၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို မင်းပြားခရိုင်အတွင်းမှာဖေဖော်ဝါရီလ၂၀ ရက်၊မနေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ပွဲကျင်းပရေးအတွက် ငွေကျပ် သိန်း ၁၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တာပါ။ အဲဒီ အတွင်းမှာ ချင်း၊သက္ကမ တိုင်းရင်းသားတွေနဲ့အတူ အာရက္ခစစ်သည်တော်တွေက ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စုပေါင်းစည်းလုံးမှုကို ပြသခဲ့ကြပါတယ်။ ULA/AA ဘက်ကလည်း ချင်းလူမျိုးတွေရဲ့ အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာဖတ်ကြားခဲ့သလို နောင်နှစ်တွေမှာလည်း ဒီထက်မက ပိုမိုပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ပလက်ဝအပါအဝင် အာရက္ခဒေသအတွင်းက ခရိုင်အသီးသီးမှာချင်းအမျိုးသားနေ့ကို စည်စည်ကားကား ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာအလုပ်အကိုင် ရှားပါးမှုတွေကြောင့် ကလေးသူငယ်တွေကိုပါခေါ်ပြီး တောင်းရမ်းစားသောက်နေနေသူတွေ များပြားလာနေတယ်လို့ မောင်တောမြို့ခံတွေကဆိုကြပါတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲ ကာလအတွင်းမှာ ဒေသတွင်းရှိ ရခိုင်၊မွတ်ဆလင်နဲ့ ဟိန္ဒူ အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်တွေပြတ်တောက်သွားပြီး ဝင်ငွေမရှိတော့တာကြောင့် အခုလို တောင်းရမ်းစားသောက်မှုတွေ ပိုများလာတာ ဖြစ်ပါတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။ “အဓိကကစားဝတ်နေရေး ခက်ခဲလို့ပါ။ ကလေးတွေကိုပါခေါ်ပြီး တောင်းရမ်းနေတာ မြင်ရတာအတော်လေး အရုပ်ဆိုးပေမဲ့လည်း မိသားစုထမင်းတနပ် စားနိုင်ဖို့က သူတို့အတွက်အဓိက ဖြစ်နေပါတယ်။" လို့မောင်တောမြို့ရှိမွတ်ဆလင်လူကြီးတဦးက Border News Agency ကိုပြောပါတယ်။ မောင်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ လူစည်ကားရာနေရာတွေမှာ ကလေးငယ်တွေကို ချီပိုးပြီးတောင်းရမ်းနေတာတွေကို နေ့စဉ်တွေ့မြင်နေရတာဖြစ်လို့ ဒါဟာ ဒေသတွင်းက ဆင်းရဲနွမ်းပါးမှု ပြဿနာကိုဖော်ပြနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အာရက္ခဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးတာကြောင့် အခြေခံလူတန်းစားတွေဟာ စားနပ်ရိက္ခာအတွက် အခက်အခဲများစွာနဲ့ရင်ဆိုင်နေကြရပြီး အဲဒီအခြေအနေတွေကိုအမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
Read moreအာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲအပြီး နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်နဲ့ ဝင်ငွေတွေလုံးဝပြတ်တောက်သွားတာကြောင့် အခြေခံလူတန်းစားတွေဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေကြရပါတယ်။ အဲဒီလို စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မြို့ပေါ်မှာရှိတဲ့ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူ တချို့ဟာ တောင်းရမ်းစားသောက်ပြီးတော့ပဲ ခက်ခဲစွာ အသက်ဆက်နေကြရတာ ဖြစ်ပါတယ်။ မိသားစုထမင်းတနပ် အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့ရင်သွေးငယ်တွေကိုပါ လမ်းဘေးခေါ်ထုတ်ပြီး တောင်းရမ်းခိုင်းနေရတဲ့ မြင်ကွင်းတွေဟာ မြို့ပေါ်မှာ နေ့စဉ်နဲ့အမျှ ပိုပြီးများပြားလာနေတာပါ။ မောင်တောဒေသဟာ စစ်ဘေးဒဏ်ကနေ ငတ်မွတ်မှုဒဏ်ဆီကို ကူးပြောင်းရောက်ရှိနေတာကြောင့် ဒီအခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့အလုပ်အကိုင် အခွင့်အလမ်းတွေ အရေးပေါ် ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။
Read moreBorder News Agency ပလက်ဝ၊ ဖေဖော်ဝါရီ ၂၀။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၈နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့လိုက်ပါတယ်။ အဲဒီထဲမှာတော့ ချင်းနဲ့ရက္ခိုင်လူမျိုးနှစ်စုကြား ချစ်ကြည်ရင်းနှီးမှုတွေနဲ့အတူ သမိုင်းသစ်တခုကို အတူတူရေးထိုးသွားကြဖို့ တိုက်တွန်းထားတာပါ။ အရင်က အာဏာရှင်အဆက်ဆက်ရဲ့ သွေးခွဲအုပ်ချုပ်မှုတွေကြောင့် ချင်းနဲ့ရက္ခိုင်လူမျိုးတွေကြားမှာ ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေပျောက်ကွယ်ပြီး ရန်သူတွေလိုဖြစ်ခဲ့ရတဲ့ အခြေအနေတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ လွတ်မြောက်နယ်မြေတွေထဲမှာ မိမိတို့ရဲ့အမျိုးသားနေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကျင်းပခွင့်ရနေပြီလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း မိမိတို့ဒေသထဲမှာနေထိုင်ကြတဲ့ လူမျိုးပေါင်းစုံရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေကို တန်ဖိုးထားတယ်လို့ဆိုပါတယ်။ အဲဒါကြောင့် လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးတော့ အမျိုးသားရေးဆိုင်ရာ ပွဲလမ်းသဘင်တွေကို လွတ်လပ်စွာ ကျင်းပခွင့်ပြုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစတင်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေဟာ အာရက္ခဒေသတွင်းမှာတင်မကဘဲ အနီးနားမှာရှိတဲ့ လူမျိုးပေါင်းစုံအတွက်ပါ အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်စေခဲ့ပြီး လွတ်လပ်တဲ့ လူမျိုးတွေအဖြစ် နေထိုင်ခွင့်ရရှိစေခဲ့တာ ဖြစ်ပါတယ်။ အခုကျရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကနေတဆင့် ချင်းလူမျိုးတွေအနေနဲ့အမျိုးသားတန်းတူရေး၊ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အတူတကွပူးပေါင်းပါဝင် ဆောင်ရွက်သွားကြဖို့ကိုလည်း ULA ဘက်ကတိုက်တွန်းထားပါသေးတယ်။ ချင်းနဲ့ ရက္ခိုင် လူမျိုးနှစ်စုကြားမှာရှိခဲ့တဲ့ ရိုးသားတဲ့ ချစ်ခင်မှု၊ နားလည်မှုနဲ့ ယုံကြည်မှုတွေကိုအခြေခံပြီး သမိုင်းသစ်တခု ရေးထိုးနိုင်ဖို့အတွက် အခုလို ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့မှာ သဝဏ်လွှာပေးပို့ပြီး ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
Read moreBorder News Agency သျှမ်း၊ ဖေဖော်ဝါရီ ၇ ။ ၇၉ ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကို RCSS / SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သျှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း ပြသခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်က "သျှမ်းအမျိုးသားနေ့" အမည်ကိုဖျောက်ပြီး "သျှမ်းပြည်နယ်နေ့" လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် သျှမ်းလူမျိုးတွေကတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒီနေ့ကိုသမိုင်းဝင်နေ့အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပနေတာ ဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားဟာ သျှမ်းလူမျိုးတွေအတွက် တန်းတူညီမျှခွင့်ရရှိရေးကိုကိုယ်စားပြုသလို သျှမ်းပြည်သားအားလုံး အေးတူပူအမျှ နေထိုင်ရေးကိုလည်း ရည်ရွယ်တယ်လို့ သိရပါတယ်။
Read moreBorder News Agencyဂမ်ဘီယာ၊ဇန်နဝါရီ ၂၇။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့က နိုင်ငံတကာတရားရုံး (ICJ) ကြားနာပွဲမှာဒုတိယအကျော့ လျှောက်လဲချက်မှာ ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေ Mr. Paul Reichler က...
Read moreBorder News Agencyမြောက်ဦး၊ဒီဇင်ဘာ ၂၁။ တိဘက်လူမျိုးများက သူတို့ကိုယ်သူတို့ ဘိုပါ(Bhopa)ဟုခေါ်သည်။ ဘိုပါအခေါ်အဝေါ်ကိုပင် ဥရောပသားအချို့က ဘိုတီးယား(Bhotia)ဟု ဆိုကြသည်။တိဘက်၊ ဘူတန်၊ ဆစ်ကင်သည် ဘိုတီးယားများဖြစ်ကြသည်။ လိုသျှမ်ပါ(Lhotshampa)များကို ဘူတန်များ မကြိုက်ရသည့်ကိစ္စ၏အ ကြောင်းရင်းခံများထဲတွင် ဆစ်ကင်း (Sikkim)ပြည်နယ်၏...
Read moreBorder News Agencyမြောက်ဦး၊ဒီဇင်ဘာ ၁၇။ လိုသျှမ်ပါ (Lhotshampa)ဟူသည် ဘူတန်ဒရုက်ပလူမျိုးစု (Drukpa ethnic groups)အုပ်စုများ၏ ဘာသာစကား အဓိပ္ပါယ်အရ"တောင်ပိုင်းနယ်စပ်တွင်နေထိုင်သူ"ပင်။ ဘူတန်တို့အခေါ်အရ"ဘူတန်ထဲတွင်နေ ထိုင်သောနီပေါလူမျိုးများကို လိုသျှမ်ပါ"ဟုခေါ်ကြခြင်းဖြစ်သည်။ လိုသျှမ်ပါများအား အခြားတဖက်တွင် ဘူတန်ဒုက္ခသည်(Bhutanese Refugee)ဟုလည်းခေါ်ကြသည်။ လိုသျှမ်ပါများကား...
Read moreBorder News Agencyဒါကာ၊ အောက်တိုဘာ ၂၈။ "ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေးအခြေအနေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှ ပိုမိုဖိဖိစီးစီးဆောင်ရွက်ခြင်း" သည် လို အပ်ချက်ဖြစ်သည်။ ဤလိုအပ်ချက်အပေါ် ရှုဒေါင့်ဘက်အသီးသီးမှအငြင်းပွားမှုမရှိပေ။ ဤအချက်တွင် အဓိကဇာတ်ဆောင်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ရိုဟင်ဂျာဒုက္ခသည်များဖြစ်သည်။ မာဂျီစနစ် (Majhi's...
Read moreနတ်သျှင်မေ ရေးပါတယ်။ Border News Agencyကော့ဘဇား၊ အောက်တိုဘာ ၂၈။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာအမျိုးသမီးတွေဟာ အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသလို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်း နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုကြပါတယ်။ အဲဒီမျိုးဆက်ပွားကျန်းမာရေးဆိုင်ရာစိန်ခေါ်မှုတွေဟာ ရိုဟင်ဂျာအမျိုးသမီးတွေ ကိုယ်စိတ်နှစ်ပါးကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး...
Read moreHey! Don't Copy my content.