အမျိုးသမီးကဏ္ဍ

​အာရက္ခဒေသမှာ စစ်ကော်မရှင်တပ်ကြောင့် တလအတွင်း အမျိုးသမီး ၂၂ ဦးသေဆုံး

Border News Agencyပုဏ္ဏားကျွန်း၊ မတ် ၁၀။ စစ်ခေါင်းဆောင်အာဏာသိမ်း ၅ နှစ်တာကာလမှာ စစ်ရာဇဝတ်မှုတွေကိုဆက်တိုက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အာရက္ခဒေသဟာ အမျိုးသမီးသေဆုံးမှု အများဆုံးဒေသဖြစ်လာခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့ရာမှာ အာရက္ခဒေသက...

Read more

မဲဆောက်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

Border News Agencyမဲဆောက်၊ မတ် ၈ ။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မတ်လ ၈ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ကို The Space Youth Learning...

Read more

​အိန္ဒိယနယ်စပ်ရှိ စစ်ဘေးရှောင်အမျိုးသမီးတွေ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အသံဖော်ထုတ်

Border News Agencyအိန္ဒိယ၊ မတ် ၈။ မတ်လ ၈ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယနယ်စပ်တနေရာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေဟာ သူတို့ရဲ့ရပိုင်ခွင့်နဲ့ အသံတွေကိုဖော်ထုတ်တဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ကြပါတယ်။...

Read more

​ယောဒေသမှာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခွင့်အရေးဆွေးနွေးပွဲလုပ်

Border News Agencyယော၊ မတ် ၈။ ​မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ယောလူထုတိုက်ပွဲကော်မတီ (YPRC) ကနေ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ အဲ​ဒီဆွေးနွေးပွဲမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအကြောင်းကို အကျယ်တဝင့်...

Read more

​မြန်မာအမျိုးသမီးနဲ့ IDP တွေဆီ အကူအညီတွေအရေးပေါ်ရောက်ဖို့ ကုလသမဂ္ဂတောင်းဆို

Border News Agencyမောင်တော၊ မတ် ၈။ ​မြန်မာနိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့အကျပ်အတည်းတွေကြားမှာ မိသားစုနဲ့လူမှုအသိုက်အဝန်းပြိုကွဲမသွားအောင် ထိန်းကျောင်းပေးနေရတဲ့အမျိုးသမီးတွေရဲ့အခြေအနေကို ကုလသမဂ္ဂက မတ်လ ၈ ရက်၊ ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထောက်ပြလိုက်ပါတယ်။ အဲဒီကျန်းမာရေးနဲ့ ပညာရေးစနစ်တွေပျက်ယွင်းနေတာကြောင့် အမျိုးသမီးတွေဟာဘယ်ပံ့ပိုးကူညီမှုမှမရှိဘဲ ပြုစုစောင့်ရှောက်သူတွေဖြစ်လာရသလို...

Read more

ပျက်ကျသွားတဲ့အမေရိကန် F-15E အမျိုးသမီးလေယာဉ်မှူးကိုကူဝိတ်နိုင်ငံသားတွေကူညီကယ်ဆယ်

Border News Agencyကူဝိတ်၊ မတ် ၃။ ကူဝိတ်ကောင်းကင်ယံမှာ မတ်လ ၂ ရက်နေ့က မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျသွားခဲ့တဲ့ အမေရိကန် F-15E Strike Eagle တိုက်လေယာဉ်ပေါ်က အမျိုးသမီးလေယာဉ်မှူးကို ဒေသခံကူဝိတ်နိုင်ငံသားတွေက ဝိုင်းဝန်းကူညီကယ်ဆယ်ပေးခဲ့ကြတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ...

Read more

ပလက်၀မှာ မီးလောင်လို့ အမျိုးသမီးတဦးဒဏ်ရာရ

Border News Agencyပလက်၀၊ ဖေဖော်ဝါရီ ၂၈။ ပလက်ဝခရိုင် ဆမီးမြို့နယ်၊ ဆားဝကျေးရွာမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့လို့ အမျိုးသမီးတဦး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီမီးလောင်မှုကြောင့် ဒဏ်ရာရရှိသွားတဲ့အမျိုးသမီးဟာ...

Read more

​မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းဒဏ်အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံဖြစ်လာ

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာပြီး ရှမ်းပြည်ကထိခိုက်မှုအများဆုံး ဒေသဖြစ်တယ်လို့ ​ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ (Landmine and Cluster Munition Monitor) ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦးအထိ ရှိခဲ့ပြီး ဒီပမာဏဟာ တကမ္ဘာလုံးမှာ အများဆုံး ဖြစ်နေတာပါ။ ​အဲဒီ ထိခိုက်ခံရသူတွေရဲ့ ၈၆ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်ပြီး အများစုဟာ ခရီးသွားလာရင်း၊တောတောင်ထဲ အလုပ်လုပ်ရင်းနဲ့ စစ်ဘေးရှောင်ရင်း မိုင်းဒဏ်ကို ခံကြရတာ ဖြစ်ပါတယ်။ ​မှတ်တမ်းတွေအရ ထိခိုက်နစ်နာသူ အများစုဟာ အမျိုးသားတွေဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာတော့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေ ပိုပြီး ပါဝင်လာတာကို တွေ့ရပါတယ်။ ​၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံကမြို့နယ်ပေါင်း ၂၁၁ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပြီး ရှမ်းပြည်ဟာ ထိခိုက်မှု စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ဖြစ်နေပါတယ်။ ​မြန်မာနိုင်ငံဟာ နိုင်ငံတကာ မြေမြှုပ်မိုင်း တားမြစ်ရေးစာချုပ် (Mine Ban Treaty) မှာ အခုထိပါဝင်လက်မှတ်ရေးထိုးထားတာမရှိသေးဘူးလို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Read more

နီပေါနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးလွှတ်တော်အမတ်ကွယ်လွန်

နီပေါနိုင်ငံရဲ့ဒီမိုကရေစီခရီးကြမ်းအစောပိုင်းကာလမှာ အမျိုးသမီးအခွင့်အရေးအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့တဲ့ကာမဲလ်ရာနာ(Kamal Rana)ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ သူမကွယ်လွန်ချိန်မှာအသက်ကိုးဆယ်ရှစ်နှစ်အရွယ်ရှိနေပါပြီ။ သူမဟာ နိုင်ငံတော်အဆင့်ဆုံးဖြတ်ချက်(National decision- making)တွေ ချမှတ်တဲ့နေရာတွေမှာ အမျိုးသမီးတွေဟာလည်း စွမ်းရည်ရှိတယ်ဆိုတဲ့ ယဉ် ကျေးမှုအစဉ်အလာတွေကို အာခံပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမကို နီပေါနိုင်ငံတန်ဆင် (Tansen) မြူနီစီပယ်နယ်မြေမှာ ၁၉၂၈ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အကိုဖြစ်သူ ရီရှီခက်ရှ် ရှား ( Rishikesh Shah)ဟာလည်း နီပေါနိုင်ငံရေးသမားတဦးဖြစ်ပါတယ်။ သူမဟာ အရွယ်ရောက်လာတဲ့နောက်ပို င်းမှာ အဲဒီအချိန်တုန်းက နီပေါတော်ဝ င်မိသားစုဝင်တဦးဖြစ်သူ မင်းရှုမ်ရှာ ဂျေဘီရာနာ(Meen Shumsher J.B. Rana)ဆိုတဲ့ စစ်ဗိုလ်တဦးနဲ့လက်ထက်ခဲ့ပါတယ်။ သူမဟာ ထရိဘူဝမ်တက္ကသိုလ် ( Tribhuvan University)မှာ နိုင်ငံရေးသိပ္ပံဘာသာရပ် မဟာတန်းကို သင်ယူခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ နီပေါကွန်ကရက်ပါတီကဦးဆောင်ပြီး ဒီမိုကရေစီတောင်းဆိုမှုတွေ ပေါ်ပေါက်လာပါတယ်။  ဒီမိုကရေစီစနစ်ကို ပိုသွားဖို့နဲ့ဘုရင်စန စ်ကို ကန့်သတ်ဖို့အတွက် နီပေါဘုရင်နဲ့ ကွန်ကရက်ပါတီကြားမှာ သဘောတူညီချက်တချို့ရလာပြီး နီပေါနိုင်ငံရဲ့အ ပြောင်းအလဲအချိုးအကွေ့ဖြစ်လာခဲ့ပါတယ်။ ၁၉၅၂ ခုနှစ်မှာ ရာနာဟာ အမျိုးသမီးစေတနာဝန်ထမ်းအဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ သူမကို အမျိုးသားလွှတ်တော် (National Assembly)မှာ ဒုဥက္ကဌအ ဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ၁၉၅၈ ခုနှစ်မှ၁၉၅၉ ခုနှစ်ထိ သူမဟာ အကြံပေးအတိုင်ပင် ခံလွှတ်တော်(Advisory Assembly) မှာ တာဝန်ဆက်ထမ်းခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ နီပေါနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲအတည်ပြုကြပြီးဖွဲ့စည်းပုံအခြေခံဥပ ဒေသစ်အရ နီပေါမှာ လွှတ်တော်နှစ်ရပ်စနစ်(Bicameral Parliament)ကို ကျင့်သုံးလာပါတယ်။  အဲဒီလွှတ်တော်နှစ်ရပ်မှာ လူထုရွေး ကောက်တင်မြောက်ထားတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့လွှတ်တော်(House of Representatives)ဖြစ်ပြီးခန့်အပ်ခံရတဲ့အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့အထက်လွှ တ်တော်မဟာဆဘာ( Maha Sabha (Senate))ဖြစ်ပါတယ်။  ရာနာကို ဘုရင် မဟင်ဒရာက မဟာဆဘာမှာ အဖွဲ့ဝင်အမတ်အဖြစ် ခန့်အပ်ခံရပါတယ်။ House of Representativesထဲမှာတော့ အမျိုးသမီးတဦးဖြစ်သူ ဒွာရီက ဒေဗီ သာကုရာနီ(Dwarika Devi Thakurani ) က ရွေးကောက်ခံအမတ် ဖြစ်လာပြီး ရာနာနဲ့ ခေတ်ပြိုင်အမျိုးသမီးနိုင်ငံရေး သမားတဦးဖြစ်လာပါတယ်။ ၁၉၅၉ ခုနှစ် ဇူလှိုင်မှာ ရာနာကို မဟာဆာဘာ လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြပါတယ်။  နောင်သုံးနှစ်အကြာ ၁၉၆၂ ခုနှစ်မှာတော့ သူမဟာ ကုလအထွေထွေညီလာ ခံကို နီပေါကိုယ်စားပြုသွားတက်ရပါတယ်။ ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်မှာတော့ သူမဟာ ကုလသမဂ္ဂ အမျိုးသမီးဆိုင်ရာကော်မရှင် (United Nations Commission on the Status of Women)ထဲမှာ ပါဝင်ခဲဲ့ပြီး ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအတွက် အသံတွေထုတ်ပေးခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ကျား/မ တန်းတူရေးကိစ္စတွေမှာ နီပေါနိုင်ငံကို ကိုယ်စားပြုပြီး သူမရဲ့အသံဟာကျယ်လောင်လာခဲ့ပါတယ်။...

Read more

ဘင်္ဂလားဒေ့ရှ်တသီးပုဂ္ဂလအမျိုးသမီးအမတ်တိုက်ခိုက်ခံရ

နိုင်ငံတကာမိခင်ဘာသာစကားနေ့ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ဖြစ်ပါတယ် ။  အဲဒီလိုနိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ မိခင်ဘာသာစကားနေ့ရဲ့ဇစ် မြစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကစခဲ့တာပါ။ ပါကစ္စတန်ကိုအာခံတဲ့ ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှု(Bangali Language Movement)ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အ မျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေထဲက စခဲ့တာလို့ ပြောလို့ရပါတယ်။  အဲဒါကြောင့် နိုင်ငံတကာမိခင်ဘာသာ စကားနေ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံ ရေးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။  အဲဒီနေ့ကိုရောက်တိုင်း ဘင်္ဂလီဘာသာ စကားလှုပ်ရှားမှုနဲ့အမျိုးသားလွတ် မြောက်ရေးမှာ အသက်ပေးသွားခဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်း အဝိုင်းဟာ ဂါဝရပြုလွမ်းသူပန်းခွေ ချပြီး နိုင်ငံရေးပုံရိပ်ဖော်လေ့ရှိကြပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့၁၃ ကြိမ်မြောက်ဂျာတီယာဆန်ဆတ်(Jatiya Sangsad) လွတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရတသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာ ( Rumeen Farhana)ဟာ ပြီးခဲ့တဲ့သောကြာနေ့ ည ၁၂ နာရီမှာ အာ ဇာနည်အထိမ်းအမှတ်နေရာ ဗဟိုရှာဟီဒ်မိနာ(Central Shaheed Minar)ကို သွားပြီး ဂါဝရပြုခဲ့ပါတယ်။ ဂျာတီယာဆန်ဆတ်(Jatiya Sangsad) ဆိုတာ ဘင်္ဂလီဘာသာစကားနဲ့ အမျိုး သားလွှတ်တော်ပါလီမန်ကိုခေါ်တာပါ။ တသီးပုဂ္ဂလအမျိုးသမီးအမတ် ရုမင် ဖာဟာနာနဲ့ သူမကို ဝိုင်းရံထောက်ခံသူတွေဟာ အာဇာနည်အထိမ်းအမှတ်နေ ရာမှာတိုက်ခိုက်ခံခဲ့ရပါတယ်။ သူမတို့ဟာ အာဇာနည်အထိမ်းအမှတ်နေရာကို ရောက်တာနဲ့တပြိုင်နက် ဒေ သခံ BNP ပါတီဝင်တွေဟာ သူမကို ပစ်မှတ်ထားပြီး အော်ဟစ်ခြိမ်းခြောက်ခဲ့ကြပါတယ်။ အဲဒါကြောင့် သူမကိုဝိုင်းရံသူတွေနဲ့ ဒေ သခံ BNP ပါတီဝင်တွေကြားမှာ စကားများခဲ့ကြပါတယ်။ သူမယူဆောင်လာတဲ့လွမ်းသူပန်းခွေကိုလည်း BNP ပါတီဝင်တဦးက ဆုတ်ဖြဲလွင့်ပစ်လိုက်ပါတယ်။  သူမရဲ့ ဂါဝရပြုမှုအစီအစဉ် ဘယ်လိုမှ ရှေ့ဆက်မရနိုင်တဲ့အခါ သူမနဲ့ သူမကို ထောက်ခံသူများဟာ အာဇာနည် အထိ မ်းအမှတ်နေရာက ပြန်လည်ထွက်ခွာခဲ့ရပါတော့တယ်။ "ဘာကြောင့် သူမအပေါ် BNP ဘက်က ပစ်မှတ်ထားရတာလဲ" ပြဿနာရဲ့ဇစ်မြစ်ကဘင်္ဂလားဒေ့ရှ်ရဲ့ ပါတီနိုင်ငံရေးဇာတ်ခုံနဲ့ သက်ဆိုင်နေပါတယ်။  အမှန်တော့ သူမဟာလည်း တချိန်တုန်းက ထိပ်ပိုင်း BNP ပါတီဝင်တဦးပါ။ သူမဟာ BNP ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာအလုပ်အမှုဆောင်ကော်မတီရဲ့ နိုင်ငံတကာရေးရာ လက်ထောက်အတွင်းရေး မှူးလုပ်ခဲ့သူပါ။ ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် သူမက ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ ဝင်ရောက်အရွေးချယ်ခံဖို့အ တွက် BNP ပါတီကို အမည်စာရင်းပေးခဲ့ပါတယ်။ BNP ဟာ ဂျမတ်အီအူလမာအီ အစ္စလာမ်ဘင်္ဂလားဒေ့ရှ် (Jamiat-e-Ulama-e-Islam Bangladesh)ပါတီနဲ့ မဟာမိတ် (Alliance Partner)ပြုထားပါတယ်။  သူမ ဝင်အရွေးခံမယ့် ဘရာမန်ဘာရီယား အမှတ် ၂ နယ်မြေ မဲဆန္ဒနယ် (Brahmanbaria-2 seat)မှာ BNP က ဂျမတ် အီအစ္စလမ်အီဘင်္ဂလားဒေ့ရှ်ပါတီ ဝင်ဂျူနာယဒ်အဲလ်ဟာဘဘ် ( Junayed Al Habib)ကို ဝင်ပြိုင်ဖို့ အဆိုပြုလိုက်ပါတယ်။  အဲဒီလို အဆိုပြုရတဲ့အတွက် သူမကို အမည်စာရင်းက ပယ်လိုက်ရပါတယ်။ ...

Read more
Page 1 of 10 1 2 10

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

Add Your Heading Text Here

Add Your Heading Text Here