Border News Agency
မြောက်ဦး၊ ဧပြီ ၂၀။
အာရက္ခပြည်သူကိုယ်တိုင်သုံးသစ်တွေထုတ်လုပ်ရာမှာလိုက်နာရမယ့်ခုနှစ်ချ က်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့သစ်တောနဲ့သဘာဝပတ်ဝန်း ကျင်စီမံခန့်ခွဲရေးဌာနက ဧပြီလ၂၀ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီအိမ်သုံး၊ လယ်ယာနဲ့ငါးဖမ်းလုပ် ငန်းတွေအတွက် စီးပွားဖြစ်မဟုတ်ဘဲ ကိုယ်တိုင်သုံးဖို့ဆိုရင်သစ်တတန်ကို အခွန်လွတ်ထုတ်ယူခွင့်ပြုပါတယ်။
ဒါပေမယ့် သစ်ထုတ်မယ့်နေရာကို မြို့ နယ်သစ်တောဌာနမှာ ကြိုတင်အကြော င်းကြားရမှာဖြစ်ပြီး အိမ်ထောင်စုတစုဟာ တနှစ်မှာတကြိမ်သာထုတ်ခွင့်ရှိမှာပါ။
တကယ်လို့တတန်ထက်ပိုလိုအပ်ရင်သ က်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေရဲ့ ထောက်ခံချက်နဲ့သစ်တောဌာနမှာ သီးခြားလျှောက်ထားရမှာဖြစ်ပြီးဌာနက ကွင်းဆင်းစစ်ဆေးပြီးမှထပ်ထုတ်ခွင့်ပြုမှာဖြစ်ပါတယ်။
အဲဒီထုတ်ခွင့်ရတဲ့သစ်တွေကို စီးပွားရေးအရပြန်လည်ရောင်းချတာမျိုး လုံးဝမပြုလုပ်ဖို့တားမြစ်ထားပြီးစည်းက မ်းဖောက်ဖျက်တာစစ်ဆေးတွေ့ရင် သစ်အားလုံးကိုသိမ်းဆည်းမယ်လို့ဆိုပါတယ်။
အဲဒီအပြင်သစ်ထုတ်ယူခွင့်တနှစ်ပိတ်ပြီးဥပဒေအရအရေးယူသွားမယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ပြီးနောက်မောင်တောမြို့နယ်ကိုင်းကြီးကျေးရွာဆိပ်ကမ်းအပါအဝင်ကညင်ချောင်းစီး ပွားရေးဇုန်ဆိပ်ကမ်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ကျွန်းသစ်တင်ပို့ရောင်တာတွေရှိခဲ့တယ်လို့ပြည်သူတွေက ဆိုကြပါတယ်။






