Border News Agency
ပုသိမ်း၊ သြဂုတ် ၉။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရေဘေးဒဏ်သင့်ဒေသကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေ စုစုပေါင်း ငွေကျပ် ၂၃ ဒသမ ၃၂၄ ဘီလီယံကျော်ရတယ်လို့ အာဏာသိမ်းစစ်တပ်ထုတ်ပြန်ပါတယ်။
အဲဒီပုသိမ်မြို့၊ မြို့တော်ခန်းမမှာ သြဂုတ်လ ၈ ရက်၊ မနေ့က လေးမျက်နှာမြို့ နယ်ရေဘေးကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးငေေအလှူငွေပေးပွဲမှာ ပြောတာပါ။
အဲဒီမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်နဲ့ ဒေါက်တာစိုးဝင်းပါဝင်ပါတယ်။
အဲဒီလေးမျက်နှာမြို့နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့စတင်ပြီး ငဝန်မြစ်ရေကာတာကျိုးပေါက်ကာ ကျေးရွာအများအပြားရေနစ်နေတာပါ။
အဲဒါကြောင့် လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းရှစ်ဆယ်ရာခိုင်နှုန်းခန့် ရေလွှမ်းခံထားရပြီး ငါးသိုင်းချောင်းမြို့ထိ ရေတွေဝင်ခဲ့ပါတယ်။










