Border News Agency
ရုရှား၊ဩဂုတ် ၁၉။
မြန်မာနဲ့ ရုရှားနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ဆယ့်နှစ်ခုကို ဩဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဲဒီနားလည်မှုစာချွန်လွှာတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ရှေ့မှာ နှစ်နိုင်ငံကဏ္ဍအလိုက်တာဝန်ရှိသူတွေကလက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြတာပါ။
လက်မှတ်ရေးထိုးပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်တို့ဦးဆောင်ကာ ပူးတွဲသတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံသို့တရားဝင်ခရီးစဉ်ရောက်ရှိနေတာဖြစ်ပြီး အဲဒီခရီးစဉ်အပြီးဘယ်လာရုစ်နိုင်ငံသို့ဆက်သွားမှာဖြစ်ပါတယ်။















