Border News Agency
မင်းပြား၊ဇူလိုင် ၂၃။
မင်းပြားမြို့နယ်၊ငါးတန်ပြင်ရွာ ဘုန်းတော်ကြီးကျောင်းအငြင်းပွားမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ယာယီခေါ်ယူထားသူလေးဆယ်တဦးကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန က ဇူလိုင်လ ၂၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီ ဘုန်းကြီးကျောင်းမှာ တရားဝင် အထောက်အထား မရှိဘဲကျောင်းထိုင်ဆရာတော် တင်မြှောက်တာ၊ကျောင်းမြေကိုခြံစည်းရိုးခတ်ပြီးနှစ်ခြမ်းခွဲတာနဲ့စေတီတော်ဖြိုဖျက်တာတွေကြောင့်အများပြည်သူအကြား အငြင်းပွားမှုတွေဖြစ်ခဲ့တာပါ။
အဲဒါကြောင့် DLEP က အမှုဖွင့်လှစ်ကာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပါဝင်သူတွေကို သွားရောက်ခေါ်ယူစဉ်ရွာသူရွာသားအချို့က မဖွယ်မရာလုပ်လို့ ဝတ္တရားနှောက်ယှက်ခဲ့တာကြောင့်လေးဆယ်တဦးကို ယာယီ ခေါ်ယူထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
သူတို့ကို ရပ်ရွာတည်ငြိမ်ရေးအတွက် ရှင်းလင်းပြောကြားပြီး ပြန်လွှတ်ပေးခဲ့ပေမယ့်အဓိက ပါဝင်သူဆယ့်ငါးဦးထဲက အချို့ကိုဆက်ပြီးစစ်ဆေးနေပါတယ်။











