Border News Agency
ဂွ၊ဇူလိုင် ၁၃။
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်၊ ဒေါင်းချောင်း၊ပေါက်တူး၊ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနဲ့ ရေကျော် စတဲ့ ကျေးရွာတချို့မှာ ချောင်းရေတွေဝင်ရောက်ကာ ရေကြီးရေလျှံနေပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် တောင်ပြိုတာ၊မြေပြိုတာနဲ့ မြေနိမ့်ပိုင်းတွေမှာ လျှပ်တပြက် ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်လို့ ပြည်သူတွေအထူးသတိပြု နေထိုင်ကြဖို့ ဒေသအာဏာပိုင်တွေနှိုးဆော်ထားပါတယ်။
အဲဒီအပြင်ရေစီးကြမ်းနေချိန်အတွင်း မြစ်ချောင်းတွေမှာ ထင်းကောက်တာမျိုး မလုပ်ကြဖို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တားမြစ်ထားပါတယ်။
ဂွမြို့နယ်ဟာ ဇူလိုင်လ ၅ ရက်နေ့ကလည်း လေဆင်နှမောင်းဒဏ်ကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။






























