Border News Agency
မဲဆောက်၊ဩဂုတ် ၂၇။
မဲဆောက်-အုန်းဖန်လမ်းပိုင်း ကီလိုမီတာ ၁၀၅ နဲ့ ၁၀၆ ကြား မဲကလောင်ယိုင်ရွာအဝင်နားမှာ သြဂုတ်လ ၂၆ ရက်နေ့ကမိုးဆက်တိုက်ရွာလို့ မြေပြိုကျပြီး လမ်း ၄၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားပါတယ်။
အဲဒီလမ်းအောက်ခြေမှာလည်း ရေဝပြီးမြေသားတွေဆက်တိုက်ပြိုကျနေတာပါ။
ဒီလမ်းဟာ တဖက်မှာချောက်ကမ်းပါး၊ နောက်တဖက်မှာ တောင်ကုန်းဖြစ်နေတာကြောင့် တကယ်ထပ်ပြိုရင်ပြင်ရတာတော်တော်နဲ့ ပြီးမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတွေကဆိုကြပါတယ်။
မိုးဆက်ရွာနေရင် ဒါမှမဟုတ် လမ်းခံနိုင်ရည်ထက်ပိုတဲ့ ကုန်ကားကြီးတွေသွားလာလို့ မြေပြိုမှု ၂၀ ရာခိုင်နှုန်းလောက်ထပ်တိုးသွားရင်တော့ မဲဆောက်-ဥမ်ဖန်လမ်းကို လုံးဝပိတ်လိုက်ရမယ့် အခြေအနေရှိနေတာပါ။
လမ်းပိတ်သွားရင်လုပ်ငန်းစုံထိခိုက်မှုတွေ အများကြီးဖြစ်လာနိုင်တာမို့ မိုးဆက်မရွာဖို့ပဲမျှော်လင့်နေကြရပါတယ်။
အဲဒါကြောင့် ဒီလမ်းကိုသွားလာကြသူတွေအနေနဲ့ သတိထားကြဖို့နဲ့ ၁၀ ဘီးနဲ့ အထက်ကုန်ကားကြီးတွေ ပိုပြီးသတိထားမောင်းကြဖို့ သတိပေးထားပါတယ်။












