Border News Agency
ဘန်ကောက်၊ သြဂုတ် ၁၉။
ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာအမျိုးသားအဆင့်ဆွေးနွေးပွဲကို ကျင်းပခဲ့တ ယ်လို့ အာရှ၊ပစိဖိတ်ဒေသဆိုင်ရာကုလသမဂ္ဂအမျိုးသမီးအဖွဲ့က ဩဂုတ်လ ၁၈ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီထိုင်းနိုင်ငံဟာ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး(Women၊Peace And Security – WPS)စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့ စာရွက်မှလက်တွေ့ဆီသို့ရောက်ရှိလာစေဖို့အတွက် ခုလိုဆွေးနွေးပွဲတွေကိုကျင်းပတာလို့ ဆိုပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချပိုင်ခွင့်နဲ့ငြိမ်းချမ်းရေတည်ဆောက်မှုကဏ္ဍတွေမှာ ဦးဆောင်ပါဝင်မှသာ ရေ ရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရရှိနိုင်မယ်ဆိုတာကို အလေးထားတာမို့ ခုလိုဆွေးနွေးပွဲတွေကို တဆင့်ချင်းပြုလုပ်လာတာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အစိုးရ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေးအုပ်စုတွေရဲ့ ကိုယ်စားလှယ်တွေတက်ရောက်သလို အလွှာစုံကအမျိုးသမီးကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။
အဲဒီထိုင်းနိုင်ငံဟာ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး(Women၊Peace And Security – WPS)စံနှုန်းတွေကို အကောင်အထည်ဖော်ဖို့ရာမှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားစီမံကိန်းကို ဘယ်လိုလက်တွေ့ပူးပေါင်းအ ကောင်အထည်ဖော်ကြမလဲဆိုတာကို အဓိကဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအမျိုးသမီးအရေးဆောင်ရွက်နေသူတွေလက်တွေ့ရင်ဆိုင်နေရတာတွေ၊ အတွေ့အကြုံတွေကိုလည်း ဆွေးနွေးကြသလို အောက်ခြေလူထုအသိုင်းအဝိုင်းက အမျိုးသမီးတွေရဲ့အသံနဲ့လိုအပ်ချက်တွေ၊အတွေ့အကြုံတွေကိုအမျိုး သားအဆင့်မူဝါဒတွေ၊စီမံကိန်းတွေထဲမှာ ထည့်သွင်းပုံဖော်နိုင်အောင် အားထုတ်ခဲ့ကြပါတယ်။
အဓိကတော့ စီမံကိန်းအောင်မြင်ဖို့အတွက် အစိုးရ၊စီးပွားရေး၊ဖွံ့ဖြိုးရေးဆိုင်ရာ နယ်ပယ်ထဲကမိတ်ဖက်တွေနဲ့ထိုင်း အမျိုးသမီးအရေးဆောင်ရွက်နေသူတွေကြား ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်။
ကုလသမဂ္ဂကချမှတ်ထားတဲ့ အမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး(Women၊Peace And Security – WPS)စံနှုန်းတွေကို နိုင်ငံတော်တော်များများမှာ အကောင်အထည်ဖော်နေကြသလို ထိုင်းနိုင်ငံလည်း အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။
အဲဒီအမျိုးသမီး၊ငြိမ်းချမ်းရေးနဲ့လုံခြုံရေး(Women၊Peace And Security – WPS)မူဘောင်ကို ကုလသမဂ္ဂလုံခြုံ ရေးကောင်စီက ၂၀၀၀ ပြည့်နှစ်မှာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နဲ့အတည်ပြုထားပါတယ်။
ကိုးကား…










