Border News Agency
မြိုင်၊စက်တင်ဘာ ၂၁။
မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ပေါက်ပကဖဒရုန်းတပ်ဖွဲ့ကို ဆုငွေကျပ်သိန်းတသောင်းနဲ့ဂုဏ်ပြုလက်မှတ်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၂၀ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် လ၂၃ ရက်နေ့က တွင်းမရွာသို့လာတဲ့ အာဏာသိမ်းစစ်တပ်ရဟတ်ယာဉ်ကို ပေါက်ပကဖ ဒရုန်းတပ်ဖွဲ့က FPV အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့ ရဲဘော်ခုနှစ်ဦးကို ဂုဏ်ပြုတဲ့အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်တို့နဲ့ မကွေးယူနစ်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
ရှေ့ဆက်ပြီးလည်း အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဘက်ဗဟိုချက်မတွေကို အရှိန်အဟုန်မြှင့်ဆက်လက်ထိုးစစ်ဆင်ချေမှုန်းသွားမယ်လို့ဆိုပါတယ်။


















