Border News Agency
ဘန်ကောက်၊ဇူလိုင် ၁၃။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့် ဩဂုတ်လဆန်းမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးသွားဖို့ ရှိနေတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေကို ကိုးကားပြီး Bangkok Post သတင်းစာက ဒီနေ့ဖော်ပြပါတယ်။
အဲဒီခရီးစဉ်ဟာ စစ်တပ်စိတ်ကြိုက်ပုံဖော်ထားတဲ့ ရွေးကောက်ပွဲအပြီးပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတအဖြစ် အာဏာရယူခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံဆီ သွားမှာပါ။
သူဟာ သမ္မတတုအဖြစ် အာဏာရယူပြီးနောက်ပိုင်း တရုတ်၊ အိန္ဒိယနဲ့လာအိုနိုင်ငံတွေသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထိုင်းခရီးစဉ် အသေးစိတ်ကို ထုတ်ပြောတာမရှိသေးပါဘူး။
ထိုင်းနိုင်ငံဟာ အာဆီယံအဖွဲ့နဲ့အာဏာ သိမ်းစစ်တပ်ကြား ဆက်ဆံရေးပြန်အ ဆင်ပြေစေဖို့ ကြိုးပမ်းပေးနေတဲ့အဓိက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။






