Border News Agency
မြေပုံ၊ ဒီဇင်ဘာ ၃။
မြန်မာဟာ ကမ္ဘာ့မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ကြောင့် ထိခိုက်မှုအများဆုံးဖြစ်နေတယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့မှ ဒီဇင်ဘာလ ၁ ရက်နေ့ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ မြေမြှုပ်မိုင်းတွေနဲ့စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့်သေဆုံး၊ ဒဏ်ရာရစာရင်းမှာ မြန်မာဟာကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မြေမြှုပ်မိုင်းတွေနဲ့စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် လူနှစ်ထောင့်နှစ်ရာ့ကိုးဦး သေဆုံးဒဏ်ရာရခဲ့ပါတယ်လို့ ဆိုပါတယ်။
တကမ္ဘာလုံးမှာမြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူစုစုပေါင်း ခြောက်ထောင့်နှစ်ရာခုနှစ်ဆယ်ကိုးဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တကမ္ဘာလုံးသေဆုံးဒဏ်ရာရသူဦးရေရဲ့ သုံးဆယ်ရာခိုင်နှုန်းဟာမြန်မာ နိုင်ငံကဖြစ်ပါတယ်လို့ ဆိုပါတယ်။
မြန်မာပြီးရင်ကမ္ဘာ့နံပါတ်၂ အများဆုံးနိုင်ငံက ဆီးရီးယားနိုင်ငံဖြစ်ပြီး မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးဒဏ်ရာရသူ တထောင့်တဆယ့်ငါးဦး ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။
နောက်ပြီး အာဖဂန်နစ္စတန်က လူခြောက်ရာနှစ်ဆယ့်လေးဦး၊ ယူကရိန်းကနှစ်ရာ့ကိုးဆယ်သုံးဦးနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေအသုံးပြုမှု ပမာဏကိုမသိနိုင်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်ရော လက်နက်ကိုင်တွေပါကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။
၂၀၂၅ အောက်တိုဘာလထိရရှိတဲ့ အစီရင်ခံစာတွေအရ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေဟာ မြို့ပေါင်းနှစ်ရာ့တဆယ့်တမြို့နယ်မှာရှိနေပြီး တနိုင်ငံလုံးရဲ့ ခြောက်ဆယ်လေးရာခိုင်နှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရသူတွေဟာ ပြန်လည်သန်စွမ်းရေးအထောက်အကူပြုပစ္စည်း
တွေ အကူအညီတွေလိုအပ်နေကြတယ်လို့ ဆိုကြပါတယ်။
မူရင်းအစီရင်ခံစာ – https://www.the-monitor.org/reports/landmine-monitor-2025










