Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး လူမျိုးရေးရာ လူ့အခွင့်အရေး

ပိတ်လှောင်ခံဘဝထဲက ဆိုးကျော့သံသရာအလည်ရပ်စေဖို့ – ၂

Author picture

By

BNA Author
Reading Time: 4 mins read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ဒါကာ၊ အောက်တိုဘာ ၂၈။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအတွင်း လုံခြုံရေးအခြေအနေကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှ ပိုမိုဖိဖိစီးစီးဆောင်ရွက်ခြင်း” သည် လို အပ်ချက်ဖြစ်သည်။

ဤလိုအပ်ချက်အပေါ် ရှုဒေါင့်ဘက်အသီးသီးမှအငြင်းပွားမှုမရှိပေ။

ဤအချက်တွင် အဓိကဇာတ်ဆောင်မှာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ရိုဟင်ဂျာဒုက္ခသည်များဖြစ်သည်။

မာဂျီစနစ် (Majhi’s Systems)

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များနှင့် ပတ်သက်၍ နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ဖူးသောသမိုင်းရှိသည်။

၁၉၉၁ – ၁၉၉၂ ကာလများတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိလူများကို စီမံခန့်ခွဲရာတွင် အဆင်ပြေစေရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မာဂျီစနစ်ကို အသက်သွင်းခဲ့သည်။

မာဂျီစနစ်ကို အသက်သွင်းမှုတွင် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၏ စစ်ဘက်အာဏာပိုင်များနှင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများ၏ သဘောတူညီချက်များအဓိကကျသည်။

အစုလိုက်အပြုံလိုက်သိပ်သည်းနေသောလူအုပ်စုအား စီမံခန့်ခွဲရန်အတွက်(Focal point)အဖြစ်ရည်ရွယ်၍ မာဂျီစနစ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မာဂျီစနစ်ဟူသည် ဒုက္ခသည်စခန်းထဲမှ ခေါင်းဆောင်တဦးအား ရွေးချယ်ပေးထားသည့်စနစ်ဖြစ်သည်။

မာဂျီစနစ်က ဒုက္ခသည်စခန်းများတွင် လုပ်ပိုင်ခွင့်အလွှဲသုံးစားမှုနှင့်အကျင့်ပျ က်ခြစားမှုများစွာ ဖြစ်ပေါ်ခဲ့သည်။

၂၀၀၇ခုနှစ်တွင် UNHCRမှဒုက္ခသည်စ ခန်းများရှိသူများကို မှတ်ပုံတင်နိုင်ပြီးနောက်တွင် ထိုမာဂျီစနစ်ကို ဖျက်သိမ်းခဲ့သည်။

၂၀၁၇ နောက်ပိုင်းတွင်တော့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မာဂျီစနစ်ကို အသက်ပြန်သွင်းခဲ့သည်။

ဤတကြိမ်တွင်တော့ ကုလသမဂ္ဂဘက်က မာဂျီစနစ်၏ ဆိုးခြင်း၊ကောင်းခြင်းကို အတွေ့အကြုံရှိထားပြီဖြစ်သည်။

မာဂျီစနစ်နှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကိုလည်း ၂၀၁၈ခု နှစ်တွင် UNHCRမှအစီရင်ခံစာထုတ်ပြ န်ခဲ့သေးသည်။

လက်ရှိမာဂျီစနစ်

ဘင်္ဂလားဒေရှ့်ရှိ ဒုက္ခသည်စခန်း၏ ဘေးကင်းလုံခြုံမှုသည် ယခုအခါအာရက္ခဒေသ၏လုံခြုံရေးကို ရိုက်ခတ်လာပြီဖြစ်သည်။

သို့ဖြစ်၍ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိအဖြစ်အပျက်များကို အာရက္ခဒေသရှိလူထုတိုင်းသိရန် ကိုယ်ချင်းစာတတ်ရန်လိုလာသည်။

ထိုအခြေအနေများသည် ဒေသတွင်းအခြားနိုင်ငံများ၏ လုံခြုံရေးကိုပါ ရိုက်ခတ်နိုင်သည်ဟု တရုတ်နိုင်ငံသည်ပင်လျှင်ရှုမြင်ထားသည်။  

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးယောင်ဝမ်က ပြီးခဲ့သည့်ဩဂုတ်လ ၂၄ ရက်မှ ၂၆ ရက်ထိ ရိုဟင်ဂျာအရေး Stakeholderနိုင်ငံတကာညီလာခံဆွေးနွေးပွဲ၌ ကဏ္ဍအလိုက်ဆွေးနွေးမှုတွင် ပြောခဲ့သည်။

“ရခိုင်ပြည်မှနေရပ်စွန့်ခွာသူများသည် ဘင်္ဂလားဒေ့ရှ်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်လာစေပြီးလူမှုတည်ငြိမ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုများကို ထိခိုက်စေသည့်အပြင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားဆက်ဆံရေးနှင့်ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးကိုလည်း ထိခိုက်စေကြောင်း” ဟု တရုတ်သံအမတ်ကြီး ယောင်ဝမ်က ပြောခဲ့သည်။

ဘငျ်ဂလားဒေ့ရျှရိုဟငျဂြာဒုက်ခသည်စခန်းများ၏လုံခြုံရေးကို ချဉ်းကပ်ပါက ဒုက္ခသည်စခန်းရှိ လူမှုအဆောက်အအုံများလည်ပတ်မှုထိ သိရှိရန်လိုအပ်လာသည်။

မာဂျီစနစ်သည် ထိုလူမှုအဆောက်အအုံများထဲမှ အရေးကြီးသောအစိတ်အပိုင်းဖြစ်သည်။

မာဂျီစနစ်နှင့်ဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာဒု က္ခသည်စခန်းရှိအာဏာစီးဆင်းပုံ

လက်ရှိ ဘင်္ဂလားဒေ့ရှ်၏ရိုဟင်ဂျာဒုက္ခ သည်စခန်းရှိအုပ်ချုပ်ရေးအာဏာစီးဆင်းပုံတွင် အောက်ပါအစိတ်အပိုင်းများပါရှိပါသည်။

၁။ RRRC (The Refugee Relief and Repatriation Commissioner

  • ဘင်္ဂလားဒေ့ရှ်အစိုးရ၏ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့်ပြန်လည်နေ ရာချထားရေးကော်မရှင်နာဖြစ်သည်။

၂။ (MoDMR) The Ministry of Disaster Management and Relief

  • ဘင်္ဂလားဒေ့ရှ်၏ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနဖြစ်သည်။
  • ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ ရေးရာကိစ္စရပ်အားလုံးအပေါ် စီမံခန့်ခွဲမှု၏အမြင့်ဆုံးအာဏာပိုင်အဆင့်ဖြစ်သည်။RRRC သည် MoDMR ကို ကိုယ်စားပြုသည်။

၃။ The CiC (Camp-in-Charge)အဖွဲ့

CiC အဖွဲ့သည် မြေပြင်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ ကိစ္စရပ်များကို စီမံခန့်ခွဲရသောအလုပ်အဖွဲ့ဖြစ်သည်။ အဓိကအကောင်အထည်ဖော်ဆောင်ရွက်သူဖြစ်သည်။

CiC အား RRRC မှာရွေးချယ်ခန့်အပ်သည်။

ထိုသို့ရွေးချယ်ရာတွင် ဘင်္ဂလားဒေ့​ရှ်အစိုးရဝန်ထမ်းများကို အလှည့်ကျရွေးချယ်ခြင်းဖြစ်သည်။

CiC ၏ လုပ်ပိုင်ခွင့်မှာဒုက္ခသည်များ၏ ကိစ္စရပ်များကို စီမံခန့်ခွဲခြင်း၊ ဆုံးဖြတ်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဖြစ်သည်။

CiC သည် ရိုဟင်ဂျာဒုက္ခသည်စခန်းရှိ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာ ဏာကို တပိုင်းတစကိုင်ထားသောအဖွဲ့ဖြစ်သည်။

၄။ The Majhi’s (Camp Leaders) မာဂျီခေါင်းဆောင်များ

  • Majhis များကို CiC က ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။
  • မာဂျီများက CiC ကိုကူညီရသည်။ မာဂျီများသည် ရပ်ရွာခေါင်းဆောင်၊အများလေးစားယုံကြည်ခံရသူ၊ ဘာသာရေးဆရာစသဖြင့်ရှိနေနိုင်သော်လည်း အများအားဖြင့်သက်လတ်ပိုင်းအမျိုးသားများကို ခန့်အပ်ကြခြင်းဖြစ်သည်။ မာဂျီများက CiC ကိုကူညီရသည်။

၅။ The Armed Police Battalion (APBn)

ရိုဟင်ဂျာဒုက္ခသည်စခန်းရှိတရားဥပ ဒေစိုးမိုးရေးကိစ္စရပ်အပေါ် ကိုင်တွယ်ရသောလက်နက်ကိုင်ရဲတပ်ရင်းဖြစ်သ ည်။

ဘင်္ဂလားအစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် APBn ရဲတပ်ဖွဲ့ရှိသည်။

ယခင်ရှေးပိုင်းကာလများက ဘင်္ဂလားစစ်တပ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းအ တွင်း တရားဥပဒေစိုးမိုးရေးတာဝန်ကို ယူခဲ့သော်လည်း နောက်ပိုင်းတွင် APBn ထံ လုပ်ပိုင်ခွင့်အား လွှဲအပ်ခဲ့သည်။

၆။ ရပ်မိရပ်ဖနှင့်လူမှုအသိုက်အမြုံ

ဤအလွှာမှာ အမိန့်အာဏာ၏ ဘောင်ကွပ်မှုကို တိုက်ရိုက်ခံရသော အောက်ခြေကြမ်းခင်းအလွှာဖြစ်သည်။

ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ် ဖများ၊သာရေးနာရေ လူမှုအသိုက်အမြုံများပါဝင်သည်။

ဘင်္ဂလားဒေ့ရှ်၏ ရိုဟင်ဂျာဒုက္ခသည်စခန်း၏ ဘေးကင်းလုံခြုံမှုကို ချဉ်းက ပ်ပါက အထက်တွင်ဖော်ပြခဲ့သောအာ ဏာအဆောက်အအုံနှင့်လူမှုအသိုက်အ မြုံတို့၏ ပကတိအခြေအနေများကို ဆန်းစစ်ရန်လိုအပ်သည်။

ရိုဟင်ဂျာလက်နက်ကိုင်များ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းအမြစ်တွ ယ်ခြိမ်းခြောက်လာမှု၏ ကြေးမုံပြင်သ ည် ၎င်းအဆောက်အအုံများတွင် ရောင် ပြန်ဟပ်နေသည်။

ဆက်လက်ဖော်ပြပါမည်။

Sources: …

ကုလအစီရင်ခံစာမာဂျီစနစ်

  • https://reliefweb.int/report/bangladesh/protection-sector-working-group-cox-s-bazar-30-june-2018-protection-considerations
  • https://www.refworld.org/reference/countryrep/unhcr/2007/en/49265

မာဂျီရွေးချယ်မှုစနစ်

  • https://bigd.bracu.ac.bd/study/governance-within-forcibly-displaced-communities-evidence-from-rohingya-refugee-camps/?hl=en-GB
  • https://reliefweb.int/report/bangladesh/protection-sector-working-group-cox-s-bazar-30-june-2018-protection-considerations?hl=en-GB
  • https://www.thenewhumanitarian.org/news-feature/2019/08/26/Rohingya-women-refugee-elections?hl=en-GB
  • https://www.thenewhumanitarian.org/news/2019/08/26/Rohingya-refugees-vote?hl=en-GB

APBn ရဲအဖွဲ့

  • https://www.fortifyrights.org/bgd-inv-2023-08-10/?hl=en-GB

CiC

  • https://reliefweb.int/report/bangladesh/joint-capacity-sharing-initiative-multi-sector-training-platform-camp-charge-cic?hl=en-GB
  • https://www.graduateinstitute.ch/communications/news/human-rights-and-national-security-reflections-rohingya-refugee-camps?hl=en-GB
PrevPreviousရိုဟင်ဂျာအမျိုးသမီးတွေရဲ့မျိုးဆက်ပွားကျန်းမာရေးစိန်ခေါ်မှုတွေ ဘယ်လိုရှိနေလဲ
Next“အာရက္ခပြည်မှာရှိတဲ့ ကာယဉာဏဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်နိုင်ငံကောင်းသားပေါ် ထွက်လာမယ်ရည်မှန်းချက်နဲ့ပါ။”Next
Previous Post

ရိုဟင်ဂျာအမျိုးသမီးတွေရဲ့မျိုးဆက်ပွားကျန်းမာရေးစိန်ခေါ်မှုတွေ ဘယ်လိုရှိနေလဲ

Next Post

“အာရက္ခပြည်မှာရှိတဲ့ ကာယဉာဏဖွံ့ဖြိုးတိုးတက်ပြီး အနာဂတ်နိုင်ငံကောင်းသားပေါ် ထွက်လာမယ်ရည်မှန်းချက်နဲ့ပါ။”

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026
Photo - Chauk Revolution Army (CRA)

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

January 12, 2026

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ကို ICJ မှာစတင်ကြားနာ

January 12, 2026

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

Releated Post

“အဲဒီဦးကျော်သန်းဟာ ဘယ်လောက်ထိ ULA /AA ကိုအားမနာလုပ်လဲဆိုရင်… ရပ်ရွာအုပ်ချုပ်ရေးမှူးတယောက်အနေနဲ့ပေါ့။”

January 13, 2026
​ဓာတ်ပုံ - ချင်းညီနောင်

ချင်းညီနောင်လေးဖွဲ့ စုပေါင်းပြီး CPU / CPA ကို ဖွဲ့စည်း

January 12, 2026
ဓာတ်ပုံ - ပြန်ကြားရေးနဲ့မဟာမိတ်ဆက်ဆံရေးဌာနကြီး (SF/SAF)

စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်ခြောက်ဦးဖမ်းမိ

January 12, 2026
ဓာတ်ပုံ - PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာန

PSLF / TNLA ရဲ့ အလုပ်သင်ဗိုလ်သင်တန်း ဆင်းပွဲ

January 12, 2026
Hindustan Times

​အီရန်ဆန္ဒပြပွဲမှာ သေဆုံးသူငါးရာကျော်ရှိ

January 12, 2026
Photo - Chauk Revolution Army (CRA)

NUG လက်အောက် PDF အဖြစ် CRA တပ်ရင်းတရင်းပူးပေါင်း

January 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page