Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် ဆောင်းပါး ပေါက်တောမြို့နယ် သဘာဝပတ်ဝန်းကျင် အင်တာဗျူး အာရက္ခဒေသ

သဘာဝဘေးအန္တရာယ်ဇုန်က အာရက္ခဒေသ

Author picture

By

Saw Shin Nyo
Reading Time: 2 mins read
0
A A
0
SHARES
10
VIEWS
Share on FacebookShare on Twitter

Border News Agency
ပေါက်တော၊ မေ ၁၀။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကပ်ဘေးကြောင့် ကမ္ဘာ့နေရာဒေသတချို့မှာ သဘာဝဘေးအန္တရာယ်တွေကျရောက်နေပြီး ရေရှည်ခြိမ်းခြောက်မှုတွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

ကမ္ဘာ့နေရာဒေသတချို့မှာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအကြိမ်ရေပိုများလာပြီး လူမှုဘဝထိခိုက်ပျက်စီးဆုံးရှုံးမှုတွေလည်း ပိုကြီးမားလာပါတယ်။

အဲဒီလိုသဘာဝကပ်ဘေးအန္တရာယ်တွေ တိုးလာပေမယ့်လည်း ဘေးအန္တရာယ်တွေကိုဖြစ်စေတဲ့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ဂေဟစနစ်ပျက်စီးယိုယွင်းမှုတွေကို မျက် ကွယ်ပြုထားကြဆဲဖြစ်ပါတယ်။

အဲဒီသဘာဝဘေးအန္တရာယ်ထဲမှာ သဘာဝအလျောက်ဖြစ်လာတဲ့ ဘေးအန္တ ရာယ်တွေရှိသလို လူတွေပြုလုပ်လို့ဖြ စ်လာတဲ့ကပ်ဘေးတွေလည်းရှိပါတယ်။​ ဘယ်ဘေးအန္တရာယ်မှာမဆို လူ့အသိုင်းအဝိုင်းပေါ် ထိခိုက်ပျက်စီးမှုကြီးမားစေတာဖြစ်လို့ ဘေးအန္တရာယ်ကို ကျော်လွှားနိုင်စွမ်းနဲ့ကြံ့ကြံခံနိုင်စွမ်းဟာ လူ့အသိုင်းအဝိုင်းအတွက် အလွန်အရေးကြီးပါတယ်။

မြန်မာနိုင်ငံမှာလည်း သဘာဝဘေးအန္တရာယ်ထဲက စစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် လူထောင်ချီအသက်သေဆုံးမှုနဲ့ကြုံတွေ့ခဲ့ရပြီး ထိခိုက်ပျက်စီးမှုတန်ဖိုးလည်း ဘီလျံချီရှိပါတယ်။

သဘာဝဘေးအန္တရာယ်တွေကြောင့် ကြီးမားတဲ့ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံခဲ့ရပေမယ့်လည်း ဘေးအန္တရာယ်နောက်တကြိမ် ပြန်မကျရောက်အောင်ပြုလုပ်တဲ့ ကြိုတင်ကာကွယ်ရေးအစီအမံတွေနဲ့ဘေးအန္တရာယ်ကြုံရတဲ့ ပြည်သူတွေကို လူမှုဘဝပြန်လည်ထူထောင်ရေးလုပ်ဖို့ အစီအမံတွေ အလှမ်းဝေးကွာနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံတွေထဲပါဝင်ပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ တနိုင်ငံလုံးအနဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။

အဲဒါကြောင့် ကြုံလာရမယ့်သဘာဝဘေးအန္တရာယ်သစ်တွေအတွက် ကြိုတင်ပြင်ဆင်မှု၊စီမံခန့်ခွဲနိုင်မှုတွေနည်းပါးလွန်းတဲ့အတွက် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးရင်ဆိုင်ရမယ့်နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။​

အဲဒါကြောင့်လည်း မြန်မာနိုင်ငံမှာ နှစ်တိုင်းနီးပါးလို သဘာဝဘေးအန္တရာယ်ကြောင့် အသက်၊ ပစ္စည်းဥစ္စာနဲ့အသက် မွေးဝမ်းကျောင်းတွေမှာ သိသိသာသာဆုံးရှုံးမှုတွေနဲ့ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။

ဒီနှစ်ပိုင်းအတွင်းမှာဖြစ်ခဲ့တဲ့ ရေကြီးမှုနဲ့ ငလျင်ဘေးတွေက ဘေးအန္တရာယ်ကြောင့် ကြံ့ကြံ့ခိုင်မှုမရှိတဲ့ လူမှုအခင်း အကျင်းကို ဖော်ပြနေပါတယ်။​

လာမယ့်နှစ်တွေမှာကြုံလာရမယ့် သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံရဲ့တနှစ်တာဂျီဒီပီသုံးရာခိုင်နှုန်းမှငါးရာခိုင်နှုန်းထိ ပျက်စီးဆုံးရှံးမှုပမာဏမြှင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်သုတေသနအချက်အလက်တွေမှာ ဖော်ပြပါတယ်။​

မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးအာရက္ခဒေသဟာ တည်နေရာပထဝီဝင်အနေအ ထားအရ သဘာဝဘေးအန္တရာယ်ကျရောက်မှု အနီရောင်ဇုန်ထဲမှာတည်ရှိပြီး နှစ်စဉ်နှစ်တိုင်းလိုလို သဘာဝဘေးအန္တ ရာယ်တွေရဲ့သက်ရောက်မှုကို တခြားဒေသတွေထက် ပိုမိုဆိုးဝါးစွာကြုံနေရပါတယ်။

မိုးဦးမရောက်ခင် မုတ်သုန်ဝင်ချိန်နဲ့မိုးရာသီကုန်ဆုံးပြီး မုတ်သုန်ထွက်ချိန်တွေမှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းတွေကြောင့် အာရက္ခဒေသဟာ ထိခိုက်ပျ က်စီးမှုအများစုကို နှစ်တိုင်းလိုလိုကြုံ တွေ့ရပြီး ဒီသက်ရောက်မှုအကျိုးဆက်တွေကိုလည်း နှစ်ကာလရှည်စွာ အာရက္ခပြည်သူတွေ ခါးသီးစွာရင်ဆိုင်နေရကြပါတယ်။​

ကမ်းရိုးတန်းဒေသအာရက္ခပြည်ဟာနွေ၊ မိုး၊ ဆောင်းဥတုသုံးပါးစလုံး သဘာဝဘေးအန္တရာယ်ကျရောက်မှုအတိုင်းအတာဟာ ကြီးမားလေ့ရှိပြီး နွေရာသီမှာ ရေရှားပါးမှုကို ဆိုးဝါးစွာကြုံရကာ မိုး ဦးရာသီမဝင်ခင်မှာလည်း မုန်တိုင်းဒဏ်ကို မကြာခဏကြုံရလေ့ရှိပါတယ်။

အဲဒီအပြင် မိုးရာသီတွင်းမှာ ရေကြီးမှုဒဏ်ကို မြို့နယ်တိုင်းလိုလို ကြုံကြရပြီးမိုးနှောင်းရာသီနဲ့ဆောင်းဦးရာသီမှာလ ည်း မုန်တိုင်းဝင်ရောက်မှုကို မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပါတယ်။

အာရက္ခဒေသမှာ မုန်တိုင်းဝင်ရောက်မှုဟာ တခြားသဘာဝဘေးအန္တရာယ် တွေထက် မကြာခဏဖြစ်ပွားမှုရှိပြီး ပျက်စီးဆုံးရှံးမှုအတိုင်းအတာပမာဏဟာလည်းမြင့်မားပြီး သိသာထင်ရှားတဲ့လူမှုအကျိုးစီးပွားပြောင်းလဲမှုကို ဖြစ်စေပါတယ်။

အာရက္ခဒေသကို ဝင်ရောက်လေ့ရှိတဲ့ မုန်တိုင်းတွေဟာ မုတ်သုန်ဝင်ရောက်တဲ့ ဧပြီလနဲ့မေလမှာ မုန်တိုင်းဝင်နိုင်ခြေ ၃၀ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလနဲ့နိုဝင်ဘာလတွေမှာ မုန်တိုင်းဝင်နိုင်ခြေ ၃၅ ရာခိုင်နှုန်းထိရှိတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစစ်တမ်းက ဖော် ပြပါတယ်။

အာရက္ခပြည်ဟာ တည်နေရာအရ ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာခံရတဲ့ဒေသဖြစ်ပေမယ့်လည်း ဒေသခံအများစုဟာ ပြောင်းလဲလာတဲ့ရာသီဥတုအပေါ် ကြံ့ကြံ့ခိုင်နိုင်စွမ်းမရှိသေးပါဘူး။

အာရက္ခဒေသဟာဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးရေးအားနည်းမှု၊ပညာရေးအားနည်းချက်တွေအပါအဝင် ပဋိပက္ခနဲ့စစ်ပွဲတွေကြောင့် ရွေ့ပြောင်းနေထိုင်ရမှုအကျိုး ဆက်တွေကြားထဲမှာ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုရဲ့နောက်ဆက်တွဲ ဘေး အန္တရာယ်ကျရောက်မှုအပေါ် ပြည်သူတွေ ကျော်လွှားနိုင်စွမ်းမရှိကြတော့ပါဘူး။

အရင်ကလည်း အဆင်းရဲဆုံးအာရက္ခပြည်မှာဘေးအန္တရာယ်ဖြစ်ပွားပြီးတိုင်းဘေးအန္တရာယ်ကြုံရတဲ့ လူမှုအသိုင်းအ ဝိုင်းဟာ သဘာဝဘေးမတိုင်ခင်ရှိခဲ့တဲ့ဖဖြိုးရေးလမ်းကြောင်းကို ပြန်ရောက်ရှိဖို့ နှစ်ကာလရှည်အားယူရတတ်ပါတ ယ်။

ဒါပေမယ့်လည်း ပြန်လည်ဖွံံ့ဖြိုးရေးလမ်းကြောင်းပေါ်ရောက်ရှိရေးဟာ အလှမ်းဝေးကွာနေပြီး ဆင်းရဲမွဲတေမှု သံသရာထဲမှာ ပိတ်မိနေကြကာ လူမှုစီးပွားရေးဟာလည်း ရှိရင်းစွဲထက်နိမ့်ကျသထက် နိမ့်ကျမှုတွေနဲ့ ကြုံနေကြရပါတယ်။​

ဥပမာအနေနဲ့ပြရရင် ၂၀၂၃ခုနှစ်၊မေ လ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သမျှ မုန်တိုင်းထဲမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။

အဲဒီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်တည်ဆောက်ကြဖို့ ပြည်သူလူထုအားယူနေကြရဆဲအချိန်မှာအာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်လာပါတယ်။တိုက်ပွဲတွေရဲ့သက်ရောက်မှုနဲ့ ထပ်ပေါင်းလိုက်တဲ့အခါ ပြည်သူလူထုရဲ့လူမှုစီးပွားရေးဟာ အဆိုးဝါးဆုံးကျဆင်းသွားစေပါတယ်။​

အဲဒီလိုစီးပွားရေးကျဆင်းမှုနဲ့ဘေးအန္တ ရာယ်တွေကို ဆက်တိုက်ရင်ဆိုင်လာရတဲ့ပြည်သူတွေဟာ ဘေးအန္တရာယ်ဒဏ်ကို ကျော်လွှားကြံကြံခံနိုင်မှုစွမ်းရည်တွေ ကျဆင်းနေကြပြီး ထိခိုက်ခံစားမှုတွေကို အပြင်းထန်ဆုံးကြုံတွေ့ ကြရပါတယ်။

သဘာဝဘေးအန္တရာယ်တွေကျ ရောက်မှုဟာ အာရက္ခပြည်အတွင်းမှာ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ လူမှုရေး၊စီးပွားရေးကိုပါ ပြောင်းလဲစေတာမို့ သက်ရောက်မှုရဲ့ထိခိုက်နိုင်မှုပမာဏလျော့ချနိုင်ဖို့
အလွန်အရေးကြီးပါတယ်။

အဲဒီဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးအစီအမံတွေကို တာဝန်ရှိသူတွေကအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ထားရှိဖို့လိုအပ်သလို ပြည်သူလူထုကိုအသိပညာပေးမှုတွေ၊ပူးပေါင်းပါဝင်စေတာတွေ ဆောင်ရွက်ကြဖို့လည်းလို အပ်ပါတယ်။

အာရက္ခဒေသမှာ နယ်မြေစိုးမိုးမှုနဲ့အုပ်ချုပ်ရေးယန္တရားကို တည်ထောင်နေတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ကြုံလာရမယ့် သဘာဝဘေး အန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့ အခါမှာ ထိရောက်တဲ့မူဝါဒချမှတ်နိုင်ရေးနဲ့ရေတိုရေရှည်ဖြေရှင်းဖို့ အစီအမံတွေရှိထားဖို့လိုအပ်ပါတယ်။​

အာရက္ခဒေသက သဘာဝဂေဟစနစ်တွေဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ထိခိုက်မှုကို လျော့ချတဲ့အခါမှာ အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေပြီးဘေးအန္တရာယ်တွေရဲ့ သက်ရောက်မှုကို ခံရတဲ့ ပြည်သူတွေရဲ့ ပြန်လည်ထူ ထောင်နိုင်စွမ်းကိုပါ မြှင့်တင်ပေးပါတယ်။

ဥပမာ-ဒီရေတောတွေဟာ မုန်တိုင်းဒီရေနဲ့ကမ်းပါးတိုက်စားမှုကို အကာအကွယ်ပေးပြီး ဒီရေတောတွေကနေရရှိတဲ့ ဂေဟစနစ်ဟာ ရေလုပ်ငန်းနဲ့သက်မွေးဝ မ်းကျောင်းပြုတဲ့ပြည်သူတွေကို စီးပွား ရေးအရ အထောက်အပံ့ဖြစ်စေပါတယ်။

အဲဒီအပြင် ဒီရေတောတွေဟာ ရေနေ သတ္တဝါတွေအတွက် ရေရှည်တည်တံ့တဲ့ဂေဟစနစ်ကိုပါ အထောက်အပံ့ဖြစ်စေပြီး ရေထုညစ်ညမ်းမှုကိုလည်း သန့်ရှင်းပေးပါတယ်။

ဒီရေတောတွေလိုပါပဲ သဘာဝသစ် တောကြီးတွေဟာ မိုးအဆမတန်ရွာ သွန်းရင်လည်း မိုးရေကို စုပ်ယူထားပြီးမြေဆီလွှာကို ထိန်းသိမ်းပေးကာ ရေ ကြီးရေလျှံမှု၊ကမ်းပါးပြိုမှုနဲ့မြေဆီလွှာတိုက်စားမှုတွေလို ဘေးအန္တရာယ်တွေကနေ လျော့နည်းစေပါတယ်။

သဘာဝသစ်တောကြီးတွေဟာ မြေ အောက်ရေပမာဏကို တိုးမြှင့်ပေးတာဖြစ်လို့ ခြောက်သွေ့ရာသီနဲ့ရေရှားပါးမှုတွေကို လျော့ကျစေပါတယ်။

အာရက္ခဒေသရဲ့သဘာဝပတ်ဝန်းကျင်တွေ၊ ဂေဟစနစ်ပျက်စီးမှုတွေဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ ဆက်စပ်နေတာမို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုပိုများလေ ဘေးအန္တရာယ်ကျရောက်မှုပိုပြင်းထန်လေဖြစ်ပြီး ဘေးအန္တရာယ်ရင်ဆိုင်ရတဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းဟာလည်း လျော့နည်းလာလေဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်မကျရောက်ခင်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားမှသာ သဘာဝဘေးသက်ရောက်မှုကို တုံ့ပြန်တဲ့အခါ ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။

အာရက္ခဒေသရဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါမှ ရေ တိုရေရှည်စီမံကိန်းတွေအပြင် အချက် အလက်ကောက်ယူတာတွေ၊ကြိုတင်ကာကွယ်တာတွေကို စနစ်တကျပြုလုပ်ထားမှသာ သဘာဝဘေးအန္တရာယ်ကို လျော့ကျနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာရက္ခဒေသမှာ သစ်တောပြုန်းတီးမှုတွေ၊ ဒီရေတောတွေလျော့နည်းလာမှုတွေဟာ သဘာဝဘေး အန္တရာယ်ကျရောက်မှုကို ပိုတိုးလာစေပြီး ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကျရောက်မှုတွေမှာ ကြံံ့ကြံ့ခံနိုင်စွမ်းရည်ကိုလည်း လျော့နည်းစေပါတယ်။

အာရက္ခဒေသမှာ အုပ်ချုပ်ရေးယန္တရားသစ်တည်ဆောက်နေတဲ့ အာရက္ခတပ်တော်ဟာ တိုင်းပြည်တည်ဆောက်ရေးလုပ်တဲ့အခါ သဘာဝဘေးအန္တရာယ်တွေအပေါ် တုံ့ပြန်အဖြေရှာဖို့ အစီအမံရှိမှသာ ရေရှည်တည်တံ့တဲ့လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အရင်အစိုးရအဆက်ဆက်ရဲ့ ဖွံ့ဖြိုးရေးတွေ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုတွေမှာ အားနည်းချက်တွေကို ပြင်ဆင်ပြီး ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်အဖြေရှာမှုမဟာဗျူဟာကို အာရက္ခတပ်တော်ကဘက်ပေါင်းစုံထည့်သွင်းစဉ်းစားရေး ဆွဲနိုင်မှသာ သဘာဝဘေးအန္တရာယ်မှ အာရက္ခဒေသကို ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။

ရေတိုအစီအမံကိုသာသုံးပြီး သဘာဝဘေးအန္တရာယ်ကျရောက်မှ​ ဖြေရှင်းတာထက် ဘေးအန္တရာယ်မဖြစ်ခင်ကတည်းကကြိုတင်ပြင်ဆင်မှုတွေ၊ ဘေးအန္တရာယ်ဖြစ်စေတဲ့အကြောင်းရင်းတွေ
ကိုရှာဖွေပြီး ဥပဒေပြုရေးဆွဲနိုင်မှသာ သဘာဝဘေးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကို လိုက်လျောညီထွေဖြစ်အောင် အသုံးချပြီး သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ဂေဟစနစ်ကိုမျှတအောင် တာဝန်ရှိသူတွေဦးဆောင်ပြီး ပြည်သူ လူထုနဲ့ပူးပေါင်းဆောင်ရွက်ထိန်းသိမ်းနိုင်မှသာ အာရက္ခဒေသရဲ့သဘာဝဘေး အန္တရာယ်ကျရောက်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာဖြစ်ပါတယ်။​

အာရက္ခပြည်သူတွေရင်ဆိုင်ရမယ့် အခ က်အခဲဆုံးပုစ္ဆာထဲမှာ သဘာဝဘေးအ န္တရာယ်အရေးဟာ ထိပ်ဆုံးကရှိနေတာမို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ််းရေး၊ ဂေဟစနစ်ထိန်းသိမ်းရေး၊သဘာဝဘေး အန္တရာယ်ရင်ဆိုင်ကျော်ဖြတ်ဖို့ကြိုတ င်ကာကွယ်ပြင်ဆင်မှုတွေကို အာရက္ခပြည်သူတွေ ပြုလုပ်ထားကြဖို့လိုပါတယ်။

ဒါမှသာ သဘာဝဘေးအန္တရာယ်ဇုန်ထဲ က အာရက္ခဒေသဖြတ်ကျော်ဖောက်ထွက်နိုင်မှာဖြစ်ပါတယ်။

PrevPrevious“လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာနဲ့တိုင်ကြားလို့ရနိုင်တဲ့ သီးခြားရုံးတခုကိုထားရင်လည်း ပိုသင့်တော်မယ်ထင်ပါတယ်။​”
Nextအာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှစောအောက်မေ့ဖွယ်အခမ်းအနားမဲဆောက်မှာကျင်းပNext
Previous Post

“လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာနဲ့တိုင်ကြားလို့ရနိုင်တဲ့ သီးခြားရုံးတခုကိုထားရင်လည်း ပိုသင့်တော်မယ်ထင်ပါတယ်။​”

Next Post

အာရက္ခနိုင်ငံရေးသမားကြီးဦးဦးလှစောအောက်မေ့ဖွယ်အခမ်းအနားမဲဆောက်မှာကျင်းပ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လူထုကို ဖိနှိပ်ထားချင်တဲ့ တိဂရေးနစ်တွေ

August 16, 2026
ဓာတ်ပုံ - ​Al Jazeera

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူငါးဆယ့်တဦးရှိလာ

August 16, 2026

သံတွဲမှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖနှစ်ဦးသေဆုံး

August 16, 2026

တိုက်ကြီးမှာ မြစ်ရေမြင့်တက်လို့ စာသင်ကျောင်းငါးကျောင်း ယာယီပိတ်

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page