Border News Agency
မြောက်ဦး၊ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မြောက်ဦးခရိုင်မှာ မိုးကြီးပြီးရေကြီး ရေလျှံနေတာမို့ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)ကူညီကယ်နေပါတယ်။
အဲဒီမြို့နယ်တွေမှာ မြစ်ရေ၊ချောင်းရေတွေဆက်တက်နေလို့ ပြည်သူတွေဘေး လွတ်ရာကို ကြိုရွှေ့ပြောင်းကြဖို့ အသိပေးထားပါတယ်။
အဲဒီမြောက်ဦးမြို့နယ်မှာနှစ်ဆယ့်ခြောက်ရွာနဲ့ဆယ့်တရပ်ကွက်ရေမြှုပ်နေပါတယ်။

























