Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး စီးပွားရေး သတင်း အာရက္ခဒေသ

စစ်ကော်မရှင်ရေတပ်ဘေးရန်ကြား ရေလုပ်သားတွေ ဝမ်းစာရှာနေရ

(ဓာတ်ပုံ - ဒေသခံတွေကို စစ်ကော်မရှင်ရေတပ်ခေါ်ယူစစ်ဆေးနေပုံ / BNA)

(ဓာတ်ပုံ - ဒေသခံတွေကို စစ်ကော်မရှင်ရေတပ်ခေါ်ယူစစ်ဆေးနေပုံ / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
4
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ဖြူ၊ အောက်တိုဘာ ၁၁။

စစ်ကော်မရှင်ရေတပ်က ဖမ်းဆီးမှုတွေ၊ ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ ရေလုပ်သားတွေဟာ အသက်စွန့်ဝမ်းစာရှာဖွေနေကြရတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

တရုတ်စီမံကိန်းတွေတည်ရှိတဲ့ မဒေးကျွန်းအနီးသံဇစ်မြစ်မှာ ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေဟာ ငါးဖမ်းခွင့်မရကြတာမို့ ဘဝရပ်တည်ရေးခက်ခဲနေကြတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

အဲဒီသံဇစ်မြစ်အတွင်း မဒေးကျွန်း၊ စစ်တော၊ သဲတန်း၊ သဲချောင်း၊ ဂန့်ဂါ၊ ဂြင်ကြီး၊ ငစိမ့်ပြင်၊ ဦးကင်း၊ စိုင်ခြုံစတဲ့ကျေးရွာလေးဆယ်ခန့်အပြင် ပြင်ဖြူမော်၊ ညင်တော၊ ငလပွေ့၊ တောင်းရင်းရပ်ကွက်တွေက ဒေသခံတွေဟာ ရေလုပ်ငန်းနဲ့မိသာစုစားဝတ်ရေးကို ဖြေရှင်းနေကြရတာလို့ ဆိုကြပါတယ်။

အဲဒီရေလုပ်သားတွေကို စစ်ကော်မရှင်တပ်က မီးလောင်ကွင်းထိသာ ငါးဖမ်းခွင့်ပေးထားပြီး ငါးဖမ်းဧရိယာထက်ကျော်ရင် စစ်ကော်မရှင်တပ်ကဖမ်းဆီးအရေးယူနေတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

“မီးလောင်ကွင်းထက်ကျော်ပြီးတော့ ပြင်ဖြူမော်ဖက်ကို သွားဖမ်းလို့မရပါဘူး။ အဲဒီဘက်ကျော်ရင် စစ်တပ်ကဖမ်းပါတယ်။ ငါးမရတော့ အဲဒီဘက်ကို ရောက်သွားတဲ့အခါရှိပါတယ်။ သူတို့ကဖမ်းမှ ဒီဘက်မှာငါးမဖမ်းရဘူးပြောတာပါ။ တိုက်ပွဲတွေလည်းဖြစ်နေတော့ ဝမ်းရေးကခက်ပါတယ်။ အဖမ်းအဆီးတွေရှိလည်း အဲ့ကြားကနေရေလုပ်ငန်းလုပ်ပြီး ဝမ်းစာရှာနေရတာပါ”လို့ ကျောက်ဖြူမြို့နယ်မှ ရေလုပ်သားတဦးက Border News Agency ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ရေလုပ်သားတွေကို ဖမ်းဆီးငွေညှစ်တာတွေ၊ ငါးဖမ်းစက်လှေနဲ့ငါးဖမ်းပိုက်ကွန်တွေကို သိမ်းယူတာတွေ ပြုလုပ်နေတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်၊ ဆားပြင်ကွင်းရပ်ကွက်က ရေလုပ်သားဆယ်ဦးကို အောက်တိုဘာလ ၃ ရက်နေ့ စစ်ကော်မရှင်တပ်ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီအပြင် ပေါက်တောမြို့နယ်က ရေလုပ်သားတွေကိုလည်း စစ်ကော်မရှင်ရေတပ်က ဆက်တိုင်းဖမ်းဆီးနေတာမို့ ပင်လယ်ပြင်ထွက်ငါးဖမ်းဖို့ စိုးရိမ်နေကြရတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

ဒါပေမယ့် အသက်ရှင်ရပ်တည်ရေး၊ စားဝတ်နေရေးအတွက် အသက်စွန့်ပြီးဝမ်းစာရှာငါးဖမ်းနေကြရတယ်လို့ ရေလုပ်သားတွေက ဆိုကြပါတယ်။

“ပင်လယ်ပြင်မှာက စစ်တပ်က ရေတပ်နေဗီတွေအမြဲသွားလာနေတာပါ။ အဝေးကဆိုလည်းချိန်ပြောင်းနဲ့ကြည့်ပြီး အမြန်ယာဥ်တွေနဲ့လာဖမ်းပါတယ်။ တခြားအလုပ်လည်းမလုပ်တတ်ပါဘူး။ အဖမ်းအဆီးတွေရှိလည်း အငတ်မနေနိုင်တော့ ပိုက်ချထွက်ရတာပါပဲ။”လို့ ပေါက်တောမြို့နယ်မှ ရေလုပ်သားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီပေါက်တောမြို့နယ်၊ ချောင်းဝနဲ့ ကုန်တန်းကျေးရွာက ငါးဖမ်းသမားခုနှစ်ဦးကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကော်မရှင်ရေတပ်ဟာ အမြန်ရေယာဥ်ငယ်တွေနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

အဲဒီအပြင် ပေါက်တောမြို့နယ်၊ တန်းတင်ကျေးရွာနဲ့ ငရုပ်ချောင်းရွာက ငါးဖမ်းသမားခြောက်ဦးကိုလည်း စက်တင်ဘာလ ၈ ရက်နေ့က စစ်ကော်မရှင်ရေတပ်မှ ဖမ်းဆီးသွားခဲ့ပါတယ်။

နောက်ပြီး ပေါက်တောမြို့နယ်၊ မြေငူကျွန်းအနီးမှာပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ ကလည်း ငါးဖမ်းသမားနှစ်ဆယ်သုံးဦးကို စစ်ကော်မရှင်ရေတပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်စစ်သင်္ဘောတွေဟာ အရပ်သားပြည်သူနေထိုင်ရာရပ်ကွက်၊ ကျေးရွာတွေအတွင်းသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာ၊ ပင်လယ်ပြင်ကမ်းနီးအတွင်း ဝမ်းစာရှာငါးဖမ်းထွက်နေကြတဲ့ ရေလုပ်သားတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။

PrevPreviousအာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြား ငါးနေရာမှာ တိုက်ပွဲတွေပြင်းထန်နေ
Nextကျောက်ဖြူမှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရNext
Previous Post

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်ကြား ငါးနေရာမှာ တိုက်ပွဲတွေပြင်းထန်နေ

Next Post

ကျောက်ဖြူမှာ စစ်ကော်မရှင်ရေတပ်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

Releated Post

ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများလူထုသပိတ်ကော်မတီ

ဆားလင်းကြီးမြို့နယ်မှာရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှား

December 6, 2025

သရက်ခရိုင်အမှတ် ၄ တပ်ရင်းရဲ့အခြေခံစစ်ပညာသင်တန်းဆင်းပွဲ

December 6, 2025

မာရကန်ကျေးရွာကိုစစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025
ဓာတ်ပုံ - ကရင်အမျိုးသားအစည်းအရုံး

မူးမြို့နယ်မှာစစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်လို့ အရပ်သားနှစ်ဦးသေဆုံး

December 6, 2025

မြောက်ဦးရှေးဟောင်းနယ်မြေမှာ လိုက်နာရမယ့်စည်းကမ်းတွေထုတ်

December 6, 2025

ဒီပဲယင်းမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်ရှစ်ဦးသေဆုံး

December 6, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page