Border News Agency
ရန်ကုန်၊ဇူလိုင် ၁၄။
မြန်မာနိုင်ငံတဝှမ်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် အရေးပေါ်လိုအပ်ချက်တွေ ပိဆိုးလာပြီး လူဦးရေဆယ့်ခြောက်သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂအ ဖွဲ့အစည်းတွေပါဝင်တဲ့ လူသားချင်းစာ နာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေထုတ်ပြန်ပါတယ်။
နိုင်ငံတဝှမ်စစ်ဘေးရှောင်သုံးဒသမရှစ်သန်းနီးပါးရှိနေပြီး မကွေးတိုင်းမှာလူ ဦးရတသိန်းကျော် ထပ်မံနေရပ်စွန့်ခွာခဲ့ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊မတ်လကုန်ထိလူဦရေတဒသမခြောက်သန်းကို အကူအ ညီပေးနိုင်ခဲ့ပေမယ့် လက်နက်ကိုင်ပဋိ ပက္ခတွေနဲ့သွားလာခွင့်ကန့်သတ်ချက်တွေကြောင့် အကူအညီပေးရေးတွေ ဟန့်တားခံနေရဆဲလို့ဆိုပါတယ်။
အဲဒီအပြင် ဒီနှစ်လိုအပ်တဲ့ရန်ပုံငွေအမေရိကန်ဒေါ်လာရှစ်ရာ့ကိုးဆယ်သန်းမှာ လေးဆယ်သုံးရာခိုင်နှုန်းသာ ရရှိထားသေးတာမို့အသက်ကယ်ဆယ်ရေးတွေ ဆက်လုပ်နိုင်ဖို့အလှူရှင်တွေရဲ့ ပံ့ ပိုးမှုအရေးပေါ်လိုအပ်နေတယ်လို့လည်းဆိုပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာလည်း ရေဘေးသင့်ပြည်သူတွေအပါအဝင် စစ်ဘေးရှောင်သိန်းချီရှိနေပြီး လူသားချင်းစာနာထောက်ထားမှုဆို င်ရာအကူအညီတွေလိုအပ်နေကြပါတယ်။






