Border News Agency
ထိုင်း၊ဇူလိုင် ၂၄။
ထိုင်းနိုင်ငံရှိမြန်မာလုပ်သားတွေစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာ-ထိုင်းနည်းပညာအဆင့် ဆွေးနွေးပွဲကို ဇူလိုင်လ ၂၃ ရက်၊မနက်ပိုင်းမှာ ဗီဒီယိုကွန်ဖရင့်ကတဆင့်ဆွေးနွေးခဲ့တယ်လို့ ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဲဒီဆွေးနွေးပွဲမှာ ထိုင်းအလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆုမ်ချိုင်း မိုရာကော့ စီဝမ်နဝတ်နဲ့ မြန်မာအလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြတာပါ။
အဲဒီအပြင် နှစ်နိုင်ငံအလုပ်သမားဌာန တာဝန်ရှိသူတွေနဲ့ ဘန်ကောက်မြို့ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ လိုက်လံစစ်ဆေး ဖမ်းဆီးနေပြီး ခုရက်ပိုင်းအတွင်း ချွန်ဘူရီ၊ရယောင်းနဲ့ ဘန်ကောက်မှာ မြန်မာလုပ်သားခုနှစ်ဆယ်နီးပါး အရေးယူခံထားရပါတယ်။










