Border News Agency
တရုတ်၊ စက်တင်ဘာ ၂၀။
အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယသမ္မတ ဦးညိုစောဟာတရုတ်နိုင်ငံ နန်နင်းနဲ့ ကွမ်ကျိုးအာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ကုန်သွယ်ရေးမြှင့်တင်ဖို့ဆွေးနွေးခဲ့ပါတယ်။
အဲဒီကွမ်ကျိုးမြို့တော်ဝန် မစ္စတာစွန်းကျီယန်နဲ့တွေ့ဆုံပြီး စက်တင်ဘာလ ၁၉ ရက်နေ့ကပင်လယ်ရေကြောင်းကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာပါ။
အဲဒီအပြင်စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး မစ္စတာဝေထောင်နဲ့တွေ့ဆုံပြီး ရပ်ဝန်းနဲ့ပိုးလမ်းမ (BRI) စီမံကိန်းအောက်က စီးပွားရေးစင်္ကြံလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ပြောဆိုခဲ့ပါတယ်။
နောက်ပြီးဖျင်လုတူးမြောင်းစီမံကိန်းနဲ့ AI နည်းပညာသုံး ကွန်တိန်နာဆိပ်ကမ်းလုပ်ငန်းတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ လက်လွှတ်ထားရချိန်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး လမ်းကြောင်းတွေကို အားကိုးဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။











