Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် သတင်း အင်တာဗျူး အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

“လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာနဲ့တိုင်ကြားလို့ရနိုင်တဲ့ သီးခြားရုံးတခုကိုထားရင်လည်း ပိုသင့်တော်မယ်ထင်ပါတယ်။​”

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊ မေ ၁၀။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေအပါအဝင် အတင်းအဓမ္မပြုကျင့်သတ်ဖြတ်မှုတချို့ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအထဲမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တချို့လည်းပါဝင်ခဲ့သလို့ အရပ်သားတွေ ကျူးလွန်တာတွေရှိနေပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေး၊တရားစီရင်ရေးတွေဖော်ဆောင်နေပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံမှုတွေ၊ တရားဥပဒေစိုးမိုးမှုတွေရှိအောင် ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေက သက်ငယ်မုဒိန်းမှု၊ အဓမ္မပြုကျင့်လူသတ်မှုတွေအကြောင်းကို ကျောင်းသူအမျိုးသမီးတဦးက ခုလိုပြောပြထားပါတယ်။

“ဒီလိုမုဒိမ်းမှု မှုခင်းကိစ္စတွေက အလွန်ကြောက်ဖို့ကောင်းပါတယ်။ဒီမှုခင်းတွေက အခုမှဖြစ်တာလည်းမဟုတ်သလို အရင်ကတည်းကနေလည်း ဖြစ်နေတာဆိုတော့ ကျွန်မတို့ လူ့အဖွဲ့အစည်းအ တွက် စိုးရိမ်စရာဖြစ်လာပါတယ်။

အခုဒီရက်ပိုင်းမှာ ဖြစ်သွားတဲ့ မူခင်းမှာဆိုရင်လည်း လူသတ်မှုပါ ပါတာကိုတွေ့ရပါတယ်။​

ဒီကိစ္စကို မြင်တော့ ကျွန်မတို့ လူ့ အဖွဲ့အစည်းရဲ့အောက်ခြေမှာ ဘယ် လော က်တောင်ဆိုးရွားနေသလဲ။

လိင်ပိုင်းဆိုင်ရာအရ အမြတ်ထုတ်ခံနေရတဲ့ ကလေးတွေ၊မိန်းမတွေ ဘယ်လောက်တောင် ရှိနေမလဲဆိုတာ စဉ်း စားမိပြီး အတော်ရင်လေးစရာဆိုတာကို တွေးမိပါတယ်။

ဒီလိုမျိုးကျူးလွန်ဖို့အတွက် ပစ်မှတ်ထားနေတဲ့သူတွေကော အများကြီးရှိနေနိုင်တယ်ဆိုတာကို တွေးမိပါတယ်။

ကျွန်မအနေနဲ့ကတော့ မုဒိမ်းမှုနဲ့ ပတ် သက်ပြီး ကျူးလွန်တဲ့သူတွေကို ပြင်းပြင်းထန်ထန်အရေးယူသင့်တယ်လို့ထင်ပါတယ်။

ဥပဒေကြောင်းအရကတော့ လက်ရှိမှာ ULA ဖက်ကနေ သုံးနေတဲ့ ဥပဒေကလည်း မြန်မာနိုင်ငံမှာ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့သိပ်ကွာခြားမှုမရှိသေးတာတွေ့ရပါတယ်။

မုဒိမ်းမှုကို ဥပဒေအရ ပုဒ်မ ၃၇၆ နဲ့ ကိုင်ပြီးတော့ အခုက လူသတ်မှုပါပါတယ်ဆိုတော့ ကျူး လွန်သူကို သေ ဒဏ် ဒါမှမဟုတ် က်တကျွန်းအနေနဲ့ ပြစ်မှုချလို့ရပါတယ်။​

အခုရက်ပိုင်းက ဖြစ်သွားတဲ့ ကိစ္စမှာဆို Rape လုပ်ပြီးမှ လူသတ်မှုကျုးလွန်တာဖြစ်လို့ ပြင်းပြင်းထန်ထန်အနေနဲ့ ချမှ တ်လို့ရပါတယ်။

သေဒဏ်ပေးဖို့ အန္တရာယ်များတယ်ဆိုရင်တောင်မှ နောက်ထပ်ကျုးလွန်မယ့်သူတွေ ထပ်မလုပ်ရအောင်၊ကြောက်သွားအောင် ပြင်းပြင်းထန်ထန်အပြစ် ပေးနေတယ်ဆိုတာကို သိသွားအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။

လက်ရှိ ULA အစိုးရဖက်ကနေလည်း ဥပဒေအရကောလူမှုရေးအရကော အသိပညာပေးတာတွေကို ပိုလုပ်သင့်ပါတယ်။ဥပမာအနေနဲ့ မုဒိမ်းမှုကျုးလွန်ရင် ဘယ်လောက်ထိ အပြစ် ကြီးတယ်ဆိုတာမျိုးကို ပြည်သူတွေသိသွားအော င် ပြုလုပ်သင့်တယ်ထင်ပါတယ်။

တဖက်မှာလည်း ကျုးလွန်ခံရသူတွေကို အပြစ်တင်တာတို့ နှုတ်နဲ့ရှုတ်ချတာတွေ မလုပ်ဖို့လည်း အများကြီး လိုတ ယ်ထင်ပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေနဲ့ ပတ် သက်ပြီးတော့လည်း ကလေးသူငယ်ကာကွယ်ရေးလို အခွင့်အရေးတွေကို စနစ်တကျလုပ်သင့်တယ်ထင်ပါတယ်။

ကျောင်းတွေမှာလည်း သင်ရိုးတွေထဲမှာ Sex Education ပိုင်းကို ထည့်ပြီး သင်ကြားတာတွေကို ပြုလုပ်ရင်သင့်တယ်ထင်ပါတယ်။

ပြစ်မှုကျုးလွန်တဲ့သူကိုအပြစ်ပေးတဲ့အခါလည်း တိကျသေချာတဲ့ ပြစ်မှုပုဒ် မတွေနဲ့ ဘယ်အမှုကိုက ဘယ်လိုအပြစ်ပေးမယ်ဆိုတာကို အတိအကျပြဌာန်းပြီး အပြစ်ပေးတာက ပိုသင့်တော်မယ်ထင်ပါတယ်။​

မုဒိမ်းမှုဆိုရင်လည်း ဘယ်လောက်တိ တိကျကျ အရေးယူမယ်ဆိုတာကိုပါထည့်သွင်းထားသင့်ပါတယ်။

နောက်တချက်က ကျုးလွန်ခံရတဲ့ မိ သားစုဝင်တွေကိုလည်း ဥပဒေအရ အပြည့်အဝအကာအကွယ်ပေးထားရမယ်လို့ ထင်ပါတယ်။

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာနဲ့တိုင်ကြားလို့ရနိုင်တဲ့ သီးခြားရုံးတခုကိထားရင်လည်း ပိုသင့်တော်မယ်ထင်ပါတယ်။​”

PrevPrevious“စုံလင်ကွဲပြားမှုတွေကြားက အာရက္ခလူသား”
Nextသဘာဝဘေးအန္တရာယ်ဇုန်က အာရက္ခဒေသNext
Previous Post

“စုံလင်ကွဲပြားမှုတွေကြားက အာရက္ခလူသား”

Next Post

သဘာဝဘေးအန္တရာယ်ဇုန်က အာရက္ခဒေသ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

တီဟီရန်နဲ့ အစ္စဖာဟန်မြို့တွေကို အမေရိကန်၊အစ္စရေးဗုံးကြဲတိုက်ခိုက်နေ

March 7, 2026
ဓာတ်ပုံ - Naw Tu Awng

ဖားကန့်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

March 7, 2026
ဓာတ်ပုံ-ကနီသားများ၏ရင်တွင်းအသံ

ယင်းမာပင်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ပြည်သူထောင်ချီစစ်ရှောင်နေရ

March 7, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အမေရိကန်တိုက်ခိုက်မှာကို စိုးရိမ်လို့ အီရန်ရိက္ခာတင်သင်္ဘော သီရိလင်္ကာမှာ ခိုလှုံခွင့်တောင်း

March 7, 2026

တီဟီရန်နဲ့ အစ္စဖာဟန်မြို့တွေကို အမေရိကန်၊အစ္စရေးဗုံးကြဲတိုက်ခိုက်နေ

ဖားကန့်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

ယင်းမာပင်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ပြည်သူထောင်ချီစစ်ရှောင်နေရ

​အမေရိကန်တိုက်ခိုက်မှာကို စိုးရိမ်လို့ အီရန်ရိက္ခာတင်သင်္ဘော သီရိလင်္ကာမှာ ခိုလှုံခွင့်တောင်း

​ဘူးသီးတောင်ရှိ လူမျိုးစုပေါင်းစုံပါဝင်တဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အစားအစာဖလှယ်ပွဲ

​ပါရှန်းပင်လယ်ကွေ့ ရေကြောင်းဆုံးရှုံးမှုတွေအတွက် အမေရိကန်ကဒေါ်လာ ၂၀ ဘီလီယံ အာမခံပေးမယ်

Releated Post

တီဟီရန်နဲ့ အစ္စဖာဟန်မြို့တွေကို အမေရိကန်၊အစ္စရေးဗုံးကြဲတိုက်ခိုက်နေ

March 7, 2026
ဓာတ်ပုံ - Naw Tu Awng

ဖားကန့်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံး

March 7, 2026
ဓာတ်ပုံ-ကနီသားများ၏ရင်တွင်းအသံ

ယင်းမာပင်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးလို့ ပြည်သူထောင်ချီစစ်ရှောင်နေရ

March 7, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အမေရိကန်တိုက်ခိုက်မှာကို စိုးရိမ်လို့ အီရန်ရိက္ခာတင်သင်္ဘော သီရိလင်္ကာမှာ ခိုလှုံခွင့်တောင်း

March 7, 2026
Photo - ONN

​ဘူးသီးတောင်ရှိ လူမျိုးစုပေါင်းစုံပါဝင်တဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အစားအစာဖလှယ်ပွဲ

March 7, 2026

​ပါရှန်းပင်လယ်ကွေ့ ရေကြောင်းဆုံးရှုံးမှုတွေအတွက် အမေရိကန်ကဒေါ်လာ ၂၀ ဘီလီယံ အာမခံပေးမယ်

March 7, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page