Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

​ဂမ်ဘီယာတင်ပြတဲ့သက်သေတွေဟာ ခိုင်လုံမှုမရှိကြောင်း မြန်မာရှေ့နေ Mr. Christopher Staker ချေပ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
20
VIEWS
Share on FacebookShare on Twitter

Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၀။

​ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ ကိုးကားတင်သွင်းထားတဲ့ စာရွက်စာတမ်းအထောက်အထားတွေဟာ ခိုင်လုံမှုမရှိတဲ့အပြင် ဘက်လိုက်မှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံရဲ့ဦးဆောင်ရှေ့နေ Mr. Christopher Staker က တုံ့ပြန်ချေပလိုက်ပါတယ်။

ဂမ်ဘီယာဟာ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ရဲ့အစီရင်ခံစာတွေကိုသာ အပြီးသတ်စီရင်ပြီးသားအဖြစ် တရားရုံးကလက်ခံဖို့ တောင်းဆိုနေပေမယ့် တရားရုံးအနေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအပေါ်မှာပဲ အခြေမခံသင့်ဘူးလို့ဆိုပါတယ်။

အဲဒီအပြင် ဂမ်ဘီယာရဲ့ သက်သေအများစုဟာ ဘင်္ဂလားဒေ့ရှ်ရှိဒုက္ခသည်စခန်းတွေကရတဲ့ တဆင့်စကား (Hearsay) တွေသာဖြစ်သလို အမည်အစစ်အမှန်ကိုဖုံးကွယ်ထားတာကြောင့် ယုံကြည်စိတ်ချရမှုမရှိဘူးလို့ သူကထောက်ပြခဲ့ပါတယ်။

အဲဒါကြောင့် တရားရုံးအနေနဲ့ မိမိရဲ့အချက်အလက် ရှာဖွေဖော်ထုတ်မှုဆိုင်ရာ တာဝန်တွေကို NGO သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတွေဆီ လွှဲပြောင်းပေးလို့မရဘဲ သတ်မှတ်ထားတဲ့သက်သေပြမှုစံနှုန်းတွေနဲ့အညီ ကိုယ်တိုင်စစ်ဆေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ နိုင်ငံတခုအပေါ်စွပ်စွဲနိုင်တဲ့ အပြင်းထန်ဆုံးစွပ်စွဲချက်ဖြစ်တဲ့အတွက် ခိုင်မာမှုမရှိတဲ့ အထောက်အထားတွေအပေါ်မှာ အခြေမခံသင့်ကြောင်း သူကထောက်ပြခဲ့တာပါ။

​အဲဒီအပြင် ဂမ်ဘီယာဘက်ကတင်ပြတဲ့ သက်သေထွက်ဆိုချက်လေးဆယ့်သုံးခုမှာ တခုကလွဲလို့ကျန်တာအားလုံးဟာ အမည်အစစ်အမှန်ကို ဖုံးကွယ်ထားတာကြောင့် ဒါဟာလူတစ်ဦးတည်းကပဲ ထွက်ဆိုချက်အမျိုးမျိုး ပေးနေတာလားဆိုတာ ခွဲခြားလို့မရနိုင်ဘူးလို့ ဆိုပါတယ်။

အဲဒီသက်သေတွေဟာ သက်သေကိုယ်တိုင်က လက်မှတ်ထိုးအတည်ပြုထားတဲ့ “ကျမ်းကျိန်လွှာ” မျိုးမဟုတ်ဘဲ “လူတွေ့မေးမြန်းမှုမှတ်တမ်း” တွေသာဖြစ်နေတဲ့အတွက် ဥပဒေကြောင်းအရယုံကြည်စိတ်ချရမှု အားနည်းနေတယ်လို့ တရားရုံးမှာတင်ပြခဲ့ပါတယ်။

​ဘင်္ဂလားဒေ့ရှ်ရှိ စခန်းတွေမှာနေထိုင်သူအချို့ဟာ ARSA အဖွဲ့ဝင်တွေ ဒါမှမဟုတ် ထောက်ခံသူတွေ ဖြစ်နိုင်သလို ကျန်တဲ့သူတွေဟာလည်း ARSA အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကို ကြောက်ရွံ့နေရတာကြောင့် အဖြစ်မှန်ကိုလွတ်လွတ်လပ်လပ် ထွက်ဆိုနိုင်ခြင်းမရှိတာလို့ ရှေ့နေကထောက်ပြပါတယ်။

အဲဒါကြောင့် ဂမ်ဘီယာကိုကူညီနေတဲ့ Legal Action Worldwide လို အဖွဲ့အစည်းတွေဟာလည်း သူတို့ရဲ့အမှုသည်တွေဆီကရတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဘက်ကိုမပေးဘဲ ဂမ်ဘီယာဘက်ကိုပဲ ပွင့်လင်းစွာဘက်လိုက်ပေးအပ်နေတာကြောင့် ဒီသက်သေတွေဟာ ယုံကြည်စိတ်ချရမှုမရှိဘူးလို့ ချေပထားပါတယ်။

PrevPreviousအမ်းမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံး
Nextဂမ်ဘီယာဟာ OIC ရဲ့ ကိုယ်စားလှယ်သာဖြစ်ပြီး မြန်မာကိုစွဲဆိုဖို့တာဝန်မရှိဘူးလို့ ဒေါက်တာနိုင်ဆွေဦးဆိုNext
Previous Post

အမ်းမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံး

Next Post

ဂမ်ဘီယာဟာ OIC ရဲ့ ကိုယ်စားလှယ်သာဖြစ်ပြီး မြန်မာကိုစွဲဆိုဖို့တာဝန်မရှိဘူးလို့ ဒေါက်တာနိုင်ဆွေဦးဆို

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့သက်ကြီးလူနာတဦးသေဆုံး

August 13, 2026
ဓာတ်ပုံ -​ Al Jazeera

ဟော်မုဇ်ရေလက်ကြားကို အပြည့်အဝထိန်းချုပ်ထားနိုင်တယ်လို့ ထရမ့်ပြော

August 12, 2026
ဓာတ်ပုံ - APM

စစ်တွေခရိုင်က စစ်ဘေးရှောင်တွေကို အာရက္ခကျန်းမာရေးဌာန မျက်လုံးအခမဲ့ခွဲစိတ်ပေး

August 12, 2026

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

August 12, 2026

မင်းဘူးနဲ့ရေနံချောင်းမှာ မြစ်ရေဝင်ရောက်

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

Releated Post

မင်းဘူးနဲ့ရေနံချောင်းမှာ မြစ်ရေဝင်ရောက်

August 12, 2026

ကိုလံဘီယာငလျင်အပျက်အစီးတွေကြား ကလေးငယ်တဦးကို အသက်လုကယ်ဆယ်နိုင်ခဲ့

August 12, 2026
ဓာတ်ပုံ - ​Al Jazeera

ဟော်မုဇ်ဆွေးနွေးပွဲမှာ တောင်းဆိုချက်သစ်တွေကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်လာ

August 12, 2026

ကိုလံဘီယာမှာ ငလျင်ကြောင့်လူတရာ့သုံးဆယ်ကျော်သေဆုံးပြီးသုံးထောင်နီးပါးပျောက်ဆုံးနေ

August 12, 2026

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးနဲ့ ဘိန်းဖြူခြောက်ဆယ့်ငါးဂရမ်ဖမ်းမိ

August 12, 2026

ထိုင်း-မြန်မာနယ်စပ်မှာ ယာဘဆေးပြားလေးသန်းဖမ်းမိ

August 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page