Border News Agency
ပုဏ္ဏားကျွန်း၊စက်တင်ဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖက်ကျကျေးရွာကိုအာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဖက်ကျကျေးရွာကို စက်တင်ဘာလ ၁၇ ရက်၊ည ၁၁ နာရီခွဲအချိန်ခန့်မှာ အာဏာသိမ်းစစ်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဖက်ကျကျေးရွာမှ အသက်လေးဆယ်အရွယ် ဦးအောင်မြင့်နိုင်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် သူရဲ့နေအိမ်လည်းမီးလောင်သွားခဲ့သလို လယ်ထွန်စက်အပါအဝင် လယ်ယာလုပ်ငန်းသုံးပစ္စည်းတွေနဲ့ လှောင်ထားတဲ့စပါးတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်တွေ- ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်နဲ့ အာဏာသိမ်းစစ်တပ်တို့ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အဲဒါကြောင့် အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေကိုရွယ်ရည်ချက်ရှိရှိ လေကြောင်း၊ လက်နက်ကြီးတွေ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။










