Border News Agency ရန်ကုန်၊ ဖေဖော်ဝါရီ ၅။ စစ်မှုထမ်းဖို့ လူအင်အားမပြည့်မီတဲ့အတွက် ကျောက်ကပ်ဝေဒနာရှင်တွေအပါအဝင် ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါ စစ်ကော်မရှင်တပ်က ဆရာဝန်တွေကိုလာဘ်ထိုးကာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) ဆီအလင်းဝင်လာတဲ့ တပ်သားနိုင်ခန့်ကျော်ရဲ့ ပြောပြချက်အရ သူဟာကျောက်ကပ်မှာကျောက်တည်နေတာမို့ ခွဲစိတ်ကုသထားရသူဖြစ်ပြီး လိုအပ်တဲ့ဆေးလက်မှတ်တွေ အပြည့်အစုံရှိပေမယ့်လည်း စစ်ကော်မရှင်ကအတင်းအဓမ္မ စစ်ထဲသွင်းခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော့်ကို ဆေးစစ်တဲ့အချိန်မှာ ကျောက်ကပ်ခွဲထားရတဲ့ ဆေးလက်မှတ်တွေအကုန်ပြပေမယ့် ဆေးစစ်တဲ့လူက ဆေးမအောင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အရာရှိတွေကဆရာဝန်တွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ကျွန်တော့်ကို အတင်းဆေးအောင်တယ်ဆိုပြီး လက်မှတ်ထုတ်ပေးခဲ့တာပါ။" လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ လစဉ်ပေးပို့ရမယ့် စစ်မှုထမ်းအင်အားမပြည့်မီတာမို့ ကျန်းမာရေးချို့တဲ့သူတွေကိုပါ မဖြစ်မနေ ထည့်သွင်းနေတာဖြစ်ပြီး သင်တန်းကာလအတွင်း နေမကောင်းဖြစ်တာတောင် "လိမ်နေတယ်" ဆိုပြီး ဆေးကုသခွင့်မပေးဘဲ အတင်းအဓမ္မလေ့ကျင့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ သူစစ်မှုထမ်းအပတ်စဉ် ၁၆ မှာ လူပေါင်း ၆၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ၉၀ ရာခိုင်နှုန်းခန့်ဟာ အတင်းအဓမ္မစုဆောင်းခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီတပ်သားနိုင်ခန့်ကျော်ဟာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဆောက်ကျေးရွာကဖြစ်ပြီး စစ်ကော်မရှင်ဆီ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူတဦးဖြစ်ပြီး မအီဆေးရုံကနေ ရန်ကုန်ကိုဆေးလာကုရင်း လမ်းမှာစစ်ကော်မရှင်တပ်ဖမ်းဆီးတာခံလိုက်ရတာလို့ ဆိုပါတယ်။
Read moreBorder News Agencyရမ်းဗြဲ၊ ဇန်နဝါရီ ၂၄။ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ကလေးငယ်တွေကို ဝေဟင်အောင်ဖောင်ဒေးရှင်းမှ စိတ်ပိုင်းဆိုင်ရာအကူအညီတွေပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီအကူအညီတွေကို ဆရာအောင်ရဲခန့်ကဦးဆောင်ပြီး ဝေဟင်အောင်ဖောင်ဒေးရှင်း၊ ပြည်တွင်းပြည်ပမှ အလှူရှင်တွေကူညီပေးခဲ့တာလို့ ဆိုပါတယ်။ အဲဒီဆရာအောင်ရဲခန့်ကဦးဆောင်ပြီး ဝေဟင်အောင်ဖောင်ဒေးရှင်း၊ ပြည်တွင်းပြည်ပမှ...
Read moreနတ်သျှင်မေ၊သော်တာ၊မင်းထွန်းပူး ပေါင်းရေးသားထားပါတယ်။ Border News Agencyရမ်းဗြဲ၊ နိုဝင်ဘာလ ၃၀။ မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ရခိုင်၊ မွန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသတွေရဲ့သဘာဝလက်ဆောင် ဘိုးဘွားအမွေဒီရေတောတွေဟာ လက်ရှိကာလမှာတော့ စစ်ပွဲတွေရဲ့အလယ်မှာထိန်းသိမ်းမှုမဲ့ပျက်စီးလာနေပါတယ်။ ကမ္ဘာမြေရဲ့အဖိုးတန်အပြာရောင်ကာဗွန်သိုလှောင်ရုံတွေနဲ့ကမ်းရိုးတန်းဒေသရှိ လူဦးရေငါးသန်းကျော်ရဲ့အသက်သွေးကြောဖြစ်ခဲ့တဲ့ သဘာဝအမွေအနှစ်ဒီရေတောတွေဟာလက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ စနစ်တကျစောင့်ကြည့်ထိန်းသိမ်းသူမဲ့ဖြစ်လာနေတာပါ။ (ဓာတ်ပုံ...
Read moreHey! Don't Copy my content.