Border News Agency
တောင်ကုတ်၊ဇူလိုင် ၂၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့နယ်ရှိ၊ကုလားရောင်ကျေးရွာကမ်းပြိုမှုကြောင့် အိမ်လေးဆယ်ကျော်အရေးပေါ် ပြောင်းရွှေ့ရပြီးအကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီကမ်းပြိုမှုနဲ့ရေဘေးဒဏ်ကို အလူး အလဲခံနေရတဲ့ ကုလားရောင်ကျေးရွာသားတွေအတွက် စားနပ်ရိက္ခာ၊အမိုးအ ကာနဲ့ယာယီနေရာတွေ အရေးပေါ်လိုအပ်နေကြပါတယ်။
အဲဒီကျေးရွာဟာ ပင်လယ်နဲ့ချောင်းကြားမှာ တည်ရှိပြီး တချို့နေရာတွေမှာပင်လယ်နဲ့ချောင်းထိစပ်ဖို့ပေသုံးဆယ်ခန့်သာလိုပါတယ်။
အဲဒီကုလားရောင်ကျေးရွာမှာအိမ်ခြေသုံးရာဝန်းကျင်ခန့်ရှိပြီးကမ်းပြိုတာမှာ အိမ်ခြေခုနှစ်ဆယ်ခန့်ရှိနေသလို တရွာလုံးရေနစ်မြုပ်မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ ဆိုကြပါတယ်။
အဲဒီမှာအရင်တုန်းကစိုက်ပျိုးရေးလုပ် ခဲ့ကြပေမယ့် လယ်မြေတွေပင်လယ်ထဲ ပြိုကျပျက်စီးသွားတယ်လို့ ဆိုကြပါတယ်။
အဲဒါကြောင့် ပင်လယ်ပြင်ကို အဓိကထားပြီး ရေလုပ်ငန်းကိုသာ အဓိကလုပ် နေကြရတာဖြစ်ပါတယ်။
























