Border News Agency
မကွေး၊ ဇန်နဝါရီ ၂ ။
မြန်မာနိုင်ငံတဝှမ်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၅ ခုနှစ်၊ တနှစ်အတွင်း မြို့နယ်ပေါင်းသုံးဆယ်ခုနှစ်မြို့နယ်ကို ပြည်သူကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဇန်နဝါရီလ ၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအပြင် မြို့နယ်ပေါင်းလေးဆယ်တမြို့ကိုလည်း ဆက်ပြီးဝိုင်းပတ်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီတော်လှန်ရေးအင်အားစုတွေဟာ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းမြောက်ဒေသတွေသာမက မကွေးနဲ့တနင်္သာရီဒေသတွေမှာမြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေကိုထိရောက်စွာ ဆင်နွှဲနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နဲ့ မောတောင်မြို့တွေကိုအပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဗန်းမော်၊ ကျော
က်ဖြူ၊ ဖာပွန်၊ ကသာနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာလည်း စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
မဟာဗျူဟာလမ်းတွေနဲ့ နယ်စပ်မြို့တွေစိုးမိုးမှုဟာ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသရှိ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးအဖွဲ့ တွေကထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့ဆိုပါတယ်။
အဲဒိမန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာတော်လှန်ရေးစိုးမိုးထိန်းချုပ်တဲ့ နယ်မြေတွေရှိနေသလို အဲဒီနယ်မြေတွေမှာ စစ်အုပ်ချုပ်ရေးယန္တရားဖျက်သိမ်းပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်မှုဟာ၂၀၂၅ ခုနှစ်မှာ ပိုပြီးအားကောင်းလာတယ်လို့ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းတွေဟာတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီသို့ ခြေလှမ်းမှန်မှန်နဲ့တစိုက်မတ်မတ် ရှေ့ဆက်နေကြတယ်လို့ဆိုပါတယ်။






