Border News Agency
သျှမ်း၊ ဖေဖော်ဝါရီ ၇ ။
၇၉ ကြိမ်မြောက်သျှမ်းအမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကို RCSS / SSA ဌာနချုပ်လွိုင်တိုင်းလျန်းမှာ ဖေဖော်ဝါရီလ ၆ ရက်၊ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သျှမ်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း ပြသခဲ့ပါတယ်။
၁၉၆၂ ခုနှစ်နောက်ပိုင်း စစ်တပ်က “သျှမ်းအမျိုးသားနေ့” အမည်ကိုဖျောက်ပြီး “သျှမ်းပြည်နယ်နေ့” လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် သျှမ်းလူမျိုးတွေကတော့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ဒီနေ့ကိုသမိုင်းဝင်နေ့အဖြစ် ဆက်လက်ထိန်းသိမ်းကျင်းပနေတာ ဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားဟာ သျှမ်းလူမျိုးတွေအတွက် တန်းတူညီမျှခွင့်ရရှိရေးကိုကိုယ်စားပြုသလို သျှမ်းပြည်သားအားလုံး အေးတူပူအမျှ နေထိုင်ရေးကိုလည်း ရည်ရွယ်တယ်လို့ သိရပါတယ်။




































