Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
သတင်း

​မီဇိုရမ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လက်နက်ကိုင်သုံးဦး ဖမ်းဆီးခံရ

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
15
VIEWS
Share on FacebookShare on Twitter

Border News Agency
​အိုက်ဇောလ်၊ မေ ၂၇။

​အိန္ဒိယ – ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မီဇိုရမ်ပြည်နယ်အတွင်း တရားမဝင်လက်နက်မှောင်ခိုပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလက်နက်ကိုင်သုံးဦးကို လက်နက်ခဲယမ်းအများအပြားနဲ့အတူ မေလ ၂၄ ရက်နေ့က အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ (BSF)နဲ့ ရဲပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

​သူတို့ဟာ ဘင်္ဂလားဒေ့ရှ်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ United People’s Democratic Front-Prasit (UPDF-P) အဖွဲ့ဝင်တွေလို့ သံသယရှိရသူ အာပွန်ချက်ခ်မာ၊ နီဟာရမ်ဂျန်ချက်ခ်မာနဲ့ မိုနီကာဘာရီချက်ခ်မာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို အိုက်ဇောလ်ခရိုင်မှာဖမ်းဆီးတာဖြစ်ပြီး ဒါမ်ပါကျားထိန်းသိမ်းရေးနယ်မြေကိုဖြတ်ကာ တောလမ်းအတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲခိုးဝင်ဖို့ ကြိုးပမ်းခဲ့ကြတာမို့ ဆိုင်းရန်းရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

​သူတို့ရဲ့ထွက်ဆိုချက်အရ ဒါမ်ပါကျားထိန်းသိမ်းရေးစင်္ကြံ တောနက်ကြီးအတွင်းရှာဖွေခဲ့ရာ ဖမ်းဆီးခံရတဲ့နေရာနဲ့ ၈ ကီလိုမီတာအကွာမှာ ဝှက်ထားတဲ့ AK- 47 ကျည်ဆံ ၁,၇၉၉ တောင့်ကို ပထမအကြိမရှာတွေ့ခဲ့ပါတယ်။

အဲဒီအပြင်ဆိုက်သာ့ခ်ကျေးရွာ တောတွင်းတနေရာကနေ AK-47 ရိုင်ဖယ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခုနဲ့ ကျည်ဆံ ၁၂ တောင့်တို့ကိုဒုတိယအကြိမ်ထပ်သိမ်းရခဲ့တာပါ။

​သူတို့ထွက်ဆိုချက်အရ အိုက်ဇောလ်မှာနေထိုင်တဲ့ ဒေါက်တာပရီတီချက်ခ်မာဆိုသူက လက်နက်တွေကို ဘင်္ဂလားဒေ့ရှ်သို့ယူဆောင်နိုင်ရေး ကူညီပေးဖို့ ညွှန်ကြားခဲ့တာလို့ဆိုပါတယ်။

သူတို့မှာရိက္ခာခြောက်တွေအပြင် လက်နက်တွေ ရာသီဥတုဒဏ်ခံနိုင်အောင် ထုပ်ပိုးဖို့ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကိုပါ တွေ့ရှိခဲ့ရပါတယ်။

​အဲဒီဘင်္ဂလားဒေ့ရှ်အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UPDF-P နဲ့ PCJSS တို့ဟာ သွားလာရခက်ခဲတဲ့ ဒါမ်ပါကျားထိန်းသိမ်းရေးနယ်မြေကို စခန်းချရာနဲ့ လျှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းအဖြစ် သုံးလာကြတာလို့ဆိုပါတယ်။

PrevPreviousမောင်တောမှာ အာရက္ခတပ်တော် ဖမ်းထားသူတရာကျော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို
Nextမြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ ၃Next
Previous Post

မောင်တောမှာ အာရက္ခတပ်တော် ဖမ်းထားသူတရာကျော်ကို ပြန်လွှတ်ပေးဖို့ တောင်းဆို

Next Post

မြေယာ၊ပဋိပက္ခနှင့်ကုလသမဂ္ဂ ၃

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo - ONN

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

September 28, 2026
ဓာတ်ပုံ - ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဆယ်ကျော်သေဆုံး

September 28, 2026
ဓာတ်ပုံ-ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှုသုံးဆယ်သုံးဦးထိသေဆုံး(ဓာတ်ပုံသတင်း)

September 28, 2026

မုတ္တမကွေ့အနီးဖြတ်ကျော်မယ့် မုန်တိုင်းငယ်ကိုအနီရောင်အဆင့်သတ်မှတ်

September 28, 2026

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဆယ်ကျော်သေဆုံး

ကျောက်တော်လေကြောင်းတိုက်ခံရမှုသုံးဆယ်သုံးဦးထိသေဆုံး(ဓာတ်ပုံသတင်း)

မုတ္တမကွေ့အနီးဖြတ်ကျော်မယ့် မုန်တိုင်းငယ်ကိုအနီရောင်အဆင့်သတ်မှတ်

သံတွဲမြို့နယ်ငပလီကို စစ်တပ်ကလေကြောင်းတိုက်ခိုက်

ထားဝယ်ပြည်သူ့ဆေးရုံကြီးအနီး ရေကြီးနေ

Releated Post

Photo - ONN

ကျောက်​တော်လေကြောင်းတိုက်ခိုက်ခံရမှု ငါးဆယ်သုံးဦးထိသေဆုံး

September 28, 2026
ဓာတ်ပုံ - ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှု သုံးဆယ်ကျော်သေဆုံး

September 28, 2026
ဓာတ်ပုံ-ONN

ကျောက်တော်လေကြောင်းတိုက်ခံရမှုသုံးဆယ်သုံးဦးထိသေဆုံး(ဓာတ်ပုံသတင်း)

September 28, 2026

မုတ္တမကွေ့အနီးဖြတ်ကျော်မယ့် မုန်တိုင်းငယ်ကိုအနီရောင်အဆင့်သတ်မှတ်

September 28, 2026

သံတွဲမြို့နယ်ငပလီကို စစ်တပ်ကလေကြောင်းတိုက်ခိုက်

September 28, 2026
​ဓာတ်ပုံ - သားလေး

ထားဝယ်ပြည်သူ့ဆေးရုံကြီးအနီး ရေကြီးနေ

September 28, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page