Border News Agency
မြိတ်၊ ဒီဇင်ဘာ ၂၁။
မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ ပဝးကျေးရွာအုပ်စု၊ ပဝထိန်ကျေးရွာအတွင်းသို့ စစ်ကော်မရှင်တပ် ကာမီကာဇေဒရုန်းနဲ့တိုက်ခိုက်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီးသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပဝထိန်ကျေးရွာကို ဒီဇင်ဘာလ ၁၇ ရက်၊ ညနေ ၃ နာရီအချိန်မှာ စစ်ကော်မရှင်တပ်ရဲ့မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပဝးခရစ်ယာန်ဘုရားကျောင်းအဆောက်အအုံ အနည်းငယ်ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ သူတို့အာဏာဆက်ပြီးတည်မြဲဖို့အတွက် သူတို့ရဲ့အုပ်ချုပ်ရာနယ်မြေတွေမှာ အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ဖို့ ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။
အဲဒီအပြင် သူတို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေဖြစ်တဲ့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာဒေသတွေအတွင်းက ပြည်သူတွေကို အကြောက်တရားဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။










