Border News Agency
စစ်ကိုင်း၊ စက်တင်ဘာ ၈။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်ဘိုးရွာမှ ကာဘိုးရွာသို့စစ်ကော်မရှင်ရဲ့တပ်လှည့်ကင်းကို အမျိုးသားညီညွတ် ရေးအစိုးရရဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတိုက်ခိုက်လို့ ခုနှစ်ဦးသေဆုံးသွားတယ်လို့ ပကဖအသံမှ စက်တင်ဘာလ ၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ လှည့်ကင်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေဦးမြို့နယ်ပကဖ၊ တန့်ဆည်မြို့နယ်ပကဖ၊ ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကော်မရှင်ဖွဲ့ဝင်ခုနှစ်ဦးသေ ဆုံးပြီးလက်နက်ငါးလက်ရခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၁၇ ဦးပါလှည့်ကင်းကို စက်တင်ဘာလ ၈ ရက်နေ့၊ ဒီနေ့မနက် ၆ နာရီခွဲအချိန်ကပကဖအဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ကာဘိုင် ၂ လက်၊ MA-1 ၁ လက်၊G-3 ၁ လက်၊ ပြောင်းချောသေနတ် ၁ လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ပကဖအဖွဲ့တွေအနေနဲ့ ပြောက်ကျားစစ်ကိုကျယ်ကျယ်ပြန့်ပြန့်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။