Border News Agency
မြဝတီ၊ဇူလိုင် ၁၀။
အာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မင်းလက်ပံတိုက်ပွဲမှာ အာဏာသိမ်းစစ်သားတွေသေဆုံးဒဏ်ရာရများနေကြတာမို့ အာဏာသိမ်းစစ်တပ်ကလေကြောင်းပစ်ကူပေးနေပါတယ်။
အဲဒီထိုင်း-မြန်မာနယ်စပ်၊မြဝတီတောင်ဖက်ဆယ်မိုင်ခန့်အကွာ မင်းလက်ပံကိုအာဏာသိမ်းစစ်တပ်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး အာဏာသိမ်းစစ်တ ပ်တိုက်လေယာဥ်တွေနဲ့လေကြောင်းပစ်ကူပေးနေတာပါ။
အဲဒီလေကြောင်းပစ်ခတ်မှုတွေကို သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံ၊မဲဆောက်မြို့ကလည်းကြားနေရပြီး ထိုင်းနိုင်ငံကလုံခြုံရေးတင်းကျပ်ထားပါတယ်။
“ပစ်ခတ်သံတွေကတော့ ကြားနေရပါတယ်။အမြဲတမ်းတော့မဟုတ်ပါဘူး။ ဆက်တိုင်းကြားရသလိုရပ်သွားတာလ ည်းရှိပါတယ်။အသံတွေကြားနေရတာကနှစ်ရက်၊သုံးရက်ရှိနေပါပြီ။” လို့ မဲဆောက်မြို့နေသူတဦးက Border New s Agency ကို ပြောပါတယ်။
အဲဒီမင်းလက်ပံတိုက်ပွဲမှာအာဏာသိမ်းစစ်သားထောင်ချီအသုံးပြုထိုးစစ်ဆင်နေပေမယ့် သေဆုံးဒဏ်ရာရသူတွေများနေတာမို့ လက်နက်ကြီးပစ်ကူတွေအပြင်လေကြောင်းပစ်ကူတွေအများကြီးပေးနေတာလို့ မြေပြင်စစ်ရေးသ တင်းရင်းမြစ်တွေက ဆိုကြပါတယ်။
အဲဒီအာဏာသိမ်စစ်သားတွေကိုအမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)က ကြားဖြတ်တိုက်ခိုက်တာမို့ အာဏာသိမ်းစစ်သားတွေသေဆုံးဒဏ်ရာရနေကြပေမယ့် ဆက်တိုက်နေကြတာမို့တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ဆိုကြပါတယ်။






