Border News Agency
မီဇိုရမ်၊ နိုဝင်ဘာ ၁၇။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၂၆ ခုနှစ်၊ သြဂုတ်လကုန်ထိ အိတ်ခ်ျအိုင်ဗွီ (HIV) ပိုးကူးစက်သူ သုံးသောင်းငါးထောင်ခြောက်ဦးရှိလာပြီး ရောဂါကြောင့် သေဆုံးသူ ခြောက်ထောင့်လေးရာ့ခုနှစ်ဆယ့်တဦးအထိရှိလာပြီ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်၊အိတ်ခ်ျအိုင်ဗွီ၊အိတ်ဒ်စ် ထိန်းချုပ်ရေးအဖွဲ့ (MSACS) ရဲ့ စာရင်းတွေအရ ခုနှစ် ဧပြီလကနေ ဩဂုတ်လအတွင်း စစ်ဆေးမှုတွေမှာလည်း ကူးစက်သူတွေဆက်လက်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီကာလအတွင်း စစ်ဆေးမှုတွေအရ အမျိုးသားလေးရာ့ကိုးဆယ်တဦး၊ အမျိုးသမီး နှစ်ရာ့ခြောက်ဆယ့်နှစ်ဦးနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးခြောက်ဆယ့်တဦးတို့မှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရတာကို ထပ်မံတွေ့ရှိခဲ့ရပါတယ်။
ကူးစက်ရတဲ့ အကြောင်းရင်းတွေအနေနဲ့ ရာခိုင်နှုန်းခုနှစ်ဆယ်ကျော်ဟာ လိင်ဆက်ဆံမှုကတဆင့်ဖြစ်ပြီး ရာခိုင်နှုန်းနှစ်ဆယ်ကျော်ကတော့ ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက်တွေ မျှဝေသုံးစွဲရာကနေ ကူးစက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အိတ်ခ်ျအိုင်ဗွီအခြေအနေကို လွယ်လွယ်ကူကူ သိရှိနိုင်ဖို့အတွက် အိန္ဒိယနိုင်ငံ အမျိုးသား အိတ်ဒ်စ်ထိန်းချုပ်ရေးအဖွဲ့ (NACO) က ‘Breakfree QR Code’ ကို မိတ်ဆက်ပေးထားပါတယ်။






