Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်တော်မြို့နယ် စစ်ရေး နိုင်ငံရေး မြောက်ဦးခရိုင် သတင်း အာရက္ခဒေသ

ကျောက်တော်ကန်စောက်တောင်တန်းကို တိုက်လေယာဉ်အုပ်လိုက်လေကြောင်းတိုက်ခိုက်

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ကို နိုဝင်ဘာလ ၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရပုံ/AA)

(ဓာတ်ပုံ - ကျောက်တော်မြို့နယ်ကို နိုဝင်ဘာလ ၁ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ပြီးနောက်တွေ့ရပုံ/AA)

Author picture

By

Swe Zin Htike
Reading Time: 1 min read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency

ကျောက်တော်၊ နိုဝင်ဘာ ၂။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊ကန်စောက်တောင်တန်းကို နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှ နိုဝင်ဘာလ ၂ ရက်နေ့ ၁ နာရီအချိန်ခန့်ထိ အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်အုပ်လိုက်ဟာ အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီစစ်တွေ-ရန်ကုန်အဝေးပြေးကားလမ်းမကြီးဘေး၊ကျောက်တော်မြို့နယ်၊ကန်စောက်တောင်ခြေရင်းမှာ တည်ရှိတဲ့ အမှတ် ၅၃၉ ခြေမြန်တပ်ရင်းနဲ့ ကျောက်တော်မြို့နယ်၊ကန်ဇောက်ကျေးရွာအနီးမှာ တည်ရှိတဲ့အမှတ် ၃၇၇ အမြောက် တပ်ရင်းကို အာဏာသိမ်းစစ်တပ်က အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။

“၅၃၉ နဲ့အမြောက်တပ်ကိုလာချနေတာပါ။ကန်ဇောက်တောင်တန်းတခုလုံးမီးလောင်နေပါတယ်။ လေယာဥ်တွေက တော့အုပ်လိုက်ကြီးပါ။ တစီးပြီးတစီးလာချနေတာပါ။”လို့ ကျောက်တော်ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။

အဲဒီတပ်ရင်းနှစ်ရင်းကို အာရက္ခတပ်တော်က ပိတ်ဆို့တိုက်ခိုက်ခဲ့တာမို့ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်၊ဇန်နဝါရီလက တပ်ရင်းတခုလုံးအလံဖြူထောင်လက်နက်ချခဲ့ကြတာမို့ အာရက္ခတပ်တော်ထိန်းချုပ်တပ်စွဲထားတာဖြစ်ပါတယ်။

အဲဒီကျောက်တော်မြို့နယ်၊ကန်ဇောက်တောင်တန်းအနီးကို နိုဝင်ဘာလ ၁ ရက်နေ့၊ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတို က်ခိုက်ခဲ့လို့ ဝါးတောင်ကျေးရွာနဲ့ပန်းဖဲချောင်းကျေးရွာကို ဆက်သွယ်ထားတဲ့တံတားပေါ်ကျရောက်ပြီး ခုနှစ်ဦးသေဆုံးကာခုနှစ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီအပြင်တံတားပျက်စီးသွားသလိုတံတားပေါ်သွားလာနေကြတဲ့ ဆိုင်ကယ်၊ဘေးတွဲဆိုင်ကယ်တွေ၊တံတားအနီးမှနေအိမ်တချို့လည်းပျက်စီးသွားပါတယ်။

အဲဒီကျောက်တော်မြို့နယ်အပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်ကလေ ကြောင်းတိုက်ခိုက်တာတွေအပြင်းအ ထန်ပြုလုပ်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်ကိုပြန်သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

အဲဒါကြောင့်အာရက္ခတပ်တော်ရဲ့နောက်တပ်အခြေစိုက်တပ်ရင်းတွေ၊အခိုင်အမာနေရာတွေ၊ထောက်ပို့စခန်းလို့ယူဆတဲ့နေရာတွေကို အပြင်းအထန်လေကြောင်းတိုက်ခိုက်နေတာလို့ စစ်ရေးလေ့လာစောင့်ကြည့်နေကြသူတွေက ဆိုကြပါတယ်။

“စစ်တပ်က ကုလားတန်မြစ်ကမ်းတလျှောက်နဲ့စစ်တွေ-ရန်ကုန်ကားလမ်းဘေးကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ပုဏ္ဏားကျွန်း တိုက်ပွဲအတွက်ကျောက်တော်ဟာအဓိ ကနောက်တန်းခံစစ်ထောက်ပို့နေရာဆိုပြီးစစ်တပ်ကအပြင်းအထန်တိုက်ခိုက်နေတာလို့ယူဆပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်ကတပ်ရင်းဟောင်းနေရာအားလုံးကို တိုက်ခိုက်နေတာကို သတိထားမိပါတယ်။”လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီကုလားတန်းမြစ်အရှေ့ဖက်ကမ်း၊ ကျောက်တော်မြို့နယ်ရှိအာဏာသိမ်းစစ်တပ်ရဲ့အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟောင်းနေရာအပါအဝင် တပ်ရင်းဟောင်းတွေကိုလည်း ပြီးခဲ့တဲ့အောက်တိုဘာလက အာဏာသိမ်းစစ်တပ်အပြင်းအထန်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ထမ္မရာဇ်ရပ်ကွက်၊ငွေတောင်ပေါက်အနီးရှိယာယီဆေး ကုခန်း၊သားဖွားဆောင်နဲ့အနီးပတ်ဝန်း ကျင်ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့၊ညနေ ၅ နာရီ ၂၇ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်မွေးကင်းစကလေးငယ်တဦးအပါအဝင်ငါးဦးသေဆုံးပြီးကိုးဦးဒဏ်ရာရသွားသလို ဆေးဝန်ထမ်းတချို့ဒဏ်ရာရကာ ဆေးခန်းအဆောင်တွေ၊လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီလိုအပြင်းအထန်လေကြောင်းတိုက်ခိုက်နေတာဟာ အာရက္ခတပ်တော်ကို အာဏာသိမ်းစစ်တပ်က ဘက်စုံစစ်ပွဲဆင်နွဲ့ပြီး အမြစ်ဖြတ်ဗျူဟာကျင့်သုံးနေတာဖြစ်သလို ဘက်စုံနေရာစုံက

ပိတ်ဆို့ဝိုင်းပတ်ထိုးစစ်ဆင်နေတာမို့တို က်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေး၊နိုင်ငံရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် တော်တော်များများက သူတတ်နိုင်တာ ဟို limited war လိုဟာမျိုးပဲ တတ်နိုင်တယ်။ ဒါပေမယ့် အခုစစ်တပ်က ရခိုင်ကို ကြာကြာပိတ်နေတဲ့ဟာမျိုးက သူ ဟို ဘယ်လိုပြောမလဲ ဆိုတော့ total war ခေါ်တာပေါ့နော်။ total war လိုဟာမျိုး သူဆင်နွှဲချင်တဲ့ သဘောတရားမျိုးနဲ့ သူထိုးဖောက်လို့တော့မရဘူး။ဒါပေမယ့် ပြန်ခြိမ်းခြောက်တယ်။ ဒါပေမယ့် အဲဒီမှာဘာတွေကြုံရလဲဆိုတော့ နှစ်တွေကြာလာတဲ့အချိန်မှာ ကျွန်တော်သတိထားမိတာကတော့ အဲဒီဟို ဒါစစ်ပွဲတွေရဲ့ ထုံးစံပေါ့။နှစ်တွေကြာသွားပြီဆို လူတွေက human security က အကြီးမားဆုံးပြဿနာဖြစ်တယ်ပေါ့နော်။လူသား လုံခြုံရေးကအကြီးမားဆုံး ပြဿနာဖြစ်တယ်။”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတဦးဖြစ်တဲ့ စိုင်းထွန်းအောင်လွင်က Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ဝီရဌာနေမြို့ပေါ်နဲ့ရွာချောင်းကြီးကျေးရွာကို နိုဝင်ဘာလ ၂ ရက်နေ့၊ နံနက် ၃ နာရီ ၅၈ မိနစ်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ငါးဦးဒဏ်ရာရပြီး နေအိမ်တချို့ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

နောက်ပြီး အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ကျောက်ဖြူမြို့နယ်၊စနဲမင်းပြင်ရွာကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့၊ည နေ ၅ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက် လို့ဆယ့်တဦးဒဏ်ရာရသွားသလို နေအိမ်တချို့ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။

အဲဒီကျောက်တော်မြို့နယ်အပါအဝင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေနေ့စဥ်ပြုလုပ်နေတာမို့ အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။

PrevPreviousအာရက္ခဒေသမြို့နယ်လေးခုကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်နှစ်ဦးသေဆုံး
Nextအယ်လ်နီညိုရာသီဥတုဆိုးဝါးမှုကြောင့် ဘိုလီးဗီးယားနိုင်ငံအရေးပေါ်အခြေအနေကြေညာNext
Previous Post

အာရက္ခဒေသမြို့နယ်လေးခုကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ ဆယ့်နှစ်ဦးသေဆုံး

Next Post

အယ်လ်နီညိုရာသီဥတုဆိုးဝါးမှုကြောင့် ဘိုလီးဗီးယားနိုင်ငံအရေးပေါ်အခြေအနေကြေညာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC)

သာစည်မှာ ကျပ်သိန်းတထောင်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

November 2, 2026
​ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ကျိုင်းတုံမှာ ငွေကျပ်တထောင်ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းတွေဖမ်းမိ

November 2, 2026

ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းတွေလွတ်ရေးမြန်မာတွေဆန္ဒပြ (ဓာတ်ပုံသတင်း)

November 2, 2026
​ဓာတ်ပုံ-KTM

စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးခြောက်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

November 2, 2026

သာစည်မှာ ကျပ်သိန်းတထောင်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

နမ့်ဆန်မှာ ယာဉ်မတော်တဆမှုကြောင့် တလအတွင်းတဦးသေပြီး ခြောက်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

ကျိုင်းတုံမှာ ငွေကျပ်တထောင်ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းတွေဖမ်းမိ

ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းတွေလွတ်ရေးမြန်မာတွေဆန္ဒပြ (ဓာတ်ပုံသတင်း)

စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးခြောက်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

ဓာတုပစ္စည်းပါဝင်တဲ့ Sweet/ Doraemon Lip tints နှုတ်ခမ်းနီ မသုံးစွဲဖို့ FDA သတိပေး

Releated Post

​ဓာတ်ပုံ-မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC)

သာစည်မှာ ကျပ်သိန်းတထောင်တန်ဖိုးရှိ စိတ်ကြွဆေးတွေဖမ်းမိ

November 2, 2026
ဓာတ်ပုံ - ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး

နမ့်ဆန်မှာ ယာဉ်မတော်တဆမှုကြောင့် တလအတွင်းတဦးသေပြီး ခြောက်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

November 2, 2026
​ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့

ကျိုင်းတုံမှာ ငွေကျပ်တထောင်ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းတွေဖမ်းမိ

November 2, 2026

ဂျပန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ကျဉ်းတွေလွတ်ရေးမြန်မာတွေဆန္ဒပြ (ဓာတ်ပုံသတင်း)

November 2, 2026
​ဓာတ်ပုံ-KTM

စစ်ကိုင်းကို လေကြောင်းတိုက်ခိုက်လို့ တဦးသေပြီးခြောက်ဦးဒဏ်ရာရ (ဓာတ်ပုံသတင်း)

November 2, 2026

ဓာတုပစ္စည်းပါဝင်တဲ့ Sweet/ Doraemon Lip tints နှုတ်ခမ်းနီ မသုံးစွဲဖို့ FDA သတိပေး

November 2, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page