Border News Agency
မြောက်ဦး၊ ဧပြီ ၁၁။
အာရက္ခတပ်တော်(AA)စတင်တည်ထောင်တဲ့ ၁၇ နှစ်ပြည့်နေ့သဝဏ်လွှာမှာ တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လာမယ့်နှစ်ကိုအဆုံးအဖြတ်သတ်မှတ်တိုက်ပွဲဝင်ကြဖို့ လမ်းညွှန်မှာကြားလိုက်ပါတယ်။
အာရက္ခဒေသကအရေးကြီးမြို့တွေကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက်အရှိန်အဟုန်မြှင့်အားထုတ်သွားကြဖို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေကိုမှာကြားလိုက်တာပါ။
အာဏာသိမ်းစစ်တပ်တန်ပြန်ထိုးစစ်တွေပြုလုပ်လာနိုင်တာမို့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးသတိအမြဲရှိနေကြဖို့နဲ့လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့လည်း သတိပေးထားပါတယ်။
အဲဒီအပြင်တိုက်ပွဲကာလမှာ တပ်တော်ရဲ့စည်းမျဉ်းစည်းကမ်းတွေကို တိကျစွာလိုက်နာပြီး ပြည်သူတွေရဲ့ယုံကြည်အားကိုးမှုရရှိအောင် စံနမူနာပြနေထိုင်ကြဖို့လည်း အသိပေးထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူနဲ့စစ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ အာဏာသိမ်းစစ်တပ်ကကြည်းရေလေပူးပေါင်းခုခံနေပါတယ်။






