Border News Agency
ဘင်္ဂလားဒေ့ရှ်၊ဇူလိုင် ၁၀ ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း၊စစ်တကောင်းတောင်တန်းဒေသ ခါဂရာချာရီခရိုင်ဉပန်ဆာရီမြို့နယ်ရှိ လာသီဘန်ယူနီယံမှာ ဇူလိုင်လ ၆ ရက်နေ့က မိုးရွာမှုကြောင့် ကတ္တရာလမ်းပိုင်းပြိုကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီလမ်းပိုင်းပျက်စီးသွားတာကြောင့် လာလစ်မိုဟန်ပါရာ၊ချန်ဒရာဆင်ပါရာ၊ထရီဒီဗီရှောပါရာ၊ ဘာဂရာမဟာဂျန်ပါရာ၊ ပရာဒစ်ပါရာ၊ မာဒူပါရာ၊ ဗာလီပါရာနဲ့ ကာနာရိုင်ပါရာ စတဲ့ ကျေးရွာရှစ်ရွာက ဒေသခံပြည်သူလေးထောင်နီး ပါးဟာ သွားလာရေးခက်ခဲနေကြပါတယ်။
နာလ်ကာတာလမ်းမကြီးမှပရာဒစ်ပါရာထိရှည်လျားတဲ့ကတ္တရာလမ်းနဲ့ အုတ်ခင်းလမ်းဟောင်းဟာ မိုးရွာမှုတွေကြောင့် အုတ်ခဲတွေပွင့်ထွက်ပြီး ကျင်းကြီးကျင်းငယ်တွေ ဖြစ်နေသလို နာလ်ကာတာဘက်က ကတ္တရာလမ်းပိုင်းလုံးဝပြိုကျသွားပါတယ်။
အဲဒီလမ်းပိုင်းပြိုကျသွားတာမို့ ဒေသခံဆေးခန်း၊မူလတန်းကျောင်းနဲ့အထက် တန်းကျောင်းတွေက ဆရာ၊ဆရာမတွေ၊ကျောင်းသား၊ကျောင်းသူတွေသွား လာရတာ အန္တရာယ်များနေပြီး မြို့နယ်ဆေးရုံကို သွားပြမယ့် လူနာတွေဟာလမ်းပျက်ကြီးကစွန့်စားသွားလာနေကြရတယ်လို့ဆိုပါတယ်။
ကျောင်းသား၊ကျောင်းသူတွေနဲ့ လူနာတွေ အပါအဝင် ဒေသခံပြည်သူတွေ ထပ်ထိခိုက်ဒဏ်ရာရတာမရှိစေဖို့နဲ့ သွားလာရေး အဆင်ပြေစေဖို့အတွက် ပန်ဆာရီမြို့နယ် အုပ်ချုပ်ရေးအာဏာ ပိုင်တွေဟာ လမ်းပိုင်းကိုအမြန်ဆုံး လာရောက်ပြုပြင်ပေးဖို့ ဒေသခံတွေတောင်းဆိုကြပါတယ်။










