Border News Agency
မြိတ်၊ ဇန်နဝါရီ ၂၇။
မြိတ် – ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်ထဲက ဖောင်းတောအရှေ့ကမ်းမှာရှိတဲ့ ဘောလုံးကွင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ နေအိမ်တလုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဇန်နဝါရီလ ၂၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဖောင်းတောအရှေ့ကမ်းဘောကွင်းအနီးကို ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်လေကြောင်းမှ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တလုံး ထိခိုက်ပျက်စီးသွားခဲဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေသလို သူတို့လက်လွှတ်လိုက်ရတဲ့ KNU ထိန်းချုပ်နယ်မြေတွေထဲက ပြည်သူတွေကိုအကြောက်တရားသွင်းဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။






