Border News Agency
ဆမီး၊သြဂုတ် ၁၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ အမှတ် ၂ ရပ်ကွက်ကို သြဂုတ်လ ၁၂ ရက်နေ့ညက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့တဦးသေပြီး ကိုးဦးဒဏ်ရာရသွားတာပါ။
အဲဒီဆမီးမြို့၊အမှတ် ၂ ရပ်ကွက်ကို သြဂုတ်လ ၁၂ ရက်နေ့ည ၁၁ နာရီ ၂၃ မိန စ်အချိန်မှ ၁၁ နာရီ ၄၀ မိနစ်အချိန်ထိ လေးကြိမ်လေကြောင်းတိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် အသက်တဆယ့်ခြောက်နှစ်အရွယ် မထွေးမေသေဆုံးပြီး ဦးနိုင်တင်၊ ဒေါ်ပြောင်နွဲ့အပါအဝင် အသက်ရှစ်နှစ်အရွယ်မောင်ခိုင်လင်းအောင်၊ အသက်ဆယ်နှစ်အရွယ်မောင်ထွန်းလင်းနိုင်၊အသက်တဆယ့်တနှစ်အရွယ် မောင်စိုးမိုးအောင်ဒဏ်ရာရသွားကြပါတယ်။
အဲဒီအပြင် ဆမီးမြို့အဝင်အနီးဝန်းကျင်မှ နောက်ထပ်လေးဦးတို့မှာလည်း ဗုံးစထိမှန်ပြီး ဒဏ်ရာရသွားခဲ့ကြပါတယ်။
အဲဒီပလက်ဝမြို့ကို သြဂုတ်လ ၁၁ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ကျောင်းသူနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏလုပ်နေလို့ ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။
Border News Agency






