Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၁၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်းမြို့ကို မေလ ၁၅ ရက်၊ ဒီနေ့မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်ကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်ရပ်ကွက်က နေအိမ် ၄ လုံးထက်မနည်းပျက်စီးသွားခဲ့ရပြီး ဒေသခံတွေထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုတော့ အတည်ပြုနိုင်ဖို့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်မြို့တွေကို အာဏာသိမ်းစစ်လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပါတယ်။
အဲဒါကြောင့်အာရက္ခပြည်သူတွေဟာ အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို သတိထားလိုက်နာရမယ့်အချက်တွေကို အာရက္ခတပ်တော်အသိပေးထုတ်ပြန်ထားပါတယ်။









