Border News Agency
ဘီးလင်း၊စက်တင်ဘာလ၂၁။
မွန်ပြည်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စာသင်ကျောင်းနှစ်ကျောင်းအပါအဝင် နေအိမ်သုံးဆယ်ရှစ်လုံးပျက်စီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၂၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဘီးလင်းမြို့နယ်၊ယိုကလားကျေးရွာနဲ့ ထီးဖဒို့ထကျေးရွာကို စက်တင်ဘာလ ၁၉ ရက်၊ ည ၁၁ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်ကပေါင် ၅၀၀ ဗုံးလေးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ယိုကလားကျေးရွာအနောက်ပိုင်းရှိ စာသင်ကျာင်းအဆောက်အဦးနှစ်လုံးအပါအဝင် နေအိမ်သုံးဆယ်ရှစ်လုံးပျက်စီးခဲ့ပါတယ်။
အဲဒီအပြင်စစ်တပ်ဘက်မှ ၁၂၀ မမ လက်နက်ကြီးလေးလုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူပိုင်စိုက်ပျိုးခြံတွေ ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေရှိရာနေရာကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေသလို အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အရပ်သားပြည်သူတွေဟာ နေ့စဉ်ကြောက်ရွံ့မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။


















