Border News Agency
မအီ၊ဇူလိုင် ၂၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သုံးမြို့ကို ဇူလိုင်လ ၁၉ တရက်တည်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးသေဆုံးပြီးသုံးဆယ်နီးပါးဒဏ်ရာရသွားပါတယ်။
အဲဒီတောင်ကုတ်မြို့နယ်၊မအီမြို့၊အမှတ် ၂ ရပ်ကွက်နဲ့အမှတ် ၃ ရပ်ကွက်ကို ဇူလိုင်လ ၁၉ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ငါးဦးသေဆုံးပြီးသံဃာတော်တပါးအပါအဝင်နှစ်ဆယ်နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီအပြင် သံတွဲမြို့ကို ဇူလိုင်လ ၁၉ ရ က်နေ့၊ညနေ ၄ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့လေးဦးဒဏ်ရာရသွားပြီးနေအိမ်တွေလည်း ပျက်စီးသွားပါတယ်။
နောက်ပြီးပုဏ္ဏားကျွန်းမြို့နယ်၊တောင်ပေါက်ဘုန်းကြီးကျောင်းအနီးကို ဇူလိုင်လ ၁၉ ရက်နေ့၊ညနေ ၆ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေ ကြောင်းတိုက်ခိုက်လို့ သံဃာတော်နှစ်ပါးနဲ့ပြည်သူတဦး ဒဏ်ရာရသွားပါတ ယ်။
အဲဒါကြောင့် တရက်တည်းမှာ ပြည်သူငါးဦးသေဆုံးပြီး သံဃာတော်သုံးပါးနဲ့ပြည်သူနှစ်ဆယ်ခြောက်ဦးဒဏ်ရာရသွားသလို ခရစ်ယာန်ဘုရားကျောင်း တဆောင်နဲ့နေအိမ်အလုံးနှစ်ဆယ်လည်း ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို အာဏာသိမ်းစစ်တပ်ကကြည်းရေလေသုံးခုစလုံးကပစ်ခတ်တိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတာမို့ ပြ ည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒီလူနေထူထပ်တဲ့အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေ၊စာသင်ကျော င်းတွေ၊ဆေးရုံတွေ၊ဆေးခန်းတွေ၊ဘာသာရေးအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပင်လယ်ကမ်းနီးမြို့၊ ရွာတွေက မိဘပြည်သူတွေဟာ အာဏာ သိမ်းစစ်တပ်ရေကြောင်း၊လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိ ထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။







