Border News Agency
ကစယ်ဒို၊ စက်တင်ဘာ ၉။
မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းထိုးကာ အရပ်သားနေအိမ် ၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ကစယ်ဒိုမြို့နယ်အုပ်စုသရက်ချောင်းနယ်၊ တောင်ပျောက်ကျေးရွာအုပ်စုကို စက်တင်ဘာလ ၈ ရက်နေ့က စစ်ကော်မရှင်စစ်ကြောင်းထိုးကာ ရန်တောင်ရွာမှအရပ်သားနေအိမ် ၂၈လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာသင်းကျွန်းကျေးရွာရှိအရပ်သားနေအိမ် ၈လုံး၊ စုစုပေါင်း ၃၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။












