Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး သတင်း

ဂမ်ဘီယာရဲ့စွပ်စွဲချက်တွေဟာ ဥပဒေကြောင်းအရခိုင်မာမှုမရှိဘူးလို့ မြန်မာရှေ့နေ Ms. Alina Miron ချေပ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

Border News Agency 

ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၁။

ဂမ်ဘီယာဘက်က ICJ မှာတင်ပြထားတဲ့ “အပြစ်ပေးဖို့ ပျက်ကွက်တာဟာ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ ရည်ရွယ်ချက်ရှိတာပဲ” ဆိုတဲ့ စွပ်စွဲချက်ကို မြန်မာရှေ့နေ Ms. Alina Miron က ပယ်ချလိုက်ပါတယ်။ 

အဲဒီ အပြစ်ပေးဖို့ပျက်ကွက်တာ ဒါမှမဟုတ် သက်သေဖျက်ဆီးတယ်ဆိုတဲ့အချက်တွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ ပြစ်မှုမြောက်တဲ့လုပ်ရပ်တွေ မဟုတ်သလို ဒီအချက်တွေအပေါ် မူတည်ပြီး လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့ “သီးခြားရည်ရွယ်ချက်” ရှိပါတယ်လို့ ကောက်ချက်ချလို့မရဘူးလို့ သူကထောက်ပြလိုက်တာပါ။

​အဲဒီအပြင် အပြစ်ပေးဖို့ တာဝန်ရှိတယ်ဆိုတဲ့ကိစ္စကို ဥပဒေကြောင်းအရရှင်းပြခဲ့ပြီး နိုင်ငံတကာသဘောတူစာချုပ်အရ အစိုးရတရပ်ဟာပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့ သူ့မှာရှိတဲ့နည်းလမ်းတွေကိုအသုံးပြုပြီးအစွမ်းကုန်ကြိုးစားရမယ့်တာဝန်သာ ရှိတာဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။ 

ဂမ်ဘီယာ စွပ်စွဲသလိုမျိုး “ရလဒ်တခုကို မဖြစ်မနေထွက်ရမယ်” ဆိုတဲ့ တာဝန်မျိုးမဟုတ်တာကြောင့် တရားစွဲဆိုမှုမရှိတာနဲ့တင် လူမျိုးသုဉ်းသတ်ဖြတ်မှုမြောက်တယ်လို့ ပြောလို့မရကြောင်း သူမကဆိုပါတယ်။

နောက်ပြီးမြန်မာနိုင်ငံအနေနဲ့ ပြစ်မှုကျူးလွန်သူတွေကို လုံးဝအရေးမယူခဲ့တာမဟုတ်ဘူးဆိုတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတွေအတွင်းမှာ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့ကို  မြန်မာနိုင်ငံကတရားစွဲဆိုပြီး ထောင်ဒဏ်တွေတောင်ချမှတ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်လို့ ထောက်ပြခဲ့ပါတယ်။ 

အဲဒါကြောင့် ဂမ်ဘီယာအနေနဲ့ မြန်မာနိုင်ငံကအပြစ်ပေးဖို့ လုံးဝပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲနေတာဟာ အရှိတရားနဲ့ ကွဲလွဲနေတယ်လို့ ချေပသွားတာပါ။

​အဲဒီအပြင်စစ်ဆင်ရေးအတွင်း နေအိမ်တချို့ပျက်စီးတာရှိပေမယ့် အများစုဟာ ARSA အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရခိုင်ပြည်၊ မြောက်ပိုင်းက ကျေးရွာရာပေါင်းများစွာဟာ ထိခိုက်မှုမရှိဘဲ ပုံမှန်အတိုင်းရှိနေတာကြောင့် ဂမ်ဘီယာရဲ့ “နေရာအနှံ့အပြား ဖျက်ဆီးခံရပါတယ်” ဆိုတဲ့စွပ်စွဲချက်ဟာ အထောက်အထားမခိုင်လုံတဲ့ ယေဘုယျစွပ်စွဲချက်သက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။

​အဲဒီအပြင် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့တွေဟာ ဘက်လိုက်မှုရှိတယ်လို့ ယူဆတာကြောင့် မြန်မာနိုင်ငံက အသိအမှတ်မပြုတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကောက်ချက်တွေကို ဥပဒေကြောင်းအရ စိန်ခေါ်ပိုင်ခွင့်ရှိတာဟာ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ ကြံစည်တဲ့”သက်သေ” မဟုတ်ဘူးဆိုတာကိုလည်း Ms. Alina Miron က လျှောက်လဲခဲ့ပါတယ်။

PrevPreviousမဲဆောက်မြို့မှာအွန်လိုင်းဆယ်လီ LGBT လူငယ်တဦးအသတ်ခံရ
Nextကျောက်ထုမှာ စစ်ကော်မရှင်လေကြောင်းတိုက်လိုက်ခိုက်လို့အရပ်သားတဦးသေဆုံးNext
Previous Post

မဲဆောက်မြို့မှာအွန်လိုင်းဆယ်လီ LGBT လူငယ်တဦးအသတ်ခံရ

Next Post

ကျောက်ထုမှာ စစ်ကော်မရှင်လေကြောင်းတိုက်လိုက်ခိုက်လို့အရပ်သားတဦးသေဆုံး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

May 16, 2026

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

May 16, 2026

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

May 16, 2026

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

May 16, 2026

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

Releated Post

​ဓာတ်ပုံ - ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားအားတိုးဆေး ၆ မျိုး မသုံးစွဲဖို့ ကျန်းမာရေးဝန်ကြီးဌာန သတိပေး

May 16, 2026

​ချန်ရိုင်းမှာ စိတ်ကြွဆေးပြား ၄ သန်း သယ်ဆောင်လာတဲ့ကားဖမ်းခံရ

May 16, 2026

​တားမြစ်ဓာတုပစ္စည်းတွေပါဝင်တဲ့ အလှကုန် ၃ မျိုး မသုံးစွဲဖို့ FDA သတိပေး

May 16, 2026

ကျမလည်း ဗင်နစ်ဆာဂူလင်နဲ့စစ်မေတွေအပေါ် လိင်အမြတ်ထုတ်မှု

May 16, 2026
​ကိုးကား / ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲကြောင့် အိန္ဒိယမှာ စက်သုံးဆီဈေး ၃ ရာခိုင်နှုန်း မြှင့်တင်

May 16, 2026
​ကိုးကား - Khaosod

​ဟန်တာဗိုင်းရပ်စ်ကို အန္တရာယ်ရှိရောဂါအဖြစ် ထိုင်းအစိုးရ သတ်မှတ်

May 16, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page