Border News Agency
လယ်ဒို၊မေ ၂၈။
ခလယ်လွီထူခရိုင်၊လယ်ဒိုမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မေလ ၂၆ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲ့ လယ်ဒိုမြို့နယ်ကို မေလ ၂၆ ရက်နေ့ကအာဏာသိမ်းစစ်တပ်ရဲ့တောင်ငူလေတပ်မှတိုက်လေယာဥ်တစီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ငဖယ်အင်းကျေးရွာအတွင်းသို့ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ စောပြည်ကျော်ရဲ့နေအိမ်တလုံးနဲ့နွားလှည်းနှစ်စီးပျက်စီးခဲ့ရသလို စောမောင်တိုးရဲ့ နွားတင်းကုတ်တလုံးနဲ့ နွားလှည်းနှစ်စီးလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလယ်ဒိုမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်မှ အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့နေ့စဉ်ရက်ဆက် ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ နေကြရတယ်လို့ ဆိုပါတယ်။









