပုံလိုက်သတ်ဖြတ်ခံမှုအောက်မေ့ဖွယ်လုပ်

Border News Agencyမောင်တော၊ သြဂုတ် ၂၅။ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေအစုလိုက်အပုံလိုက် အကြမ်းဖက်သတ်ဖြတ်တာကို ခံခဲ့ကြရတဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးအတွက် ရှစ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားကို သြဂုတ်လ ၂၅ ရက်၊ ဒီနေ့ မောင်တောမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားမှာ ဟိန္ဒူဘာသာဝင်တွေဟာ...

Read more

ကန့်ဘလူမှာ စစ်ကော်မရှင်တပ်က အရပ်သားကိုးဦးသတ်ဖြတ်ခဲ့ပြီးနေအိမ်လေးရာကျော်မီးရှို့ခဲ့

Border News Agencyစစ်ကိုင်း၊ သြဂုတ် ၂၅။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ကကျေးရွာခြောက်ရွာကို စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကစစ်ကြောင်းထိုးပြီး အရပ်သားကိုးဦးကိုသတ်ဖြတ်ခဲ့သလို နေအိမ်လေးရာသုံးဆယ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဩဂုတ်လ ၂၄ ရက်၊မ​နေ့ကထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်နဲ့ပျူစောထီးအဖွဲ့အင်အားနှစ်ရာနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီးသြဂုတ်လ ၁၆ ရက်မှ...

Read more

အာရက္ခတပ်တော်ခေါင်းဆောင်တွေကိုအရေးယူပေးကြဖို့ ရိုဟင်ဂျာတွေတောင်းဆို

Border News Agencyကော့စ်ဘဇာ၊ သြဂုတ် ၂၅။ အာရက္ခတပ်တော်(AA)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယတပ်မှူးချုပ်ဒေါက်တာညိုထွန်းအောင်အပါအဝင်ခေါင်းဆောင်တွေကို နိုင်ငံတကာကအရေးယူပေးကြဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာသြဂုတ်လ ၂၅ ရက်၊ ဒီနေ့ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်းသ တ်ဖြတ်ခံရမှုအထိမ်းအမှတ်အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ...

Read more

မြန်မာနိုင်ငံသားအခွင်အရေးအပြည့်အဝပေးဖို့ ရိုဟင်ဂျာတွေ တောင်းဆို

Border News Agencyကော့စ်ဘဇာ၊ သြဂုတ်၂၅။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့ ဆန္ဒပြတောင်းဆိုနေကြပါတယ်။ အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာတွေဟာ လူမျိုးတုန်းသ တ်ဖြတ်ခံရမှုအထိမ်းအမှတ်အောက်မေ့ဖွယ်နေ့အခမ်းအနားမှာ ခုလိုတောင်းဆိုနေကြတာဖြစ်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားမှတ်ပုံတင်၊ မြန်မာနိုင်ငံသားအခွင့်အရေးအပါအဝ င်အချက်လေးချက်ကို တောင်းဆိုနေကြတာပါ။ မြန်မာစစ်တပ်ဟာ...

Read more

ထန်းရှောက်ခံရွာဖြစ်စဥ်ကို ကွင်းဆင်းစစ်ဆေးခွင့်ပေးဖို့ SAC တောင်းဆို

Border News Agencyဘူးသီးတောင်၊ ဩဂုတ် ၂၅ ။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံရွာဖြစ်စဥ်ကို ကွင်းဆင်းစုံစမ်းစစ်ဆေးခွင့်ရအောင်စီစဉ်ပေးဖို့ မြန်မာနိုင်ငံဆိုင် ရာအထူးအကြံပေးကောင်စီ(SAC) ဩဂုတ်လ ၂၅ ရက်၊ဒီနေ့တောင်းဆိုလိုက်ပါတယ်။ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်၊ဩ ဂုတ်လ ၂၅ ရက်နေ့က...

Read more

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

Border News Agencyမန္တလေး၊ သြဂုတ် ၂၅။ မန္တလေးတိုင်းဒေသကြီး၊ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (Yadanarbon Revolutionary Force - YRF)ရဲ့အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ သင်တန်းဆင်းပွဲကို နိုင်ငံအလယ်ပိုင်းရှိယာယီဌာနချုပ်မှာကျင်းပပြုလုပ်ခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသင်တန်းဆင်းပွဲကို သြဂုတ်လ...

Read more

ကိုးကန့်မှာတရားမဝင်သေနတ် ငါးရာခန့်ဖျက်ဆီး

Border News Agencyကရင်ပြည်၊ ဩဂုတ် ၂၅။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထိန်းချုပ်နယ်မြေအတွင်းအထူးဒေသ ၁ ရဲတပ်ဖွဲ့ သိမ်းဆည်းရမိထားတဲ့ တရားမဝင်သေနတ်လေးရာခုနှစ်ဆယ်ခြောက်လက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သြဂုတ်လ ၂၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။ အဲဒီသေနတ်တွေထဲက ​အလက်နှစ်ရာကိုဥပဒေနဲ့အညီတရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ပြီး ကျန်တရားမဝင်သေနတ်လေးရာခုနှစ်ဆယ်ခြောက်လက်ကို အလုပ်အဖွဲ့ရဲ့ကြီးကြပ်မှုနဲ့စုပေါင်းဖျက်ဆီးခဲ့ကြတယ်လို့ဆိုပါတယ်။...

Read more

ကလေးမြို့နယ်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သားသုံးဦးအလောင်းရ

Border News Agencyစစ်ကိုင်း၊ ဩဂုတ် ၂၄။ စစ်ကိုင်းတိုင်းကလေးမြို့နယ်ရှိဆယ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦးရဲ့အလောင်းရခဲ့ပြီးလက်နက်ဆယ်လက်သိမ်းဆည်းရမိခဲ့တယ်လို့ ​အမှတ် ၁ စစ်ဒေသကမှ သြဂုတ်လ ၂၄ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။ ကလေးခရိုင်၊ကလေးမြို့နယ်၊စောင်းပုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တတက-၁၀မှ ဗိုလ်မှူးသန်းမင်စထိုက်၊ဗိုလ်ကြီးထွန်းလင်းသူနဲ့ စကခ -...

Read more

ကျိုက်ထိုမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သံဃာတော်နှစ်ပါးပျံလွန်

Border News Agencyကျိုက်ထို၊ သြဂုတ် ၂၄။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချမ်းမြေ့ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ သံဃာတော်နှစ်ပါးပျံလွန်ပြီး ရှစ်ပါးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ စစ်ကော်မရှင်တပ်ဟာ ဩဂုတ် ၂၄ ရက်၊ဒီ​နေ့မနက် ၁၀ နာရီကျော်အချိန်ခန့်ကချမ်းမြေ့ရွာ ဘုန်းကြီးကျောင်းကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အများအပြားဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့...

Read more

မင်းတပ်မှ စစ်ကော်မရှင်တပ်တွေရဲ့လက်နက်တွေကိုပြည်သူတွေက CDF ထံအပ်နှံ

Border News Agencyချင်းပြည်၊ သြဂုတ် ၂၄။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထွက်ပြေးတုန်းကဝှက်ထားခဲ့တဲ့ လက်နက်ခဲယမ်းတွေကို ဒေသခံပြည်သူတွေကလာရောက်အပ်နှံတာကြောင့် ဆုငွေတွေချီးမြင့်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်မှ သြဂုတ်လ ၂၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြတဲ့ စစ်ကော်မရှင်တပ်ဖွဲ့၀င်တွေဟာ လက်နက်ခဲ့ယမ်းတွေကို မြေဖို့ပြီးဝှက်ထားခဲ့တယ်လို့ဆိုပါတယ်။...

Read more
Page 79 of 97 1 78 79 80 97

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here